လူသစ်နှင့် မိတ်သဟာယ NEW LIFE AND FELLOWSHIP

ခရစ်တော်၌လူသစ် အခန်း (၁၄)
ပြောင်းလဲပြီးသူ အချင်းချင်းမိတ်သဟာ
ယ ဖွဲ့ဖို့လိုပါတယ်။ ဘယ်သူကိုမဆို
ခင်မင်ရင်းနှီးတတ်ဖို့၊ ဖော်ဖော်ရွေရွေ
နေတတ်ဖို့ လိုအပ်ပါတယ်။ ပြောင်း
လဲပြီးသူအချင်းချင်းအနေနဲ့ အတွင်းကျကျ
ပေါင်းသင်းမိတ်သဟာယ ဖွဲ့ခြင်းရဲ့
အနှစ်သာရတွေကတော့
 –(Matt. 18:19-20)

(က) မေတ္တာ၌ လက်တွေ့ကျင်လည်ခြင်း(1Cor. 13:1-8)
ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်။ ခရစ်တော်၌ လူသစ်ဖြစ်သူတွေဟာ ဘုရားသားတွေ ဖြစ်ကြတယ်။ ညီအစ်ကို မောင်နှမရင်းချာတွေ ဖြစ်ကြတယ်။ ခရစ်ယာန်ချင်း ချစ်ရမယ်ဆိုတာကို သဘောတရားအရ သိရှိလက်ခံထားကြပေမယ့် လက်တွေ့မှာတော့ အများအားဖြင့် ချစ်ဖို့မပြောနဲ့ ခင်ဖို့ တောင် မလွယ်လှဘူး။ ရင်းရင်းနှီးနှီး သိပ်မရှိကြဘူး။
ခရစ်တော်၌ လူသစ်ဖြစ်သူတွေဟာ ဒီလိုမဖြစ်သင့်ပါ။ တစ်ယောက်နဲ့တစ်ယောက် ဘုရားမေတ္တာနဲ့ အမှန်ချစ်တဲ့အကြောင်း ပေါ်လွင်ထင်ရှားနိုင် ဖို့အတွက် မိတ်သဟာယဖွဲ့ခြင်းဟာ မရှိမဖြစ်လိုအပ်ပါတယ်။ ခရစ်တော်ကိုဗဟိုပြုပြီးအချင်းချင်း ပေါင်းဖော်နေကြခြင်းဟာဘုရားမေတ္တာ၌ လက်တွေ့ ကျင်လည်နေ ခြင်းဖြစ်ပါတယ်။

(ခ) အင်္ဂါချင်း စိတ်ဓါတ်ရှိခြင်း(၁ကော. ၁၂း၁၂-၃၁)
ခရစ်တော်၌ လူသစ်ဖြစ်သူတွေဟာ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်မှာရှိတဲ့ ကိုယ်အဂီါအစိတ်အပိုင်းတွေ ဖြစ်ကြပါတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ် မှုရှိတယ်။ သက်ဆိုင်မှုရှိတယ်။ တစ်ခုနဲ့တစ်ခု ဆောင်ရွက်ရတဲ့ အငန်းအတာတွေမတူကြပေမယ့် အားလုံးဟာ ဦးခေါင်းရဲ့ထိန်းချုပ်ပဲ့ပြင်မှု အောက်မှာ ညီညွတ်မှုရှိနေရမှာဖြစ်တယ်။ တစ်ယောက်တစ်ခြားစီ ဖြစ်မနေသင့်ဘူး။ တစ်ယောက်ရဲ့ လုပ်ငန်းဟာ အခြားတစ်ယောက်ရဲ့ လုပ်ငန်းကို တိုက်ခိုက် ဆန့်ကျင်တဲ့ သဘောလည်း မသက်ရောက်စေရဘူး။

သူ့လုပ်ငန်း ကိုယ့်လုပ်ငန်းဆိုတာထက် တစ်ပါးတည်းသော သခင်ရဲ့လုပ်ငန်းတော်ကို ဝိုင်းဝန်းပြီး မိမိကျရာကဏ္ဍကနေ အသီးသီးလုပ်ဆောင် ပါဝင်နေကြတယ်ဆိုတာကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။ ဒီလိုလက်တွေ့ နားလည်သဘောပေါက်နိုင်ဖို့အတွက် အချင်းချင်း မိတ်သဟာယရှိဖို့ အထူး အရေးကြီးပါတယ်။ အချင်းချင်း အတွင်းကျကျ မိတ်သဟာယဖွဲ့ခြင်းဟာ အင်္ဂါချင်းစိတ်ဓါတ်ရှိခြင်းကို သရုပ်ဖော်ပါတယ်။

(ဂ) ဝေမျှခံစားခြင်း(တမန်- ၂း၄၄-၄၇)
အင်္ဂါချင်း ဖြစ်တာကြောင့် တစ်ဦးနစ်နာရင် အားလုံးနစ်နာတယ်။ တစ်ဦးကောင်းစားရင် အားလုံးကောင်းစားတယ်ဆိုတဲ့သက်ဆိုင်မှုရှိနေပါတယ်။ဒါကြောင့်ခရစ်တော်၌အသက်တာအသစ်ဖြစ်ပြီးသူတွေဟာ ကောင်းတိုင်ပင်၊ ဆိုးတိုင်ပင် ဖြစ်ရပါတယ်။

ဒုက္ခဆင်းရဲနဲ့ ကြုံရင်လည်း အချင်းချင်းဒုက္ခဆင်းရဲပြသနာကို ဝေမျှခံစားမယ်။ ကောင်းကျိုးချမ်းသာကို ခံစားရရင်လည်း အချင်းချင်း ဝေမျှခံစား မယ်ဆိုတဲ့ သဘောရှိရပါတယ်။ ကိုယ့်ရဲ့ဒုက္ခ၊ သုခဟာ သူနဲ့ဆိုင်တယ်။ သူ့ရဲ့ဒုက္ခ၊ သုခဟာလည်း ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ သဘောပါ။ ဒါကြောင့် အချင်းချင်း မိတ်သဟာယ ဖွဲ့နေခြင်းဟာ အချင်းချင်းဝေမျှ ခံစားနေခြင်းဖြစ်ပါတယ်။

(ဃ) ပူးပေါင်းလုပ်ဆောင်ခြင်း(တမန်- ၂း၄၁-၄၂)
လူဟောင်းဆိုတာ မြေကြီးသားပါ။ လောကမှာ ပေါက်ဖွားကြီးပြင်းလာပြီး လောကမှာပဲ ကျင်လည်နေတဲ့ လောကီသား သက်သက်ပါ။ လူသစ် ကတော့ မြေကြီးသားမဟုတ်ဘဲ ကောင်းကင်သားဖြစ်ပါတယ်။ လောကမှာ ခေတ္တလာရောက်နေထိုင်ပြီး စေလွှတ်လိုက်တဲ့ ဘုရားရဲ့အလိုတော်ကို ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် ကောင်းကင်ကနေ တစ်ပါးတည်းသော အရှင်သခင်က စေလွှတ်လိုက်တဲ့ သူအချင်းချင်းဟာ တစ်ခုတည်းသော လုပ်ငန်းတော်ကို ပူးပေါင်းဆောင်ရွက်ရွက်ဖို့ ဖြစ်တယ်ဆိုတာ သဘောပေါက်ဖို့ ဖြစ်ပါတယ်။

လောကီအမြင်၊လောကီစိတ် ဓါတ်တွေပေါ်မှာ အခြေပြုပြီးလုပ်ဆောင်ကြတဲ့ အခါအ ကွဲကွဲအပြားပြားတွေဖြစ်ရုံမက မတော်ရင် အချင်းချင်းပြန်ပြီး တိုက်ခိုက်မိတာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းကင်အမြင်၊ ကောင်းကင်စိတ်ထားနဲ့ အချင်းချင်း ရှုမြင်သုံးသပ်ပြီး မိတ်သဟာယ ဖွဲ့နေကြဖို့ လိုပါတယ်။ စစ်မှန်တဲ့မိတ်သဟာယကနေ စစ်မှန်တဲ့ ပူးပေါင်းလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ခရစ်တော်အကြောင်း သက်သေခံခြင်းတို့ကို လက်တွေ့ပြုလုပ် ရမှာ ဖြစ်ပါတယ်။

(င) ဂရုစိုက် စစ်ဆေးခြင်း(ဟေဗြဲ.၁၀း၂၄-၂၅)
မိတ်သဟာယရဲ့ အနှစ်သာရဟာ တစ်ဦးနှစ်တစ်ဦး သေသေချာချာ ဂရုစိုက်ခြင်း၊ အာရုံစိုက်ခြင်းနဲ့ အချင်းချင်း စစ်ဆေးပေးခြင်းဖြစ်တယ်။ သူ့ရဲ့လက်တွေ့အသက်ရှင်ခြင်းဟာ ဘုရားအလိုတော်နဲ့ ကိုက်ညီးမှုရှိမရှိ နှုတ်ကပတ်တော်ခံယူခြင်းနဲ့ ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်မှုရှိမရှိစတဲ့ ဝိညာဉ်ရေးရား ကဏ္ဍတွေရော၊ လူမှုရေးကဏ္ဍတွေကိုပါ အချင်းချင်း ဂရိုက်ပြီး စစ်ဆေးရမှာ ဖြစ်ပါတယ်။

Save

Be the first to comment

Leave a Reply

Your email address will not be published.


*