ကယ်တင်သောဘုရားရှင်

လူသည် လွန်စွာထူးဆန်းသောသတ္တ၀ါဖြစ်
သည်။ မည်သည့်အရာကိုမျှ လွယ် လင့်တ
ကူ မယုံကြည်တတ်ပေ။ သိပ္ပံပညာထွန်း
ကားနေသော အချိန်ကာလဖြစ်၍ လူ သည်
အကြောင်းအရာတစ်ခုကို လက်တွေ့ကျကျ
ထိတွေ့သိမြင်ခံစားပြီးမှသာ လက် ခံယုံ
ကြည်တတ်ကြသည်။ မိမိတို့၏ဦးနှောက်
အသိပညာကို အခြေထားစဉ်းစားပြီး အသက်
ရှင်တတ်သောလူသည် ဘုရားဟူသော ပုဂ္ဂိုလ်တော်မြတ်ကို မျက်စိဖြင့်မမြင်
ရသော်လည်း မနှောအာရုံအသိနှင့် နှလုံးတွင်းမှခံစားပြီး သက်ဝင်ယုံကြည် ကိုးစား ကာ အလေးထားအသက်ရှင်ကြသည်မှာ သဘာဝတရားထက်ကျော်လွန်သော ထူး ဆန်းအံ့ဘွယ်အမှုတစ်ခုပင်ဖြစ်ပေသည်။ လောကတွင် သဘာဝတရားအများရှိကြ သည်ဖြစ်ရာ သဘာဝတရားတိုင်းက လောကုတ္တရာကဏ္ဍတွင် သုခချမ်းသာခံစားနိုင် ရေးအတွက် ယနေ့ပစ္စုပ္ပန်ကာလအသက်ရှင်မှုကို သတိပြုကြဖို့ရန် အသိပေးနိုးဆော်ထားကြပါသည်။

လူမှန်လျှင်ကွာခြားမှုမရှိ
(လု၊ ၁၆း၁၉-၃၁)တွင်လူနှစ်ဦးကိုတွေ့ရသည်။ တစ်ဦးကငွေကြေးဥစ္စာပစ္စည်း ကြွယ်ဝပြည့်စုံသော သူဌေးဖြစ်ပြီးကျန်တစ်ဦး ကလာဇရုအမည်ရှိဆင်း ရဲသားဖြစ်သည် သူဌေးသည် နီမောင်းသောအ၀တ် ကိုဝတ်၍ နေ့တိုင်းကာမဂုဏ်စည်းစိမ်၌ပျော်မွေ့ ကာလောကီအရေးကို သာစဉ်းစားအ သက်ရှင်နေကြောင်း တွေ့ရသကဲ့သို့ လာဇရုမှာ မူ စားစရာမဲ့ငတ်မွတ်လျှက် သူဌေးစားပွဲမှကျသောအစာကိုစားရအံ့သောငှါ တောင့် တစိတ်နှင့် သူဌေးအိမ်တံခါးနား တွင်နေကြောင်းတွေ့ရသည်။

 ထိုနည်းတူလောကတွင် လူချင်းတူသော် လည်း လောကီ ကဏ္ဍ၌အခြေအနေမတူညီပဲ ကွာခြားမှုရှိကြပေသည် တချို့ကပညာတတ်သည်။ တစ်ချို့ကပညာမဲ့သည်။ တစ်ချို့ကဆင်းရဲကြသည်။ တစ်ချို့ကချမ်းသာကြသည်။ လောက၌အသက်ရှင်စဉ် ဤမတူညီမှုများရှိလင့်ကစား အဆုံးတစ်နေ့တွင်ကွာခြားမှုမရှိကြောင်းနားလည်ရသည်။ သူဌေးသည်တစ်နေ့သော အခါ သေဆုံးရသကဲ့သို့ ဆင်းရဲသားလာဇရုလည်း သေ ဆုံးရကြောင်းတွေ့ ရသည်။

တမလွန်အကျိုးရလဒ်ကွာခြား
သူဌေးသည်လောက၌အသက်ရှင်စဉ် စည်းစိမ်ခံစားရ၍ သက်သာမှုကိုရသော် လည်းသေလွန်ပြီး သည့်နောက် မရဏာနိုင်ငံ၌ ပြင်းစွာသောဝေဒနာကိုခံစားရကြောင်း တွေ့ရသည်။ လာဇရုအမည်ရှိသူ ဆင်းရဲသားမှာမူ လောက၌ဆင်းရဲငတ်မွတ်၍ ဒုက္ခ ဝေဒနာမျိုးစုံခံရသော်လည်း တမလွန်၌သက် သာခြင်းကိုရကြောင်းတွေ့ရသည်။ လူ သည်လောကီကဏ္ဍ၌သာအသက်ရှင်၍ အဆုံးသတ် ရမည်မဟုတ်ပေ။ လောကုတ္တရာ ကိုလည်း ခရီးဆက်ရဦးမည်ဖြစ် သည်။

 လောက ၌မည်မျှပင်ကြွယ်ဝပြည့်စုံ၍ ကောင်း ကျိုးမင်္ဂလာအဖြာဖြာကိုခံစားရပါစေ၊ တမလွန်၌အပါယ် ငရဲတွင် ပြင်းစွာဝေဒနာခံစား ရမည်ဆိုပါက မည်မျှအကျိုးဆုံးရှုံးမည်နည်း။ ယနေ့ကျွန်ုပ် တို့အသက်ရှင်နေကြသော ပစ္စုပ္ပန်ကာလသည် သင်္ခါရဖြစ်သော် လည်း သေပြီး သည့်နောက် ရောက်ကြရမည့် လောကုတ္တရာ(တမလွန်ခရီး)သည် တဒင်္ဂမဟုတ်သည့် ထာဝရကာလဖြစ်ပေသည်။

ဘာသာတရား
လောကတွင် ဘာသာတရားများစွာရှိပါသည်။ ဘာသာတရားတိုင်းက လူ့ အသက်တာအခြေအနေကို မီးမောင်းထိုးပြနေပါသည်။ မကောင်းသောအကျင့်အကြံ အပြုအမူ တို့ကို ရှောင်၍  ကောင်းသောအသက်တာ၌ရှင်သန်ဖို့ သတိပေးနိုးဆော်ပါ သည်။ လူသည်ကောင်းမကောင်း သိသောဥာဏ်အပေါ် အခြေထား၍ မကောင်းသည် နှင့်ကောင်းသည် ကိုခွဲခြားသိသော်ငြား လည်းလက်တွေ့မကျင့်သုံးနိုင်၊မကောင်းသည် ကိုသိလျက်နှင့် မရှောင်နိုင်၊ ကောင်းသည့်အရာကိုသိလျက်နှင့်လည်း မလုပ်နိုင်သည် မှာ လူ၏မပြည့်စုံသော အားနည်းချက်ပေတည်း။ ကောင်းသောအသက်ရှင်မှုတို့အ တွက် တမလွန်တွင်ကောင်းကျိုးချမ်းသာကို ခံစားရဖို့ရှိသလို မကောင်းသောကျင့်ကြံ ပြုမူအသက်ရှင်မှုအတွက် တမလွန်တွင် အပါယ်ငရဲ၌ ပြင်းပြစွာ ဝေဒနာခံစားရမည် ဖြစ်သည်။

မနှောအာရုံအသိက လူတွင်ရှိသည်ဖြစ်၍ တမလွန်အရေးကိုစဉ်းစားတိုင်း လူ သည် စိတ်ရတက် မအေးနိုင်ရလောက်အောင်ဖြစ်နေပါသည်။ ဘာသာတရားကလူကို အပါယ်ငရဲမှမကယ်နိုင်ပါ။ ဘာသာတရားကလူကိုမိမိအခြေအနေမှန်ကို သိဖို့ရန်မီး မှောင်ထိုးပြသည် သာမကအပါယ်ငရဲမှ ကယ်တင်နိုင်သောဘုရားရှင်ကို ကိုးစားအမှီပြု ဖို့ရန်ညွန်ပြနေပါသည်။

မေတ္တာတော်ရှင်
ဘာသာတရားနှင့်ဘုရားသည် များစွာကွဲခြားပါသည်။ ဘာသာတရား၌အသက် မရှိပါ။ ဘုရားဟူသည် မေတ္တာတော်ရှင်ဖြစ်ရုံမျှမက အသက်ရှင်တော်မူသော ပုဂ္ဂိုလ် တော်မြတ်လည်းဖြစ်သည်။ လာဇရုသည် လောကီအသက်ရှင်စဉ် အသက်ရှင်တော် မူသောဘုရားကို သိရှိယုံကြည်ကိုးစားသောသူဖြစ်ကြောင်း နားလည်ရသည်။ အကြောင်းမှာ လာဇရုသောသောအခါ သူ၏၀ိညာဉ်ကို ကောင်းကင်တမန်တို့က လာ ရောက်ခေါ်ယူသွားကြောင်းတွေ့ရသည်။ သူဌေးသည် အသက်ရှင်စဉ်က ဘာသာတ ရားကိုသိပါသည်။ အာဗြဟံ၏အကြောင်းကိုလည်းသူသိပါသည်။

သို့သော်ထာဝရဘု ရားကိုပမာဏမပြု။ လောကီကာမဂုဏ်စည်းစိမ်၌ နေ့စဉ်ခံစားပျော်မွေ့ရေးကိုသာ အလေးထားသောကြောင့် သေလွန်သောအခါသူဌေး၏၀ိညာဉ်အား ကောင်းကင်တ မန်များက လာရောက်ခေါ်ယူခြင်းမရှိသဖြင့်မရဏာနိုင်ငံသို့ရောက်ရှိသွားကာ ပြင်းစွာ ဝေဒနာခံစားရကြောင်း တွေ့ရသည်။

သူဌေးသည် တမလွန်ရောက်ပြီးမှ နောင်တရ၍ မိမိညီများအတွက် စိတ်ပူ ကြောင်း တွေ့ရသည်။ သို့သော်သူဌေး၏နောင်တသည်နောက်ကျသွားပြီဖြစ်သည်။ တမလွန်၌ကောင်း ကျိုးချမ်းသာ ခံစားနိုင်ဖို့ရန်အ သက်ရှင်စဉ်အချိန်၌သာကျွန်ုပ်တို့တွင် ရွေးချယ်စဉ်းစား ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ ယနေ့ကျွန်ုပ်တို့၏ အသက်တာအာမခံချက် သည် အဘယ်အရာပေါ်၌ တည်ရှိပါသနည်း။ သခင်ခရစ်တော် ၏ စကားအပေါ်၌ တည်မှီနေပါက တမလွန် အတွက်စိတ်ချနိုင်ပါသည်။ “ငါသည် သမ္မာတရား၊ အသက်၊ လမ်းခရီးဖြစ်၏။ ငါ့ကိုအမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော်ထံသို့ မရောက်နိုင် ကြောင်း” သတိပေးပါသည်။ (ယော ၁၄း၆)။ သခင်ယေရှုကမိမိကိုယုံကြည်သူများနှင့် ကပ်ကမ္တာကုန်သည့်တိုင်အောင် အတူရှိမည်ဟု ဂတိပေးပါသည်။

မြည်းစမ်းသိမှတ်ယုံကြည်ပါ
သခင်ယေရှုက “ငါ့ကိုခေါ်လော့၊ ငါထူးမည် ။ ငါ့ကိုယုံကြည်သောသူသည် သေ လွန်သော်လည်း ရှင်လိမ့်မည်” ဟုမိန့်တော်မူပါသည်။ သခင်ယေရှုကို အသက်တာ၌ ယုံကြည်ကိုးစားနိုင်ဖို့ရန် သက်သေရလိုပါက ကိုယ်တော်၏နာမ၌ခေါ်ကြည့်ပါ။ ကိုယ် တော်သည်အမှန်တကယ် အသက်ရှင်တော်မူသောဘုရားဖြစ်ပါက ကျွန်တော်ကျွန်မ ၏အသက်တာကို ဤမည်သောပြသနာ အခက်ခဲမှ ကယ်မ၍ သက်သေထူပါဟု ဆုတောင်းကြည့်ပါက ကိုယ်တော်သည်ထူး၍ အသက်ရှင်ကြောင်းသက်သေကို ပြလိမ့်မည်ဖြစ်သည်။

ကျွန်ုပ်တို့၏အသက်တာ၌ ကိုယ်တော့်အားကိုယ်တိုင်မြည်းစမ်း၍ သက်သေခံ စားရပြီး ကယ်တင်ရှင် အဖြစ်လက်ခံယုံကြည်မည်ဆိုပါက ကိုယ်တော်သည်ကျွန်ုပ်တို့ နှင့်အတူရှိမည်ဖြစ်သည်။ ၄င်းအပြင် နေ့စဉ်အသက်တာ၌လည်း ကိုယ်တော်အတူပါ ရှိကြောင်းသက်သေကို ကျွနုပ်တို့အားဖြင့်ထင်ရှားစေမည်ဖြစ်ပါသည်။ ထို့ကြောင့် လူ သည်ယခုဘ၀အသက်ရှင်ပြီး အဆုံးသတ်သွားမည်မဟုတ်ကြောင်း၊ နောင်ဘ၀၌ ဆက်လက်ရှင်သန်ရန်ရှိသေကြောင်း၊ သခင်ယေရှုကိုယုံကြည်၍ အသက်ရှင်သူတို့ အတွက်၊ တမလွန်၌ ထာဝရဘုရားနှင့် အတူသုခချမ်းသာကို ခံစားနိုင်ကြောင်း သတိ ပြုဆင်ခြင်လျက် မိမိတို့အသက်တာကိုပြင်ဆင်ပြီး အသက်ရှင်ကြပါမည့် အကြောင်း
မေတ္တာနှင့်အသိပေးဝေငှလိုက်ပါသည်။

Dr.တင်မောင်ထွန်း ၏တရားဟောချက်

Be the first to comment

Leave a Reply

Your email address will not be published.


*