ကမ္ဘာကိုမီးရှို့၍သန့်စင်ခြင်း – အခန်း (၂၅)
(RENOVATION OF THE EARTH)
စာတန်နှင့်သူ၏စေတမန်များကိုဖျက်ဆီးပြီးနောက် တမန်တော်ရှင်ယောဟန်သည်ချက်ချင်းဤသို့မိန့်
ဆိုထားလေသည်။
“တဖန်တုံ၊ ဖြူသောပလ္လင်ပေါ်မှာထိုင်တော်မူသောသူကို၎င်း၊ငါမြင်၏။ ကောင်းကင်နှင့် မြေကြီးသည် မျက်နှာတော်ရှေ့မှာပြေးလွှင့်၍ သူတို့နေစရာအရပ်မရှိ”ဟုမိန့်ဆိုထားသည်။ (ဗျာ ၂၀း၁၁) ၎င်းအပြင်
ရှင်ယောဟန်သည် ပလ္လင်တော်မှ တရားစီရင်ခြင်းကိုတွေ့မြင်ပြီးနောက် “ကောင်းကင်သစ်နှင့်မြေကြီး
သစ်ကိုလည်းငါမြင်၏။ အဘယ်သို့နည်းဟူမူကား၊ ရှေးကောင်းကင်နှင့် မြေကြီးတို့သည်ရွှေ့သွားကြပြီ။ ထိုအခါမှ သမုဒ္ဒရာမရှိ”ဟူ၍မိန့်ဆိုထားပြန်သည်။ (ဗျာ ၂၁း၁) ဤကျမ်းချက်များကိုကြည့်သော် ဤ
ကဲ့သို့သောပြောင်းလဲမှုကြီးကို ကျွန်ုပ်တို့အမှုမဲ့အမှတ်မဲ့မနေသင့်ပေ။ သို့သော်လည်းရှင်ယောဟန်သည်
ဤကမ္ဘာမြေကြီးအဘယ်ကဲ့သို့ပြောင်းလဲသွားမည်ကိုအသေးစိတ်ဖေါ်ပြခြင်းမရှိချေ။ သို့သော်လည်းတမန်တော်
ရှင်ပေတရုကို ဖေါ်ပြခဲ့လေသည်။
“ယခုရှိသောမိုဃ်းကောင်းကင်နှင့်မြေကြီးမူကား၊ တရားဆုံးဖြတ်၍ အဓမ္မလူတို့ကို ဖျက်ဆီးသောနေ့
ရက်တိုင်အောင်၊ ထိုနှုတ်ကပါတ်တော်အားဖြင့် သိုထားလျက်ရှိပြီး၊ မီးရှို့ခြင်းအဘို့အလို့ငှါ နေရစ်သတည်း….
ဖြောင့်မတ်ခြင်းတရားတည်နေရာမိုဃ်းကောင်းကင်သစ်နှင့်မြေကြီးသစ်ကိုငါတို့သည် ဂတိတော်နှင့်အညီမျှော်
လင့်ကြ၏”ဟုဆိုလေသည်။ (၂ပေ ၃း၁၃)
ဖြောင့်မတ်ခြင်းတည်နေရာမိုးကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ပရောဖက်ဟေရှာယကြိုတင်ဟော
ထားသည့်မိုးကောင်းကင်သစ်ကိုဆိုလိုခြင်းဖြစ်သည်။ ဖြောင့်မတ်သောသူများသည် ထိုကောင်းကင်သစ်နှင့်မြေ
ကြီးထဲတွင် နေရလိမ့်မည်။ (ဟေ ၆၅း၁၇၊ ၆၆း၂၂) ၎င်းအပြင်ရှင်ပေတရုက ဆက်လက်၍ –
“သူခိုးသည်ညဥ့်အခါလာသကဲ့သို့၊ ထာဝရဘုရား၏နေ့ရက်(ဖြူသောပလ္လင်ပေါ်၌တရားစီရင်ခြင်း) သည်
လာလိမ့်မည်။ ထိုနေ့ရက်၌ မိုဃ်းကောင်းကင်သည်ကြီးသောအသံနှင့် တကွ ပျောက်သွားလိမ့်မည်။ မြေကြီး ကိုယ်မှစ၍ မြေကြီးပေါ်မှာပြုလုပ်သမျှအရာတို့သည် ကျွမ်းလောင်လိမ့်မည်။ ……………….
အရည်ကျိုခြင်းခံရသောနေ့ရက်ရောက်လိမ့်မည်ဟုမြော်လင့်လျက် ……… သန့်ရှင်းစွာကျင့်သုံးခြင်း၊ ဘုရားဝတ်ပြုခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့် ငါတို့သည် ဂတိတော်အနှင့်အညီ ကောင်းကင်
သစ်နှင့်မြေကြီးသစ်ကိုမျှော်လင့်ကြ၏” ဟုဆိုထားလေသည်။ (၂ပေ ၃း၁၂-၁၃) အဓမ္မလူတို့ကိုဖျက်
ဆီးသောနေ့ရက်ဆိုသည်မှာ ဖြူစင်သော တရားပလ္လင်၌ ဆိုးသောလူများကို နောက်ဆုံးတရားစီရင်ခြင်း
ကိုဆိုလိုပေသည်။
အထက်ပါကျမ်းချက်များကို အပေါ်ယံအားဖြင့်ဖတ်ရှုသော် ကောင်းကင်နှင့်မြေကြီးအားလုံးကို ဖျက်ဆီး
ခြင်းခံပြီး ပျောက်ကွယ်သွားမည်ဟုယုံကြည်ရပါသည်။ သို့သော်သေချာစွာလေ့လာကြည့်သော် ထိုကဲ့
သို့မဖြစ်နိုင်ချေ။ ဤကမ္ဘာမြေကြီးနှင့် အာကာသတခွင်အားလုံးသည် မီးရှို့ခြင်းအားဖြင့် သန့်စင်ခြင်းခံရ
လိမ့်မည်။ ပုံသဏ္ဍာန်လည်းလုံးဝပြောင်းလဲသွားလိမ့်မည်။ ကမ္ဘာပေါ်ရှိသောအ၇ာခပ်သိမ်းအဆိပ်အ
တောက်၊ ဆူးပင်၊ ပိုးမွှား၊ သတ္တ၀ါအားလုံးသက်ရှိသက်မဲ့တို့သည် ဖျက်ဆီးခြင်းခ့ရ၍ အထက်အာကာသတခွင်
သည်လည်း ရှင်းလင်းသန့်စင်သွားပြီး၊ မကောင်းမှုတစ်စုံတစ်ခုမျှမရှိဘဲ ကင်းရှင်းသွားလိမ့်မည်။
တမန်တော်ရှင်ပေတရုမိန့်မှာထားချက်သည်လည်း ဤအရာ၌အလွန်ရှင်းလင်းလှပေသည်။ အခန်း ငယ်
၅ နှင့် ၆ တွင် –
“ရှေးကာလ၌ မိုဃ်းကောင်းကင်ကို၎င်း၊ ရေထဲက ထွက်၍ရေဖြင့်တည်သောမြေကြီးကို၎င်း၊ ဘုရား
သခင်၏နှုတ်ကပတ်တော်သည် ဖြစ်စေတော်မူကြောင်းနှင့်၊ ဖြစ်ဘူးသောလောကဓါတ်ကို ထိုသို့အားဖြင့် ရေနှင့် လွှမ်းမြှုပ်၍ ဖျက်ဆီးကြောင်းကို ထိုသူတို့သည် မှတ်မိချင်သောစိတ်မရှိကြ” ဟုဖေါ်ပြထားလေသည်။
တမန်တော်ရှင်ပေတရုက ဤနေရာ၌ဖေါ်ပြသည့်မြေကြီးသည် ရေမလွှမ်းမိုးခင်ရှိသောကမ္ဘာမြေကြီးကို မဆိုလိုဘဲ၊ ကမ္ဘာဦးကျမ်း ၁း၁၌ ဖော်ပြထားသောမြေကြီးကိုသာဆိုလိုခြင်းဖြစ်သည်။ ၎င်းမြေကြီးသည် ရေလွှမ်း
မိုးခြင်းဖြင့် လွတ်လပ်လဟာပုံသဏ္ဍာန်မဲ့ဖြစ်သွားခဲ့လေသည်။ (က ၁း၂) (အပိုင်း (၁) ရှိသမ္မာတရားကို မှန်ကန်
စွာပိုင်းခြားခြင်း၏ပုံကားချပ်၌လေ့လာရန်။)
ရှင်ပေတရုသည် ကမ္ဘာမြေကြီးကိုကာလသုံးပိုင်းခွဲခြားထားသည်။ ဖန်ဆင်းခြင်းမတိုင်မှီကမ္ဘာသည်လွတ်
လပ်လဟာပုံသဏ္ဍာန်မဲ့မြေကြီး(သို့) မူလကမ္ဘာဖြစ်ပြီး ၎င်းကိုတမန်တော်က ရှေးကာလမိုဃ်းကောင်းကင်နှင့်မြေ
ကြီးဟူ၍၎င်း၊ ၎င်းနောက်ယခုရှိသောကောင်းကင်နှင့်မြေကြီး၊ ယင်းသည် ဖန်ဆင်းချိန်မှစ၍ ပုံသဏ္ဍာန်ပြောင်းလဲ
ခြင်းမရှိသေးသောကမ္ဘာ၊ ၎င်းအပြင်နောက်ဆုံးသောကာလအဖြစ် အနာဂတ်ကာလတွင် ပေါ်ပေါက်လာမည့်
ကောင်းကင်သစ်နှင့် မြေကြီးသစ်ဟူ၍ သုံးပိုင်းပိုင်းခြားထားလေသည်။ (၂ပေ ၃း၅-၇၊ ၁၃)
မူလကမ္ဘာ၏ကိုယ်ထည်(Frame work)ကိုရေအားဖြင့်ဆေးကြောသန့်စင်သည့်အခါမဖျက်စီးလိုက်သကဲ့
သို့ ယခုရှိသောကမ္ဘာမြေကြီးကိုမီးအားဖြင့်ရှို့၍သန့်စင်သောအခါ မြေကြီးအကောင်အထည်သည် ပျက်စီးသွား
လိမ့်မည်မဟုတ်ချေ။ တမန်တော်အသုံးပြုသည့် ဂရိစကားဖြစ်သော ကော့စမော့စ်(Cosmos) သည်ကမ္ဘာမျက်
နှင်ပြင်ပေါ်ရှိ ခပ်သိမ်းသောအရာဝတ္ထုအားလုံးကိုဆိုလို၍ ဂြိုလ်တစ်ခုလုံးကိုလည်း ဆိုလိုသည်။ ပူအားကြီး၍
အပြင်ပန်းသဏ္ဍာန်အာလုံးလောင်ကျွန်းပြီး အရည်ကျိုခြင်းခံရ၍ ပုံသဏ္ဍာန်ပြောင်းလဲကာ မြေကြီးပေါ်ရှိလူလက်
ရာအားလုံးပျက်စီးသွားလိမ့်မည်။ ကမ္ဘာ့လေထု၌လည်း ပူအားကြီး၍ ပေါက်ကွဲသံများမြည်ဟီးသွားလိမ့်မည်။ တမန်တော်က ကောင်းကင်သည် ကြီးစွာသော်အသံနှင့် တကွပျောက်ကွယ်သွားလိမ့်မည်ဟု မိန့်မှာသကဲ့သို့
ထိုနေ့ရက်ရောက်လျှင် မြေကြီးပေါ်ရှိသက်ရှိသက်မဲ့အရာအားလုံးသည် ကြီးမားသော လေထု၏ပေါက်ကွဲသံနှင့်
အတူပျောက်လွင့်သွားရလိမ့်မည်။ ကမ္ဘာမြေမျက်နှာပြင်မှဖယ်ရှားခြင်းခံရလိမ့်မည်။
သည်လုံးဝကင်းစင်အောင်အမြစ်မှဖျက်င်္ဆီးသည်ဟုမဆိုလိုပေ။ တနည်းအားဖြင့် အခြေအနေတစ်ခုမှ တခြားအ
ခြေအနေတစ်ခုထဲသို့ ပြောင်းလဲပစ်ခြင်းဖြစ်သည်ဟု ဆိုသည်။ ရှင်ပေါလုက တိတု ၃း၅၌ တဖန်အသုံးပြုထား
လေသည်။ သခင်ယေရှုကမြေကြီးသစ်ထဲ၌ အသစ်ပြုပြင်သောကာလတွင် ဣသရေလတစ်ဆယ့်နှစ်နိုင်ငံအပေါ်
မှာစီရင်ရသော အခွင့်ကိုပေးမည်ဟု ဆိုထားခဲ့သည်။ အသစ်ပြုပြင်သောလူကို လုံးဝဖျက်ဆီးပြီးမှပြုပြင်၍ရသည်
ဟု ဘယ်သူမျှ မထင်မြင်ပါ။ အသစ်ပြုပြင်ခြင်းအဆင့်ဆင့်သည် ၀ိညာဉ်ရေး၌ လူသားများအပြစ်ထဲသို့မကျဆင်း
မှီ အခြေအနေသို့ပြန်လည်တဖန်ရောက်ရှိသွားခြင်းဖြစ်သည်။ တမန် ၃း၂၁၌ရှိသော “Restitution” ဆိုသည်မှာ
လည်းထိုအဓိပ္ပါယ်ပင်ဖြစ်သည်။ ၂ပေ ၃း၁၁၌အသုံးပြုသော “Dissolving” ဟူသည့်စကားလုံးကိုပင်ယေရှုခရစ်
တော်က“ဖြေလွတ်၍သွားခြင်း”ဟူသည့်အချည်အနှောင်မှလွတ်မြောက်ခွင့်ပေးသည့် နေရာ၌အသုံးပြုထားသည်။
သမ္မာကျမ်း၏သွန်သင်ချက်များကို လေ့လာလျှင်ဖန်ဆင်းခြင်းဆိုသည်မှာ အချည်အနှောင်မှလွတ်မြောက်ခြင်းငှါ
စောင့်မျှော်နေခြင်းကိုဆိုလိုသည်။ ချည်နှောင်ခြင်းဆိုသည်မှာအပြစ်၏ချည်နှောင်မှုကိုဆိုလိုသည်။ (ရော ၈း ၁၉ – ၂၃)
မိုးကောင်းကင်သည်စာလိပ်ကဲ့သို့လွင့်သွား၏ဟူ၍၎င်း၊ မြေကြီင်္းသည်ရှေ့တော်မှပြေးလွင့်သွား၏ဟူ၍
၎င်းတမန်တော်ရှင်ယောဟန်မိန့်မှာထားလေသည်။ (ဗျာ ၆း၁၃၊ ၂၀း၁၁) အရာခပ်သိမ်းပျောက်လွင့်သွားရသည်
ဟုထင်ရသော်လည်း ထိုကဲ့သို့မဖြစ်နိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် ဗျာ ၂၁း၂၊ ၂၄၌ “ယေရုရှလင်မြို့သစ်
သည် ဘုရားသခင်ထံတော်မှ ဆင်းသက်လာသည်။ လူအမျိုးမျိုးတို့သည် ထိုမြို့၏အလင်းကို အမှီပြု၍သွားလာ
ကြလိမ့်မည်။ လောကီရှင်ဘုရင်တို့သည်လည်း မိမိဘုန်းအသရေကိုထိုမြို့ထဲသို့ယူဆောင်ခဲ့ကြလိမ့်မည်”ဟူ၍
အဖြစ်အပျက်ပြီးနောက်မှာ မိန့်မှာထားသောကြောင့်ဖြစ်သည်။
သန့်ရှင်းသောဝိညာဉ်တော်ဘုရားအားဖြင့် ရှောလမုန်ကိုလည်း –
“လူတဆက်လွန်သွား၏။ တစ်ဆက်ပေါ်လာ၏။ မြေကြီးမူကားအစဉ်အမြဲတည်၏”ဟုရေးသားခိုင်းလေ
သည်။ (ဒေသ ၁း၎) ထာဝရဘုရားသခင်၏ဂတိဖြစ်သော စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် ပြည်တော်၌
အမွေခံရလိမ့်မည်”ဟူ၍၎င်း (မ ၅း၅)၊ “လူအပေါင်းတို့သည် ဖြောင့်မတ်၍ ပြည်တော်၌အစဉ်အမွေခံရမည်”ဟူ၍
၎င်း၊ (ဟေ ၆၀း၂၁၊ ၆၆း၂၂)၊ ဘုရားသခင်၏သားသမီးများသည် ထိုပြည်တော်ထဲ၌ အစဉ်အမြဲနေရလိမ့်မည်။
ကောင်းကင်နှင့်မြေကြီးသည်ထာဝရဘုရားတည်ရှိလိမ့်မည်ဟူ၍ ရေးသားထားလေသည်။ ဤလက်ရှိကမ္ဘာမြေ
ကြီးသည် ဂြိုလ်တစ်လုံးကဲ့သို့ တည်ရှိပြီး လုံးဝပျက်ဆီးသွားလိမ့်မည်မဟုတ်။ သို့သော်မီးရှို့ခြင်းအားဖြင့် အရည်
ကျိုကာ သန့်စင်မှုပြုလုပ်သောအခါ အရာခပ်သိမ်းမီးလောင်ကျွမ်းပြီး မြေကြီးအစိုင်အခဲသည် အရည်ပျော်၍ ပုံ
သဏ္ဍာန်ပြောင်းလဲပြီး အသစ်တဖန်ဖြစ်ပေါ်လာလိမ့်မည်။ လုံးဝဖျက်ဆီးပြီး ပျောက်လွင့်သွားမည်မဟုတ်ချေ။
ဘုရားသခင်၏သားတော်ယေရှုကို ဤလောကသို့စေလွတ်ပြီး ကရာနီတောင်ကုန်းပေါ်၌ လုသားများ
၏အပြစ်ကြွေးကိုဆပ်ပေးရင်းအသေခံခြင်းဖြင့် ယဇ်ကောင်ကဲ့သို့ပူဇော်ပေးခဲ့လေသည်။ ဤအရာကိုထောက်ရှု
ခြင်းအားဖြင့် ဘုရားသခင်သည် ဤကမ္ဘာလောကအား ကောင်းသောရည်ရွယ်ချက်ထားခဲ့ကြောင်းသိသာထင်
ရှားလှပေသည်။
ကောင်းကင်သစ်နှင့် မြေကြီးသစ်
ကမ္ဘာမြေကြီးကို မီးဖြင့်ရှို့ပြီး အရည်ကျိုသန့်စင်ပြီးနောက်မှစ၍ ထာဝရအချိန်ကာလစတင်လိမ့်မည်။
ဓမ္မသစ်ကျမ်းတွင် ပြည့်ဝစုံလင်သောနိုင်ငံတော်တစ်ခုရှိကြောင်းသိရသည်။ ထိုနိုင်ငံတော်သည် သားတော်ဘုရား
လက်မှ နိုင်ငံတော်အား ဖခမည်းတော်လက်တော်သို့ အပ်နှံပြီးလျှင် ဖခမည်းတော်သည် ခပ်သိမ်းသောအရာတို့
ကို အုပ်စိုးတော်မူ၍ သားတော်သည်လည်း သူ၏အုပ်စိုးတော်မူခြင်းကို ကိုယ်တိုင်ဝန်ခံလိမ့်မည်။
ထိုနိုင်ငံတော်ထဲတွင် –
“ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီးအောက်ရှိသောသတ္တ၀ါတည်းဟူသော ခပ်သိမ်း
သောသတ္တ၀ါတို့သည် ယေရှု၏ဘွဲ့နာမကို ဒူးထောက်၍၊ ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်
ဟုနှုတ်ခြင့်ဝန်ခံသဖြင့် ခမည်းတော်ဘုရား၏ဘုန်းအသရေသည် ထင်ရှားစေမည်”ဟု ရေးသားထား
သည်။ (ဖိ ၂း၉ဒ၁၁)
ဤကဲ့သို့ ဖြစ်ပျက်ခြင်းသည် အနှစ်တစ်ထောင်ကာလ၌ မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် အနှစ်
တစ်ထောင်ကာလကုန်ခါနီးတွင် ဘုရားကိုတော်လှန်ပုန်ကန်သောသှူရှိနေသေးသည်။ အနှစ်တစ်ထောင်ကာလ
ကုန်သောအခါ နိုင်ငံတော်ကို ဖခမည်းတော်ဘုရားလက်သို့အပ်နှံလိုက်သဖြင့် နိုင်ငံတော်သည် လုံးဝပြည့်ဝစုံ
လင်လာကာ ပြီးပြည့်စုံသွားလိမ့်မည်။ ဤနိုင်ငံတော်နှစ်ခုကြား အချိန်တွင် ကမ္ဘာမြေကြီးကို မီးအားဖြင့် ရှို့၍သန့်
စင်စေပြီး အသစ်ဖြစ်ပေါ်စေမည်။ ၎င်းကို မြေကြီးသစ်ဟုခေါ်သည်။
ဖန်ဆင်းချိန်ကာလသည် ခြောက်ရက်ရှိသည့်ရှုထောင့်မှကြည့်လျှင် သတ္တမမြောက်သည့်နေ့ရက်တစ်နေ့
သည် အနှစ်တစ်ထောင်ခေတ်ကိုပုံဆောင်ထားကြောင်းနားလည်ရသည်။ ရှစ်ရက်မြောက်သောနေ့ (တစ်ပတ်၏
ပထမနေ့ရက်)သည်မည်သည့်အရာကိုပုံဆောင်သနည်း။ (၀တ် ၂၃း၃၆) ကမ္ဘာဦးကျမ်း၌ ထိုသတ္တမနေ့ရက်
သည်ဟောင်းနွမ်းသောအရာအား အသစ်ပြုပြင်ဖန်ဆင်းခြင်းအမှုကို ရည်ညွန်းပြီး မဌမနေ့ရက်(တစ်ပတ်၏
ပထမနေ့ရက်)သည် အသစ်ဖန်ဆင်းခြင်းအမှုကို ရည်ညွန်းပါသည်။ ရှစ်ရက်နေ့သည် ပြည့်ဝစုံလင်သောနိုင်ငံ
တော်ဖြစ်သည်။
ထိုအဌမနေ့ရက်သည်အနှစ်တစ်ထောင်ကိုမရည်ညွန်းပေ။ ထာဝရကိုလည်းမဆိုလိုချေ။ ၎င်းသည်အ
ချိန်ကာလကိုအပိုင်းကြီးတစ်ခုအနေနှင့်မှတ်ယူပြီး ကမ္ဘာမြေကြီးအားသန့်စင်ပြီးနောက် အချိန်ကာလကြီးတစ်ကာ
လရှိကြောင်းသိရှိနားလည်ရပေသည်။ သူက“ကာလအချိန်ပြည့်စုံခြင်း” ဆိုသည်မှာ ထိုကာလကိုဆိုလိုခြင်းဖြစ်
သည်။ (ဧ ၁း၁၀) ၎င်းသည်မည်သို့အဓိပ္ပါယ်ရှိသနည်း။ ရှေ့၌ကျော်လွန်ခဲ့သောအချိန်ကာလတို့သည် ဤကဲ့သို့
စုံလင်ခြင်းမရှိချေ။ ဘုရားသခင်သည် လူများအပြစ်ပြုသောကြောင့် နေ့ရက်အချိန်ကာလကိုတိုတောင်းစေပြီး
ပြည့်ဝစုံလင်ခြင်းသောအချိန်ကာလတစ်ခုကို သီးသန့်ပြင်ဆင်ထားပေသည်။
ဤအချိန်ကာလသည် မည်မျှကြာညောင်းလိမ့်မည်ကို ဘုရားသခင်၏အလင်းတော်အားဖြင့်သိသာ
သည်။ သို့သော်လည်း ထာဝရဆိုသည့် အချိန်ကာလသည် အဓိကအားဖြင့် ဂျုးလူမျိုးများအတွက်ဖြစ်သည်ကို
နားလည်ရသည်။
ထိုအခါ ထာဝရဘုရားကလည်း –
“ငါဖန်ဆင်းတော်မူသော ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့၌တည်သကဲ့သို့သင်တို့၏အမျိုး
အနွယ်နှင့်သင်တို့၏နာမသည်လည်း တည်ရလိမ့်မည်”ဟုမိန့်မှာထားသည်။ (ဟေ ၆၆း၂၂)
၎င်းအပြင် ဣသရေလလူမျိုးအား ထာဝရဘုရားသခင်သည် အမျိုးအနွယ်အထောင်အသောင်းအထိ
ပဋိညာဉ်ဖွဲ့မည်ဟုလည်းမိန့်မှာထားသည်။ (တရား ၇း၉) ဤအချိန်ကာလသည် အနည်းဆုံးနှစ်ပေါင်း(၃၃၀၀၀)
အောက်မလျှော့ချေ။ ဤအချိန်ကာလကို မည်သို့ပင်ဖြစ်စေ သိနားလည်ဘို့လိုအပ်ပေသည်။
ပြည့်စုံသောခေတ်ကာလ
မတရားသောသူများအားလုံးကိုထ၀ရဘုရားမီးအိုင်ထဲသို့ပစ်ချပြီးနောက် ကောင်းကင်သစ်နှင့်မြေကြီး
သစ်ဖြစ်ပေါ်လာကာ ၎င်းထဲတွင် မကောင်းသောအရာအဆိပ်အတောက်တစ်စုံတစ်ခုမျှမရှိတော့ချေ။ ဒုက္ခဆင်း
ရဲခြင်းနှင့်ဘေးဥပဒ်ဖြစ်စေမည့် အရာအားလုံး လုံးဝမရှိတော့ချေ။ ကိုယ်ခန္ဓာသည်ကောင်းမြတ်သောခန္ဓာကိုယ်
ဖြစ်လာသည်။ အသက်ပင်မှ အသီးနှင့်အရွက်များစားနေရသောကြောင့်သေခြင်း၊ နာခြင်းနှင့် အိုခြင်းမရှိတော့
ချေ။ သေခြင်း၊ နာခြင်း၊ နှင့် အိုခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းနားမလည်တော့ချေ။ ထိုအခါ ကောင်း
ကင်၌ လေမုန်တိုင်းမတိုက်၊ မိုးမရွာ၊ မိုးသီးမကျ၊ မိုးချုန်းခြင်းမရှိ၊ နှင်းကျခြင်း၊ ရေလွှမ်းမိုးခြင်း၊ မိုးခေါင်ခြင်း
ပိုးမွှားကျရောက်၍ ကပ်ဘေးဆိုက်ခြင်းလုံးဝမရှိတော့ချေ။ မြေကြီးထဲမှ ရေပေါ်သို့တက်လာ၍မြေကိုစွတ်ဆို
စေရုံမျှသာရှိမည်။ ပင်လယ်နှင့်သမုဒ္ဒရာမရှိတော့ချေ။ အသက်စမ်းရေ၊ မြစ်ချောင်းသာစီးဆင်းလိမ့်မည်။ မြေ
ကြီးသည် ဧဒင်ဥယျာဉ်ခေတ်ကာလသို့တဖန်ရောက်ရှိသွားလိမ့်မည်။ မြေပေါ်၌ ဆူးပင်နှင့် ဆူးညောင့်မရှိတော့
ချေ။ တော၌လည်းလူကိုဘေးဥပဒ်ဖြစ်စေမည့် တောရိုင်းတိရိစ္ဆာန်လုံးဝမရှိတော့ချေ။ မြေပေါ်၌ သင်္ချိုင်းနေရာ
နှင့် အခေါင်းလုပ်သည့်သစ်သားတစ်စမှရှာမတွေ့နိုင်တော့ချေ။ စိတ်နှလုံးနူးညံ့သိမ်မွေ့သောသူတို့သည် ဤ
ကဲ့သို့သောပြည်တော်၌၀င်စားရလိမ့်မည်။ အရပ်လေးမျက်နှာစလုံး၌ ပန်းများဝေဆာနေသောကြောင့် ဧကန်
အမှန်သာယာချမ်းမြေ့သောရွှေပြည်တော်သာဖြစ်ပေသည်။
ကောင်းကင်နှင့်မြေကြီးသာအသစ်ဖြစ်ပေါ်လာသည်မဟုတ်။ မြို့များမှာလည်း အသစ်တဖန်ထွန်းကား
လာလိမ့်မည်။ အလွန်လှပသောမြို့များဖြစ်ပေသည်။ ဤအရာသည် ခရစ်တော်ကသူ့သတို့သမီးအတွက်ပြင်ဆင်
ထားသော မြို့သစ်ဖြစ်သည်။ (ယော ၁၄း၂-၄) ဘုရားသခင်၏ဖန်ဆင်းခြင်းတန်ခိုးအားဖြင့် ဖြစ်ပေါ်လာသော
လက်ရာများဖြစ်ပေသည်။ ဤမြို့တော်ကြီးသည် ကောင်းကင်ဘုံဘုရားသခင်ထံမှ မြေကြီးသစ်ပေါ်သို့ဆင်း
သက်လာမည်ဖြစ်သည်။ မြေကြီးသည်ယခင်ကပင် လုံးဝသန့်စင်ရှင်းလင်းပြီးသားဖြစ်လိမ့်မည်။ ပင်လယ်သမုဒ္ဒ
ရာ ကိုလည်းအရည်ကျိုလိုက်ပြီးသားဖြစ်သည်။ မြို့သစ်သည်လေးဘက်လေးထောင့် ရှိပြီးတစ်ဘက်လျှင်မိုင်
ပေါင်း(၁၅၀၀)ရှည်လျားလိမ့်မည်။ အမေရိကန်ပြည်ထောင်စုရှိမိန်း(Maine) မှ ဖလော်ရီဒါ(Florida) အထိ
ကျယ်လိမ့်မည်။ တနည်းအားဖြင့် အမေရိကန်ပြည်ထောင်စု၏တစ်ဝက်မကကျယ်ဝန်းလိမ့်မည်။
ဤယေရုရှလင်မြို့သစ်သည် အလျား၊ အနံ၊ အမြင့်တူညီလေသည်။ သို့သော်ယင်းကဲ့သို့ တထေရာ
တည်းဖြစ်မည်ဟု မဆိုလိုနိုင်ချေ။ မြို့ရိုးတံတိုင်းသည် အထူ(၁၄၄)တောင်မျှထူသည်ဟုဆိုသဖြင့် ၎င်းအထူဖြင့်
အမြင့်(၁၅၀၀)မိုင်အထိမစီနိုင်ချေ။ ထို့ကြောင့် အတောင်(၁၄၄)တောင်သည် အမြင့်ကိုဆိုလိုခြင်းဖြစ်သည်။
(ဗျာ ၂၁း၁၇) မြို့တံခါးပေါက်သည် တဘက်၌သုံးပေါက်ဖွင့် ပတ္တမြားတစ်မျိုးစီဖြင့် ပြီးစေသည်။ မြို့၏အောက်
ခြေအုတ်ခုံသည် အဖိုးတန်သောရတနာဖြင့်တည်ဆောက်ထားပေသည်။ တံခါးပေါက်တစ်ပေါက်စီ၏နာမည်မှာ
ဣသရေလ(၁၂)မျိုးနာမည်ကို ကဗျည်းထိုးထားပြီး မြို့၏အောက်ခြေမှာ တမန်တော်(၁၂)ပါး၏နာမဖြင့် မှတ်
တမ်းတင်ထားလေသည်။ မြို့တံခါးသည် ထာဝစဉ်ဖွင့်လှစ်ထားသည်။
မြို့၏အလင်းရောင်သည် သိုးသူငယ်၏အလင်းဖြစ်သဖြင့် နေနှင့် အလင်းရောင်မရှိတော့ချေ။ ဘုရား
သခင်၏ဘုန်းတော်ရောင်ခြည်သည် ထိုမြို့၏အလင်းဖြစ်သည်။ (ဗျာ ၂၁း၂၃)ထိုမြို့၌ညဥ့်အချိန်တွင် မှောင်မိုက်
ခြင်းမရှိချေ။ မြို့တံခါးသည် ထာဝရဖွင့်လှစ်ထားသည်။ (ဗျာ ၂၁း၂၅)
ဤအရာများသည် မြို့အတွင်း၌ရှိသော အင်္ဂါရပ်များဖြစ်သည်။ မြို့နှင့်ဝေးကွာသောဒေသများတွင်နေ့
ညရှိလိမ့်အုံးမည်။ မြို့၏ထိပ်ပိုင်းသည် နေရာများများမယူချေ။ ကျန်သည့်အပိုင်းများတွင် လှပသောလမ်းနှင့်နံ
ဘေးတွင် သစ်ပင်၊ ပန်းမာလ်များဖြင့်စိုက်ပျိုးထားလေသည်။ မြို့၏အိမ်နေရာအခန်းများကိုကြည်လင်သောဖန်
နှင့်တူသည့်ရွှေစင်များဖြင့် စီမံဆောက်လုပ်ထားလေသည်။ (ဗျာ၂၁း၁၈) ယုံကြည်သူများ၏နေရာအခန်းများဖြစ်
သဖြင့် ကြည်လင်တောက်ပြောင်သော နန်းတော်၌နေရသကဲ့သို့ရွှေအိမ်တော်၌နေရလိမ့်မည်။ ထို့ကြောင့်ဤကဲ့
သို့ဘုန်းတော်နှင့်ပြည့်စုံသော သန့်ရှင်းစင်ကြယ်သောမြို့၌မတရားသောညစ်ညမ်းသောအရာတစ်စုံတစ်ခုမျှရှိ
လိမ့်မည်ဟု အဘယ်သူမျှမထင်ပေ။ (ဗျာ ၂၁း၁၈၊ ၂၁)
မြို့တွင်းရှိလမ်းနှင့်မြစ်တဘက်တချက်စီတွင် အသက်ပင်များစိုက်ပျိုးထားပြီး တစ်နှစ်ပတ်လုံးအသီးတစ်
ဆယ့်နှစ်မျိုးဖြင့် ဝေဆာနေလေသည်။ ဤအရာသည်အောင်မြင်သူအတွက်သာဖြစ်ပေသည်။
“အောင်မြင်သောသူကို ငါ၏ဘုရားသခင်ပရဒိသုဥယျာဉ်၌ရှိသော အသက်ပင်၏အသီးကို စားစေခြင်းငှါ ငါအခွင့်ပေးမည်”ဟုမိန့်မှာထားလေသည်။ အသက်ကင်၏အရွက်များသည် လူအမျိုးမျိုးတို့၏အနာရောဂါကိုငြိမ်း
စေရန်ဖြစ်သည်ဟုဆိုရာ၌ ထိုနေရာတွင် အနာရောဂါဖြစ်နိုင်သေးသည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ဤအသက်ပင်
အသီးကိုစားခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာ၍ အားနည်းခြင်းမှကင်းလွတ်မည့်အကြောင်းဆိုလိုခြင်းဖြစ်သည်။ အာဒံ
သည်တားမြစ်ထားသော အပင်၏အသီးမစားခဲ့သော် အသက်ပင်အသီးကိုစား၍ သေခြင်းနှင့် ကင်းလွှတ်ပြီး ထာဝရအသက်ရှင်မည်ဖြစ်ပေသည်။ (က၃း၂၂-၂၄)
မြို့တွင်းရှိမြစ်ကိုလည်း သက်စမ်းရေမြစ်ဟုခေါ်ပေသည်။ ဤအရာသည်လည်း အံ့သြဘွယ်ရာဖြစ်ပေ
သည်။ အဘယ့်ကြောင့်ဆိုသော် မြစ်ရေအားဖြင့်လည်းအသက်ကိုပင် ပေးနိုင်လေသည်။ ထိုမြစ်ရေသည် ဘုရား
သခင်၏ပလ္လင်တော်မှ မြစ်ဖျားခံ၍ စီးဆင်းလာသည်ဟုဆိုသည်။ (ဗျာ ၂၂း၁)
မြို့၏ထိပ်ဆုံးအပိုင်းတွင် သိုးသူငယ်၏ပလ္လင်တော်တည်ရာ နေရာဖြစ်လေသည်။ ၎င်းနေရာမှသက်စမ်း
ရေစီးထွက်လာလေသည်။
ယနေ့အချိန်အခါတွင် မည်သည့်မြို့၌မဆို မြို့၏အကြီးဆုံးဝတ်ပြုရန်ဗိမ္မာန်တော်ရှိစမြဲရှိလေသည်။ သို့သော် ယေရှုရှလင်မြို့သစ်၌ ဗိမ္မာန်တော်မတွေ့ရချေ။ အဘယ့်ကြောင့်ဆိုသော် ထာဝရဘုရားသည် သူတို့အလယ်မှာရှိသဖြင့် သူတို့သည် ဘုရားကိုမျက်ဝါးထင်ထင်တွေ့မြင်တော်မူပြီးသားဖြစ်လိမ့်မည်။
ဗျာဒိတ် ၂၁း၃-၄ ၌
“ဘုရားသခင်တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်
တော်၏လူများဖြစ်ကြလိမ့်မည်။ ဘုရားသခင်ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားဖြစ်
တော်မူမည်”ဟု ရေးသားထားလေသည်။
ထို့ကြောင့်ကောင်းကင်သည်မြေပေါ်သို့ကျဆင်းလာပြီး မြေကြီးသည်ဘု၇ားသခင်ကျိန်းဝပ်ရာအရပ်ဖြစ်
လာလိမ့်မည်။
မြို့သစ်၏ဘေးပတ်ဝန်းကျင်ဒေသသည် ကမ္ဘာမြေကြီးသစ်ဖြစ်ပေသည်။ ၎င်း၌လူမျိုးများ၊ လောကီရှင်
ဘုရင်များနေထိုင်ပြီး၊ ထိုနေ၇ာသို့ မိမိဘုန်းအသေရေကို ထိုမြို့ထဲသို့ယူဆောင်ခဲ့ကြလိမ့်မည်။ (ဗျာ ၂၁း၂၄-၂၇)
မြေကြီးသစ်ထဲတွင် နေထိုင်သူများသည် အဘယ်သူတွေဖြစ်မည်နည်း။ ကမ္ဘာကို ရေလွှမ်းမိုးပြီး နောက်
ကမ္ဘာ၌ မည်သူတွေအသက်ရှင်ကျန်ရစ်သနည်း။ နောဧ၏သားသမီးများအသက်ရှင်ကျန်ရစ်ပြီး နေထိုင်ခဲ့ကြသူ
များဖြစ်သည်။ ကမ္ဘာကို ရေလွှမ်းမိုးသောအခါ နောဧသင်္ဘောအားဖြင့် အသက်ချမ်းသာရသူများဖြစ်ပေသည်။
(က ၆း၁၃-၁၆) ထိုနည်းတူ အနှစ်တစ်ထောင်ပြီးလျှင် ဘုရားသခင်သည် သန့်ရှင်းသူများအဖို့နေရာတစ်နေရာ
ပြင်ဆင်ပြင်ဆင်၍ ဤကမ္ဘာကိုမီးရှို့ခြင်းဖြင့် သန့်စင်လိမ့်မည်။ မြေကြီးသစ်၌ သန့်ရှင်းသူများအားနေရာပေး
လျက် ထိုနေ၇ာ၌ အာဒံနှင့် နောဧအား ဘုရားရှင်ကတိတော်အတိုင်းတိုးပွားများပြားစေလိမ့်မည်။ (က ၁း၂၇-၂၈၊
၉း၁)
ဘုရားသခင်သည် ဧလိယအားချီဆောင်ပြီးနောက်ခရစ်တော်ကောင်းကင်သို့တက်ကြွစဉ် မြေကြီးပေါ်သို့
တဖန်ကြွရောက်လာပြီး ခရစ်တော်ဒုတိယအကြိမ်ကြွလာမည့် အကြောင်းကိုပြောပြသကဲ့သို့အနှစ်တစ်ထောင်
ကာလကုန်လျှင်လူတစ်ချို့ကိုရှင်ပြန်ထမြောက်စေလျှက် ပြည့်စုံသောခေတ်ကာလသို့တဖန်ဆင်းသက်စေပြီး၊ လူသားများအားဖြင့် ပြည့်စေရန်လုပ်ဆောင်လိမ့်မည်။ ဘုရားသခင်သည် နောက်တစ်ကြိမ်လူကိုဖန်ဆင်းပြီး
မြေကြီးသစ်၌နေစေမည်ဟု ကျမ်းစာ၌မဖေါ်ပြထားပေ။ ဘုရားသခင်သည် အာဗြဟံကိုလည်း သင်၏အမျိုးအ
မည်ကို မြေကြီးပေါ်၌ နှစ်ပေါင်းထောင်သောင်းမက အသက်ရှင်ခွင့်ပေးမည်ဟုကတိထားခဲ့လေသည်။
“ငါဖန်ဆင်းတော်မူသော ကောင်းကင်သစ်နှင့်မြေကြီးသစ်သည် ငါ့ရှေ့မှာတည်သကဲ့သို့ သင်တို့၏အမျိုး
အနွယ်နှင့် သင်တို့၏နာမသည်လည်း တည်လိမ့်မည်ဟု ဘုရားသခင်မိန့်မှာတော်မူ၏”ဟုရေးသားထားလေ
သည်။ (ဟေ ၆၆း၂၂)
ထာဝရဘုရားသခင်သည် ဧဒင်ဥယျာဉ်၌ အသက်ပင်စိုက်ပျိုးထားခြင်းသည် တစ်ကမ္ဘာလုံး၌လူသားများ
အားလုံးဖြင့်ပြည့်နေစေရန်ရည်ရွယ်ခဲ့ပေသည်။ ဤကမ္ဘာပေါ်မှာ လူများထူထပ်ပြည့်နှက်စေလျှင် တစ်ခြားဂြိုလ်
ခုသို့ကုးပြောင်းနေထိုင်စေလိမ့်မည်။ ယနေ့ကျွန်ုပ်တို့နေထိုင်သည့် ကမ္ဘာသည်အလွန်သေးငယ်သောဂြိုလ်တစ်
လုံးဖြစ်သည်။ ဤကမ္ဘာသည် ဂြိုလ်ကိုးလုံး၌ အငယ်ဆုံးဂြိုလ်ဖြစ်ပြီး လူသတ္တ၀ါများနေထိုင်နိုင်ရန်အသင့်တော်
ဆုံးဖြစ်သကဲ့သို့ ဘုရားသခင်သည် တခြားဂြိုလ်စုထဲ၌ ဂြိုလ်တစ်လုံးလုံးကိုလူသတ္တ၀ါများနေထိုင်နိုင်ရန် ပတ်ဝန်း
ကျင်အခြေအနေကို ဖန်တီးပေးနိုင်လေသည်။
ဘုရားသခင်၏အကြံအစည်တောနှင့်ရည်ရွယ်ချက်သည် အလွန့်အလွန်လေးနက်လေသည်။ သူသည်
သူ၏အင်္ဂါရပ်၊ အခွင့်အာဏာနှင့် သဘောသဘာဝကို ဆင်ခြင်တုံတရားအားဖြင့် သိရှိနားလည်နိုင်ရန်လူသားကို
သူ၏ပုံသဏ္ဍာန်နှင့်အညီဖန်ဆင်းခဲ့ပေသည်။ ၎င်းအပြင် ကောင်းကင်တမန်များထက်ဦးရေတိုးပွားများပြားစေ
လေသည်။ လောကရှိ လူသားအားလုံးကို ကယ်တင်ခြင်းပေးဘို့ရန် သူ့သားတစ်ဦးတည်းကိုစေလွှတ်ပြီး ကရာ
နီတောင်ကုန်းမှာ အသေခံစေခဲ့သည်။ သူသည် အပြစ်သားအားလုံးကို သေကြေပျက်စီးစေပြီး အသစ်တဖန်ပြု
ပြင်လိမ့်မည်။ သို့သော်ထိုကဲ့သို့ ပြုလုပ်လိမ့်မည် မဟုတ်ပေ။ အဘယ့်ကြောင့်ထိုသို့မပြုလုပ်သနည်း။ လောက
မှာ လူများများပြားလာပြီး ပျက်စီးခဲ့သဖြင့် ဤအကြံအစည်ကို စာတန်သည်သိသောကြောင့် နောက်တဖန် အသစ်ဖန်ဆင်းခဲ့လျှင် စာတန်အားအရှုံးပေးသကဲ့သို့ ဖြစ်သောကြောင့် ဘုရားသခင်သည် ဤဖန်ဆင်းခြင်းကို အသစ်တဖန်မပြုလုပ်တော့ချေ။
ဘုရားသခင်သည် သူ့အကြံအစည်တော်အတိုင်း စီမံပြုလုပ်ခဲ့သောလက်ရာများအားစာတန်အားဖြင့် ဖျက်ဆီးခြင်းကို ခွင့်မပြုချေ။ ဘုရားသခင်သည် ဤကမ္ဘာမြေပေါ်ရှိ မူလအစကပင် အပြစ်ကင်းစင်သူများသာ အသက်ရှင်နေထိုင်ဘို့စီမံခဲ့ပေသည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ပေါ်၌ ခရစ်တော်ယေရှုဘုရားအသေခံခြင်း
သည် တစ်ကမ္ဘာလုံးရှိ လူသတ္တ၀ါအားလုံးအတွက် ဖြစ်ပြီး အပြစ်နှင့်စာတန်၏တန်ခိုးအောက်၌ နေသူအားလုံး
ကို လွတ်မြောက်စေရန်ဖြစ်သည်။
တမန်တော်ရှင်ယာကုပ်က “နိဗ္ဗိတသတ္တ၀ါတို့တွင် ငါတို့သည်အဦးသီးသော အသီးကဲ့သို့ ဖြစ်စေခြင်းငှါ
သမ္မာတရားစကားအားဖြင့် အလိုတော်အတိုင်း ငါတို့ကို ဖြစ်ပွားစေတော်မူ၏”ဟုမိန့်ဆိုထားခဲ့သည်။
(ယာ ၁း၁၈)
နေစကြာဝဋ္ဌာတစ်ခုလုံးသည် အသက်နုနယ်သေးသောဂြိုလ်များသာဖြစ်ပြီး ဘုရားသခင်အဦးဆုံးဖန်
ဆင်းထားသော လက်ရာများပင်ဖြစ်သည်။
ဟေရှာယကလည်း –
“ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍ နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်တရားတော်အတိုင်းဖြောင့်
မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည့်အကြောင်း အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်ခြင်းသည် နိစ္စအမြဲ
ရှိလိမ့်မည်”ဟု ထာဝရဘုရားဖွင့်ပြ၍ မိန့်ဆိုခဲ့လေသည်။ (ဟေ ၉း၇)
ကမ္ဘာမြေကြီးကို မီးအားဖြင့် အရည်ကျိုသန့်စင်ပြီးနောက် ကမ္ဘာမြေသည် အလွန်နေထိုင်ကောင်းသော
နေရာဖြစ်လာလိမ့်မည်။ ထိုနောက်လူတို့သည်လည်း အပြစ်ကင်းစင်သော သန့်ရှင်းသောသူများဖြစ်လေသည်။
(ဗျာ ၂၁း၂၄)
ကြီးမားသောစွန့်လွှတ်ခြင်း
သာယာဝပြောသော နှစ်တစ်ထောင်ကာလနှင့် ထာဝရကာလသည် သာတော်၏နေ့ရက်ကာလဖြစ်ပြီး
သားတော်နေ့ရက်ကာလကုန်ဆုံးသွားလျှင် ခရစ်တော်က အုပ်စိုးသူ အာဏာရှိသူအားလုံး၏ အခွင့်အာဏာ
အားလုံးကို ရုပ်သိမ်းအဆုံးသတ်စေပြီး နိုင်ငံတော်ကိုလည်း ဖခမည်းတော်လက်သို့ အပြီးအပိုင်အပ်နှံလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ခရစ်တော်သည် သူ၏ရန်သူများကို လုံးဝချေမှုန်းပြီး အဆုံးတိုင်အောင် ခြေဖြင့်နင်းချေ
ခဲ့သဖြင့် သူသည်ရာဇပလ္လင်တော်၌ နန်းထိုင်တော်မူလိမ့်မည်။ ထိုအခါ ခပ်သိမ်းသောအရာသည် ခရစ်တော်ခြေ
ဖ၀ါးအောက်၌ ချထားခြင်းခံရ၍ ဘုရားသခင်သည် အလုံးစုံဖြစ်တော်မူလိမ့်မည်။ ဤအရာသည် အောင်မြင်
သောသူများ၏ နေရာဖြစ်ပေမည်။ (၁ကော ၁၅း၂၄-၂၈)
လောကီဘုရင်များ နန်းချခံခဲ့ရသည့် အဖြစ်အပျက်များ ရာဇ၀င်သမိုင်းတွင် များစွာရှိခဲ့ဖူးသည်။ တချို့
က သမိုင်းပေးတာဝန်အရ အာဏာရယူရသည်။ တချို့သူသည် မိမိဆန္ဒအတိုင်း ရာထူးအခွင့်အာဏာရယူသ
ဖြင့် အားနည်းမှုများစွာနှင့်ရင်ဆိုင်နေရသည်။ ခရစ်တော်ဘုရား၏ အောင်မြင်ခြင်းသည် ထိုသို့သောလောကီ
ဘုရင်များကဲ့သို့မဟုတ်။ ဘုရားသခင်သည် သားတော်ဘုရား၏လုပ်ငန်းအမှုအောင်မြင်ခြင်းခံရသော်လည်း
လူသား၏လက္ခဏာများတွေ့ရှိရသည်။ သူသည် လူသားစွမ်းအားနှင့် ဘုရားရှင်တန်ခိုးပူးပေါင်းလုပ်ဆောင်
ခြင်းဖြင့် ဘုရားသခင်သည် ခပ်သိမ်းသောအရာပေါ်၌ အုပ်စိုးသောအရှင်သခင်ဖြစ်စေတော်မူမည်။ ဤခေတ်
ကာလကုန်ဆုံးလျှင် နိစ္စထာဝရကာလစတင်ရောက်ရှိလိမ့်မည်။ ဤကာလသည် လုံးဝပြည့်စုံသောကာလဖြစ်
သည်။ ထာဝရကာလ၏ ထာဝရကာလ၊ တနည်းအားဖြင့် ကမ္ဘာအဆက်ဆက်နိစ္စထာဝရကာလဟုလည်း နား
လည်ရပေသည်။ ထိုကာလရောက်လျှင် ကုန်ဆုံးခြင်း၊ နိဂုံးချုပ်ခြင်းကို လုံးဝမသိနားမလည်တော့ချေ။
Be the first to comment
Leave a Reply
Your email address will not be published.
*