အန္တိခ၇စ် – အခန်း (၁၈)

(ANTICHRIST)
ကျွန်တော်တို့လေ့လာဆည်းပူးနေသော ပရောဖက်ပြုချက်တွင် အနာဂတ်တချိန်ချိန်တွင် ကြွရောက်လာ
မည့်ပုဂ္ဂိုလ်နှစ်ပါးရှိကြောင်း သိရှိပြီးဖြစ်သည်။ တစ်ဦးမှာ ခရစ်တော်ဘု၇ားဖြစ်ပြီး ကျန်တစ်ပါးမှာ စာတန်ဖြစ်
သည်။ ခရစ်တော်ယေရှုဘုရားကြွလာခြင်းကို ကျွန်တော်တို့လေ့လာခဲ့သော်လည်း စာတန်ပြန်လာခြင်းကို
လစ်လျူရှုထားတတ်သည်။ သမ္မာဟောင်းကျမ်းနှင့် သမ္မာသစ်ထဲတွင် နောင်လာမည့် ကာလတွင် လွန်စွာထူး
ဆန်းပြီး ကြောက်ရွံ့စရာကောင်းသော ပုဂ္ဂိုလ်တစ်ပါးဖော်ပြလိမ့်မည်ဟု ရေးသားထားလေသည်။ ကျမ်းစာထဲ၌
သူ၏အမည်နာမများစွာ ရှိသော်လည်း ထိုသူတဦးတည်းကိုသာ ရည်ညွန်းထားလေသည်။
သမ္မာဟောင်းထဲတွင် သမ္မာသစ်ထဲတွင်
ဟေရှာယနာဂတ္တိကျမ်း ရှင်ပေါလုက
၁၄း၎၊ ဗာဗုလုနှ်ရှင်ဘုရင် ၂သက် ၂း၃-၈ ဒုစရိုက်လူ၊ ပျက်စီးခြင်း
၁၄း၁၂၊ လူစီဖါ သား၊ အဓမ္မလူ
ဒံယေလအနာဂတ္တိကျမ်း ရှင်ယောဟန်က
၇း၈၊ ၈း၉၊ ချိုငယ်
၈း၂၃၊ ရဲရင့်၍ ပရိယာယ်ကြွယ်ဝသောမင်း ၁ယော ၂း၁၈၊ အန္တိခ၇စ်
၉း၂၆၊ နောက်မှလာသောသခင် ဗျာ ၁၃း၁၊ သားရဲ
၁၁း၃၆၊ မိမိအလိုအလျောက်ပြုသော ဘု၇င်တပါး

ခရစ်တော်ကလည်း “ငါသည် ခမည်းတော်၏အခွင့်နှင့် ရောက်လာသော်လည်း သင်တို့သည် ငါ့ကို
လက်မခံ။ တခြားသောသူသည် မိမိအခွင့်နှင့် ရောက်လာလျှင် ထိုသူကိုလက်ခံကြလိမ့်မည်”ဟု ယော ၅း၄၃ ၌
မိန့်ဆိုထားလေသည်။ ဣသရေလလူတို့သည် ခရစ်တော်ယေရှုကို လက်မခံခဲ့ပေ။ သို့သော်လည်း အန္တိခရစ်ပေါ်
လာလျှင်လက်ခံလိမ့်မည်ဟု ပရောဖက်ပြုထားလေသည်။

၁။ အန္တိခရစ်သည် ပုဂ္ဂိုလ်တပါးဖြစ်ကြောင်း

တမန်တော်ခေတ်ကာလတွင် အန္တိခရစ်သည် လူပုဂ္ဂိုလ်တပါးဖြစ်သည်ဟု ယုံကြည်သဖြင့် ၎င်းခေတ်
နောက်ပိုင်းမျိုးဆက်နှစ်ဆယ်သို့ရောက်သောခါ လူအများက ပုပ်ရဟန်းမင်းကြီးသည် အန္တိခရစ်ဖြစ်သည်ဟုယူဆ
လာကြသဖြင့် ကျမ်းစာအနက်ဖွင့်သောဆရာကြီးများကလည်း ထိုအတိုင်းအနက်ဖွင့်လာကြသည်။ သူတို့ယုံ
ကြည်ခြင်းသည်လည်း လက်တွေ့မကျသည်ကို တွေ့ရသည်။
(၁) ရှင်ယောဟန်က
“မုသာကိုသုံးသောသူကားအဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟုငြင်းပယ်သောသူဖြစ်သ
တည်း။ ခမည်းတော်နှင့်သားတော်ကို ငြင်းပယ်သောသူသည် အန္တိခ၇စ်ဖြစ်၏”ဟုဆိုထားလေသည်
(၁ယော ၂း၂၂)
ယုဒလူများသည် ယေရှုကို ခရစ်တော်ဖြစ်သည်ဟုဝန်မခံပေ။ သို့သော်လည်း ပုပ်ရဟန်းမင်းများသည် ယေရှု
သည် ခရစ်တော်ဖြစ်သည်ကိုဝန်ခံသည်။ေ၇ာမအသင်းတော်သည်လည်း ဘုရားသခင်သည် အနန္တဘုရား၊
ကောင်းကင်နှင့်မြေကြီးဖန်ဆင်းရှင်၊ ခ၇စ်တော်သည်လည်း သားတော်ဖြစ်ကြောင်းနှင့် သခင်ဖြစ်ကြောင်း ၀န်ခံ
၍ယုံကြည်ပေသည်။
(၂) ကျမ်းစာအနက်ဖွင့်သူအများသည် ဗျာ ၁၇း၎-၅ ၌ အနီရောက်ဝတ်ထားသောမိန်းမသည် ပုပ်ရဟန်းမင်း
၏အုပ်ချုပ်ပုံကိုပုံဆောင်သည်ဟုယူဆသည်။ ဤကဲ့သို့ အနက်ဖွင့်ဆိုခြင်းသည် အံ့သြစရာမရှိ။ သို့သော်လည်း
ပြည့်တန်ဆာမသည် သားရဲအပေါ်၌ စီးနင်းနေသည်။ ထိုသားရဲသည် အန္တိခရစ်ဖြစ်သည်။ ပြည့်တန်ဆာသည်
အန္တိခ၇စ်မဟုတ်ချေ။ သူတို့နှစ်ဦးသည် သီးသန့်၇ပ်တည်သူများဖြစ်၍ တဦးတည်းကို ဆိုလိုခြင်းမှာ မသဲကွဲချေ။
(၃) တဖန် အန္တိခရစ်သည် အပြစ်ရှိလူသားအနေနဲ့ မိမိကိုယ်ကိုချီးမြှောက်၍၊ ဘု၇ားတို့၏ဘုရားကိုဆန့်ကျင်
ဘက်ပြု၍အံ့သြသော စကားကိုပြောလိမ့်မည်။ (ဒံ ၁၁း၃၆၊ ၃၇) ထိုကြောင့် သူသည် “ဘုရားသခင်ဗိမ္မာန်တော်၌
ဘုရားသခင်ကဲ့သို့ထိုင်၍၊ ဘုရားသခင်ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း”။ (၂သက်၂း၎)
မည်သို့ပင်ဖြစ်စေကာမူ ပုပ်ရဟန်းမင်းသည် အမြဲတမ်းဘုရားသခင်နှင့် တန်းတူဖြစ်ကြောင်းမကြေငြာခဲ့ပေ။
သူ၏အမြင့်မားဆုံးသော ၀န်ခံချက်သည်လည်း ခရစ်တော်၏သိုးထိန်းသာဖြစ်ကြောင်း ၀န်ခံလေသည်။
(၄) မြေကြီးသားအပေါင်းတို့သည် သားရဲ (အန္တိခ၇စ်)နောက်သို့လိုက်ကြ၏။ ထိုသားရဲ၌ အာဏာစက်ကို
အပ်ပေးသောနဂါး(စာတန်)ကိုလည်း ကိုးကွယ်ကြ၏။ (ဗျာ ၁၃း၃-၄) သို့သော်လည်း ကာသိုလိပ်အသင်းတော်၌
ပုပ်ရဟန်းမင်း၏ ခံယူချက်သည် အပျိုကညာမာရိနှင့် သန့်ရှင်းသော ရှေးတမန်တော်များကို ကိုးကွယ်ကြ၏။
စာတန်ကိုကား မကိုးကွယ်ချေ။ ထို့ကြောင့်ပုပ်ရဟန်းမင်းသည် ခရစ်တော်ကို ဆန့်ကျင်သူမဖြစ်နိုင်ကြောင်း
ကျွန်တော်တို့တထစ်ချပြောဆိုနိုင်သည်။
(၅) ထိုမှတပါး၊ တတိယကောင်းကင်တမန်က အကြင်သူသည် သားရဲနှင့် သူ၏ရုပ်တုကို ကိုးကွယ်၍၊ သူ၏
တံဆိပ်လက်မှတ်ကို နဖူး၌ခံသည်ဖြစ်စေ၊ လက်၌ခံသည်ဖြစ်စေ၊ ထိုသူသည် ဘုရားသခင်၏ဒေါသဖလား၌
လောင်းသော အမျက်တော်စပျစ်ရည်စစ်ကို သောက်ရလိမ့်မည်။ သန့်ရှင်းသောကောင်းကင်တမန်တို့ရှေ့၊
သိုးသူငယ်ရှေ့တွင် ကန့်နှင့်လောင်သောမီးထဲမှ ပြင်းစွာသောညှင်းဆဲခြင်းကိုခံရလိမ့်မည်။ ထိုညှင်းဆဲခြင်း၏
မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်လျက်ရှိ၏။ သားရဲနှင့် သူ၏ရုပ်တုကိုကိုးကွယ်သူ၏ နာမတံဆိပ်လက်မှတ်
ကိုခံသောသူတို့သည် နေ့ညဥ့်မပြတ် သက်သာမရကြဟု လိုက်၍ ကြီးသောအသံနှင့် ပြောဆို၏”ဟု ဗျာ ၁၄း၉ -၁၁ တွင်ရေးသားထားလေသည်။
အကယ်၍ ပုပ်ရဟန်းမင်း၏စနစ်သည် အန္တိခရစ်ဖြစ်ခဲ့သော်ကိုးကွယ်သူအားလုံး ကယ်တင်ခြင်းခံရမည့်
အစားထာဝရပျက်စီးခြင်းထဲသို့ ပျက်စီးဘို့သာရှိလေသည်။ တဖန် အန္တိခရစ်ကို ဖျက်ဆီးဘို့ရန် ခရစ်တော်ကြွ
လာသောအခါ၌လည်း ယေရုဆလင်မြို့သို့သာကြွလာမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းအဖွဲ့ချုပ်ရှိရာ ရောမသို့ကြွ
လာမည်မဟုတ်ချေ။ အသင်းတော်သမိုင်းတစ်လျှောက်လုံး၌ ပုပ်ရဟန်းမင်း၏အကြောင်းအရာများနှင့် အမှုအ
ကျင့်များကို ကြည့်ခြင်းအားဖြင့် ၎င်း၊ အထက်ပါကျမ်းစာအထောက်အထားအားဖြင့်၎င်း၊ ကြည့်ရှုဆင်ခြင်လျှင်
ပုပ်ရဟန်းမင်း၏စည်းမျဉ်းဥပဒေနှင့် အန္တိခရစ်သည် လုံးဝခြားနားနေကြောင်းတွေ့ရှိရသည်။ အန္တိခ၇စ်သည် ယခု
ပစ္စုပ္ပန်ကာလ၌ မပေါ်ပေါက်သေးသော ပုဂ္ဂိုလ်တပါးပါးဖြစ်ကြောင်းသိရပေသည်။

“ခြားနားချက်”
(၁) ခ၇စ်တော်သည် အထက်မှ ကြွဆင်းလာသည်။ ယော ၆း၃၈
အန္တိခ၇စ်သည်တွင်းနက်ထဲမှထွင်လာသည်။ ဗျာ ၁၁း၇
(၂) ခရစ်တော်သည် ဖခမည်းတော်၏နာမအားဖြင့်လာသည်။ ယော ၅း၄၃
အန္တိခ၇စ်သည် သူ့နာမအားဖြင့်လာသည်။ ယော ၅း၄၃
(၃) ခရစ်တော်သည် မိမိကိုယ်ကို နှိမ့်ချခြင်းသဘောရှိသည်။ ဖိ ၂း၈
အန္တိခရစ်သည် မိမိကိုယ်ကိုချီးမြောက်သည်။ ၂သက် ၂း၎
(၄) ခရစ်တော်သည် မထီမဲ့မြင်ပြုခြင်းခံခဲ့ရသည်။ ဟေ ၅၃း၃၊ လု ၂၃း၁၈
အန္တိခရစ်သည် အံ့သြခြင်းခံရလိမ့်မည်။ ဗျာ ၁၃း၃၊၎
(၅) ခရစ်တော်သည် ချီးမြောက်ခြင်းခံရသည်။ ဖိ ၂း၉
အန္တိခရစ်သည် ငရဲသို့နှင်ချခြင်းခံရသည်။ ဟေ ၁၄း၁၄၊ ၁၅၊ ဗျာ ၁၉း၂၀
(၆) ခရစ်တော်သည် ခမည်းတော်အလိုတော်အတိုင်းဆောင်ရွက်သည်။ ယော ၆း၃၈
အန္တိခရစ်သည် မိမိအလိုအတိုင်းပြုမူဆောင်ရွက်သည်။ ဒံ ၁၁း၃၆
(၇) ခရစ်တော်သည် ကယ်တင်ခြင်းပေးဘို့ရန်ကြွလာသည်။ လု ၁၉း၁၀
အန္တိခရစ်သည် ဖျက်ဆီးဘို့ရန်ပေါ်လာသည်။ ဒံ ၈း၂၄
(၈) ခရစ်တော်သည် ကောင်းသော သိုးထိန်းဖြစ်သည်။ ယော ၁၀း၎-၁၅
အန္တိခရစ်သည် ကောက်ကျစ်သော သိုးထိန်းဖြစ်သည်။ ဇာ ၁၁း၁၆-၁၇
(၉) ခရစ်တော်သည် မှန်သောစပျစ်နွယ်ပင်ဖြစ်သည်။ ယော ၁၅း၁
အန္တိခရစ်သည် မြေကြီး၏စပျစ်သီးဖြစ်သည်။ ဗျာ ၁၄း၁၈
(၁၀) ခ၇စ်တော်သည် သမ္မာတရားဖြစ်သည်။ ယော ၁၄း၆
အန္တိခရစ်သည် မူသာဝါဒီဖြစ်သည်။ ၂သက် ၂း
(၁၁) ခရစ်တော်သည် သန့ှ်ရှင်းသော ဘုရားတပါးဖြစ်သည်။ မာ ၁း၂၄
အန္တိခရစ်သည် အဓမ္မလူဖြစ်သည်။ ၂သက် ၂း၃
(၁၂) ခရစ်တော်သည် နာကြည်းခြင်းဝေဒနာခံစားရသူဖြစ်သည်။ ဟေ ၅၃း၃
အန္တိခရစ်သည် ဒုစရိုက်လူဖြစ်သည်။ ၂သက် ၂း၃
(၁၃) ခ၇စ်တော်သည် ဘုရား၏သားတော်ဖြစ်သည်။ လု ၁း၂၃
အန္တိခရစ်သည် ပျက်စီးခြင်း၏သားဖြစ်သည်။ ၂သက် ၂း၃
(၁၄) ခရစ်တော်သည် မှန်သော ကိုးကွယ်ခြင်း၏ နက်နဲသော အရာဖြစ်ပြီး ကိုယ်ခန္ဓာအသွေးအသားအဖြစ်
ပေါ်ထွန်းခဲ့လေသည်။ ၁တိ ၃း၁၆
အန္တိခရစ်သည် ၀ှက်ထားသော အဓမ္မလူဖြစ်၍ စာတန်အဖြစ်ကိုယ်ခန္ဓာ၌ ထင်ရှားလာလိမ့်မည်။
၂သက် ၂း၇

၂။ အန္တိခရစ်၏ မူလအစ

(၁) “ဟေရှာယ၏ကြိုတင်တွေ့မြင်ချက်”

ဟေရှာယကျမ်း ၁၁း၎တွင်မေရှိယသခင်သည် ဆိုးသောသူအပေါင်း အနိုင်ယူမည့်အကြောင်းရေးသား
ထားသည်။ အခန်း ၁၁ တစ်ခုလုံးသည်မေရှိယသခင်အကြောင်းအဓိကရေးထားးသော်လည်း တခြားအကြောင်း
များလည်းပါဝင်နေသည်။
“သူသည်ဆင်းရဲသားတို့၏ အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသော မြေကြီးသားတို့ဘက်၌နေ
လျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ မြေကြီးကို နှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍ ဆိုးသော သူ
ကို နှုတ်ခမ်းထွက်သဖြင့် ကွပ်မျက်လိမ့်မည်”ဟု ရေးသားထားလေသည်။ ရှင်ပေါလုက –
“ထိုအဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို သခင်ယေရှုသည် နှုတ်ထွက်ဝိညာဉ်တော်အားဖြင့်
ဖျက်ဆီး၍ ကြွလာတော်မူခြင်း၏ ရောင်ခြည်အားဖြင့်ပယ်ရှားတော်မူလိမ့်မည်” (၂သက် ၂း၈)ဟုမိန့်ဆိုပြန်သည်။
ပရောဖက်ဟေရှာယနှင့် တမန်တော်ပေါလုတို့ဆိုထားသည်မှာ တခြားပုဂ္ဂိုလ်တပါးပါးကို ရည်ညွန်းထားခြင်းမရှိ
ကြောင်း ထင်ရှားစွာ တွေ့ရှိရသည်။
ဟေရှာယ ၁၄း၎-၁၇ တွင် ဗာဗုလုန်ရှင်ဘုရင်ကို ဖေါ်ပြထားပြီး ထိုသူသည် သူ၏ဒေါသဖြင့် လူများကို
ပြင်းထန်စွာနှိပ်ကွပ်လျက် အုပ်ချုပ်မည်ဖြစ်ပြီး သူ၏မာရ်မာနကို လည်းဆက်လက်၍ –
“ကောင်းကင်ပေါ်သို့ငါတက်မည်။ ဘု၇ားသခင်၏ကြယ်တို့အပေါ်မှာ ငါ့်ပလ္လင်ကို ငါချီးမြောက်မည်။ မြောက်မျက်
နှာဘက် ဗျာဒိတ်တော်တောင်ပေါ်မှာ ငါတက်မည်။ အမြင့်ဆုံးသော ဘု၇ားကဲ့သို့ ငါနေမည်”ဟူ၍၀ါကြွားခဲ့သည်။
ဤကဲ့သို့သော ဘုရင်ကို လူစီဖာဟုခေါ်၍ မိုသောက်ကြယ်ဟူ၍လည်းခေါ်တွင်ပြီး သူ၏ကျဆင်းခြင်းအ
ကြောင်းကို လည်းဖေါ်ပြခဲ့ပြီးဖြစ်သည်။ သူ့ကိုမြေကြီးမှောင်မိုက်သို့လည်းကောင်း၊ ငရဲသင်္ချိုင်းသို့လည်းကောင်း၊
နှင်ချခြင်းကိုခံရသောအခါ လောကီရှင်ဘု၇င်များအားလုံး တုန်လှုပ်ခြောက်ခြားသွားရလိမ့်မည်။ လောကီရှင်ဘု
ရင်များက သူ့ကိုတွေ့မြင်သောအခါ –
“မြေကြီးကိုတုန်လှုပ်စေလျက် တိုင်နိုင်ငံများကို လှုပ်ချောက်သောသူကား ဤသူလော။ လောကီနိုင်ငံကိုတောကဲ့
သို့ ဖြစ်စေလျက်၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံ၇သောသူကို မိမိနေ၇ာသို့တဖန်မလွတ်သောသူလော”
ဟူ၍ပြောဆိုကြလိမ့်မည်။
ဤနေ၇ာ၌ ဖော်ပြထားသကဲ့သို့ သော ဘုရင်မျိုးဗာဗုလုန်ရှင်ဘု၇င်များ၌ မပေါ်ထွန်းခဲ့သေး။ ထို့
ကြောင့် ဗာဗုလုန်နိုင်ငံတော်ပြန်လည်တည်ထောင်လာသောအခါ အုပ်ချုပ်မည့် ရှင်ဘုရင်ကို ဆိုလိုခြင်းဖြစ်
ပေသည်။
အခန်းငယ် ၁၂မှ ၁၄အထိ သည် စာတန်ကို ရည်ညွန်းခြင်းဖြစ်ပြီး၊ သူ၏ကျဆင်းခြင်းကို ဖေါ်ပြထားလေ
သည်။ အနာဂတ်ဗာဗုလုန် ရှင်ဘုရင်အဖြစ်ပေါ်ထွန်းလာမည့် အန္တိခရစ်ထဲသို့ဝင်စားကာ အန္တိခရစ်အဖြစ်ပေါ်
လာမည့်မာရ်မာန၏ အ၇င်းခံအကြောင်းဖြစ်လေသည်။ စာတန်ကျရှုံးခဲ့ရသကဲ့သို့ သူသည်လည်း ကျရှုံးကာ
ပျက်ဆီးရလိမ့်မည်။

(၂) ဒံယေလတွေ့ရသော ရူပါရုံ။ ဒံ ၇း၇-၈၊ ၁၉-၂၆

ဒံယေလတွေ့ရသော စတုတ္ထသားရဲ (ဒံ ၇း၇-၈၊ ၁၉-၂၆)

တပါးအမျိုးသားအခန်း (အပိုင်း ၁)တွင် ဒံယေလတွေ့သောရူပါရုံထဲ၌ စတုတ္ထသားရဲ၏ဦးချိုဆယ်
ချောင်းမှ ချိုငယ် တစ်ချောင်းထွက်လာခဲ့ကြောင်းသိရှိပြီးဖြစ်သည်။ ထိုချိုငယ်သည် လူမျက်စိတွေနှင့်ပြည့်ပြီး
ကြီးကျယ်သော စကားကိုပြောသည့်နှုတ်နှင့်လည်းကောင်း ပြည့်စုံသည်ဟုဆိုပြန်သည်။ (ဒံ ၇း၇-၈) ဒံယေလ
သည် ဤရူပါရုံကို တွေ့စဉ်သူနား၌ ထိုင်နေသော အသက်ကြီးသူတစ်ဦးက စတုတ္ထသားရဲသည် မည်သည့်တိုင်း
နိုင်ငံနှင့်မတူ ထူးခြားသည့် နိုင်ငံဖြစ်ပြီး တစ်ကမ္ဘာလုံးကို နိုင်ယူ၍ နှိမ်နှင်းအုပ်ချုပ်လိမ့်မည်ဟုဆို၏။ ချိုဆယ်
ချောင်းသည် ထိုနိုင်ငံမှ ဘု၇င်ဆယ်ပါးပေါ်လာပြီး ၎င်းတို့နောက်တွင် ထူးဆန်းသော ဘု၇င်တစ်ပါးပေါ်လာ
ဦးမည်။ သူသည် ယခင်ဘု၇င်နှင့် အတူထုးခြားပြီး ဘု၇င်သုံးပါးကိုလည်း ရာထူးချ၍ ရှုံးနိမ့်စေလိမ့်မည်။ သူသည်
ထာ၀၇ဘု၇ားသခင်ကိုလည်း ကဲ့ရဲ့ပြစ်တင်လိမ့်မည်။ သန့်ရှင်းရာဌာနကိုလည်း ညစ်ညမ်းစေပြီး၊ သူတို့၏ဘာ
သာရေးဝတ်ပြုကိုးကွယ်မှုကိုလည်းဆန့်ကျင်လိမ့်မည်။ ဣသေ၇လလူမျိုးသန့်ရှင်းသူ၏ လက်အောက်၌ သုံးနှစ်ခွဲ
အသက်ရှင်ရလိ့်မ်မည်။ ထိုနောက် တရားစီရင်ခြင်းရှိလိမ့်မည်။ သူ၏ အခွင့်အာဏာကိုနှုတ်ယူပြီး သူ့ကိုလည်း
ရှင်းလင်းဖျက်ဆီးကြလိမ့်မည်ဟု ဒံယေလ၌ ရေးသားထားလေသည် (ဒံ ၇း၂၂-၂၅)။

သိုးသူငယ် (ဒံ ၈း၁-၂၇) ဆိတ်ထီး

၎င်းနောက် ဒံယေလသည် သိုးတစ်ကောင်နှင့်ဆိတ်တစ်ကောက်တိုးခွေ့နေသည်ကို တွေ့မြင်လေသည်။
(ဒံ ၈း၁-၁၂) ဆိတ်၌ အားကြီးသော ချိုတစ်ချောင်း မျက်စိကြားမှ ပေါက်လေသည်။ ကြီးများလာသောအခါ ကျိုး
၍ ၎င်းနေရာတွင် ချိုလေးချောင်းပေါက်ပြန်၏။
“ထိုချိုလေးချောင်းတွင် တစ်ချောင်းထဲက အခြားသောချိုထက်တစ်ချောင်းပေါက်ပြန်၍ တောင်အ၇ပ်သို့
၎င်း၊ ရှေ့သို့၎င်း၊ သာယာသောပြည်တို့၎င်း၊ မျက်နှာပြု၍ အလွန်ကြီးမားခြင်းသို့ ရောက်လေ၏။ ကောင်း
ကင်ဗိုလ်ခြေတိုင်အောင်ကြီးမား၍ ထိုဗိုလ်ခြေအချို့တို့နှင့် ကြယ်အချို့တို့ကိုမြေသို့ချ၍ နင်းခြင်း၊ ကိုပြု
လျက်၊ နေ့ရက်အစဉ်ပြုသော ၀တ်ကိုပယ်၍ သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလေ၏” ဟုရေးသားထား
သည်။ (ဒံ ၈း၉-၁၀)
ဒံယေလသည် ရူပါရုံကိုသိလိုသောအခါ ကောင်းကင်တမန်တစ်ပါးက သင်တွေ့သော သိုးထီးသည်မေ
သိပေရသိရှင်ဘုရင်ဖြစ်ကြောင်း၊ ဆိတ်ထီးသည် ဂရိနိုင်ငံဘုရင်ဖြစ်ကြောင်း နှင့် ချိုကြားမှချိုငယ်တစ်ချောင်း
သည်သီးခြားထူးဆန်းသည့် ဘုရင်တစ်ပါးဖြစ်ကြောင်းပြောပြလေသည်။ ချိုကြီးကျိုး၍ လေးချောင်းပေါက်လာ
ခြင်းသည် နိုင်ငံလေးနိုင်ငံဖြစ်ပေသည်။ ၎င်းနောက် လေးချောင်းမှ ချိုတက်ကလေးသည် အနာဂတ်၌ ပေါ်ပေါက်
လာမည့်ပုံသဏ္ဍာန်ရှိသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ လေးနိုင်ငံသည် ဂရိနိုင်ငံကျရှုံးခြင်းကို မဆိုလိုပေ။ လေး
နိုင်ငံသည် ကမ္ဘာကိုကြည့်စေပြီး ၎င်းတို့ကျရှုံးသည့်အချိန်သည် လူသားများဒေါသထွက်ရမည့် အချိန်ဖြစ်ပေမည်။
“ထိုနိုင်ငံတို့၏ အဆုံးစွန်သောကာလ၌ လွန်ကျူးသောသူတို့၏ အပြစ်ပြည့်စုံသောအခါ ရဲရင့်သောမျက်
နှာရှိ၍ ပရိယာယ်တို့ကိုနားလည်သော မင်းကြီးတစ်ပါးပေါ်လာလိမ့်မည်။ ထိုမင်းကြီးသည် ကိုယ်တန်ခိုး
မရှိဘဲလျှက် တန်ကြီးလိမ့်မည်။ အထူသဖြင့် ဖျက်ဆီး၍ တိုးပွားအောင်မြင်လိမ့်မည်။ စွမ်းအားကြီးသော
လူစု၊ သန့်ရှင်းသော လူစု(ယုဒ) ကိုပင်ဖျက်ဆီးလိမ့်မည်။ သူသည်လိမ္မာစွာပြုသဖြင့် မုသားလည်း
အောင်မြင်လိမ့်မည်။ (သားရဲ၏အမှတ်တံဆိတ်မပါရှိသူများ ရောင်းဝယ်ခြင်းမပြုရန်တားမြစ်လေသည်
ဗျာ ၁၃း၁၇) စိတ်ထောင်လွှားခြင်း (၂သက် ၂း၃၊၄) နှင့် မိဿဟာယဖွဲ့သောအားဖြင့် လူများတို့ကို ဖျက်
ဆီးခြင်းပြု၍ သခင်တို့၏ သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည်။ သို့သော်လည်း လူလက်ဖြင့် ဒဏ်မခတ်
ဘဲ ကျိုးပဲ့ပျက်စီးခြင်းသို့ရောက်လိမ့်မည်”ဟု (ဒံ ၂၃း၂၅) ၌မိန့်ဆိုထားသည်။
အထက်ဖေါ်ပြပါ ချိုငယ်နှင့် ၀ံကဲ့သို့ပုံသဏ္ဍာာန် အကျင့်စရိုက်ရှိသာအကောင်သည် နောင်ပေါ်လာမည့်
အန္တိခရစ်ပင်ဖြစ်သည်။ ကမ္ဘာ့ဘုရင်များ၏သမိုင်းကိုလေ့လာကြည့်သောအခါ အမြင့်ဆုံးသောထာဝရဘုရားသခင်
ကိုဤမျှလောက်ဆန့်ကျင်ဖီလာပြုပြီး ကဲ့ရဲ့ရှုတ်ချသော ဘုရင်မျိုးမပေါ်ပေါက်ခဲ့သေး။ တချုတ့သူများက အာရှုရိ
ဘုရင် အန္တိသြဂါစ်အီဖာဖတ်စ် (Antiochus Ephiphanes)သည် အန္တိခ၇စ်ဖြစ်သည်ဟု ယူဆခဲ့သည်။ ထိုဘုရင်
အနိစ္စရောက်သောအခါ တခြားဘု၇င်များနှင့်မခြာပေ။ (BC. ၁၇၅-၁၆၅) အန္တိခ၇စ်အနိစ္စရောက်ခြင်းသည် လူ
လက်အားဖြင့် သတ်၍သေခြင်းမျိုးမဟုတ်ဘဲ၊ နိုင်ငံတော်သည်လည်း လူအားဖြင့် ထုလုပ်သည့် ကျောက်မဟုတ်
ဘဲမိုးကောင်းကင်မှ ကျရောက်လာသည့်ကျောက် (ခရစ်တော်)၏ထိခိုက်ခြင်းအားဖြင့် အမှုန့်ညက်ညက်ကျေ
ပျက်ဆီးခြင်းခံလိမ့်မည်ဟုသိရှိရသည်။ (ဒံ ၂း၃၄-၂၅၊ ၄၄၊ ၄၅) ခရစ်တော်၏ မီးရောင်ခြည်တော်နှင့် ဘုန်းတန်
ခိုးတော်အားဖြင့် အန္တိခ၇စ်ကိုဖျက်ဆီးကာ (၁သက် ၂း၈) ထာဝရအိုင်ထဲသို့ ချပစ်ခြင်းလည်းခံရလိမ့်မည်။ (ဗျာ
၉း၂၀) သန့်ရှင်းသာဧလိယနှင့် ဧနောက်သည်အရှင်လတ်လတ်၊ အသေမခံဘဲချီဆောင်ခြင်းခံရသကဲ့သို့ ဆိုး
သွမ်းသောသူ၊ မြွေဟောက်နှင့် မိစ္ဆာပရောဖက်ကိုလည်း အရှင်လတ်လတ်အသေမခံဘဲ မီးအိုင်ထဲသို့ချခြင်းခံရ
လိမ့်မည်။
ဒံယေလအခန်း ၇ နှင့် ၈၌ရှိသော ချိုငယ်သည် တစ်ခုနှင့်တစ်ခုမတူကြောင်း၊ အခန်း ၇၌ချိုငယ်သည်
စတုတ္ထသားရဲမှ ပေါက်လာသဖြင့် ၎င်းသည်ရောမအင်ပါယာဖြစ်ပေသည်။ အခန်း ၈တွင် ချိုငယ်သည်ဆိတ်၏
ချိုလေးချောင်းမှ ပေါက်လာသဖြင့် ၎င်းသည်ဂရိနိုင်ငံဖြစ်သည်ဟုခံယူကြသည်။ ဤသို့ဖြစ်ရခြင်းသည် ရှင်ယော
ဟန် တွေ့ခဲ့သည့် ရောမနိုင်ငံပြန်လည်ထူထောင်လာမည့် ရူပါရုံကိုမေ့ထားသောကြောင့်ဖြစ်ပေသည်။ (ဗျာ ၁၃း
၁-၂) ဤအရာသည် ရောမအင်ပါယာကျရှုံးသည့် အချိန်၌သာပေါ်ပေါက်လာသဖြင့် ဗာဗုလုန်၊ ပါးရှား၊
ဂရိနှင့် ရောမအင်ပါယာများ၏ စရိုက်လက္ခဏာနှင့်တူညီကြောင်းဖော်ပြလို၍ လည်းဖြစ်နိုင်ပေမည်။ ရှင်ယောဟန်မြင်
သည့် ရူပါရုံ၌ သားရဲသည် သမုဒ္ဒရာမှထွက်ပေါ်လာသည်ဟုဆိုသည်။ ဒံယေလတွေ့သည့် ကျားသစ်သည်ဂရိ
နိုင်ငံကို ပုံဆောင်ပြီး၊ သားရဲ၏ခြေသည် ၀ံခြေကဲ့သို့ရှိခြင်းသည် ပါးရှားနိုင်ငံကို ပုံဆောင်ထားလေသည်။ ခြင်္သေ့
၏ပါးစပ်သည် ဗာဗုလုန်ကို ပုံဆောင်သည်။ သားရဲ၏ကိုယ်သည် ကျားသစ်ကဲ့သို့ဖြစ်သည်။ ဂရိနိုင်ငံကို ပုံဆောင်
ပြီးနောက်ပေါ်ပေါက်လာမည့် ရောမအင်ပါယာနှင် ဂရိနိုင်ငံမဟာမိတ်ဖြစ်ခြင်းကို ဖေါ်ညွှန်းထားလေသည်။ ထို့
ကြောင့် နောင်ပေါ်လာမည့် အင်အားကြီး ဆယ်နိုင်ငံပြည်ထောင်စုကြီးထဲတွင် ဂရိနိုင်ငံမှခွဲထွက် ခဲ့သောနိုင်ငံ
လေးနိုင်ငံလည်းပါဝက်လိမ့်မည်ဖြစ်သည်။ ၎င်းလေးနိုင်ငံမှာ အီဂျစ်၊ မာကေဒေါနိ၊ ရှုရိနှင့် တန်ရေးစ် စသည်တို့
ဖြစ်သည်။ ထို့ကြောင့် ယခုကျွန်ုပ်တို့သည် ဆိတ်ထီးဦးချိုငယ်နှင့် သားရဲ၏ချိုငယ်သည် ဆီးရီးယား(ရှုရိ)ဘုရင်
အန္တိသြဂါစ့်(Antiochus) အသက်တာ၌ပြည့်စုံခဲ့လေပြီ။ ဤဘုရင်၏အကျင့်စရိုက်နှင့် အန္တိခ၇စ်၏အကျင့်စရိုက်
တို့သည် အများအားဖြင့် တူညီခဲ့သော်လည်း ကွဲလွဲချက်များလည်းရှိသေးသည်။ ၎င်းဘုရင်သည် ပါလက်စတိုင်း
ရှိဗိမ္မာန်တော်ထဲ၌ ၀က်မကို ယဇ်ပူဇော်ခြင်းအားဖြင့် ဂျူးလူမျိုးကိုညှင်းပန်းနှိပ်စက်ခဲ့လေသည်။ ဤကဲ့သို့ပြုမူ
ခြင်းသည် (ဒံ ၈း၉-၁၃) ကိုပြည့်စုံစေလေသည်။
ဘေးဒဏ်ကာလ၌ တိတ်ဆိတ်ငြိမ်ဝပ်သော အချိန်တစ်ချိန်ရှိရာ ၎င်းသည် ဘေးဒဏ်ကာလ၏ အလယ်
၌ဖြစ်ပျက်လိမ့်မည်။ သခင်ယေရှုခရစ်တော်သည် ၎င်းအချိန်မရောက်ရှိသေးကြောင်း မိန့်ကြားခဲ့လေသည်။ (မ
၂၄း၁၅) ထို့ကြောင့် ဘုရင်သြဂတ်စတင်းသည် ထိုချိုငယ် မဖြစ်နိုင်ချေ။ (ဒံ ၈း၉၁၃) ဤအဖြစ်အပျက်သည်
အနာဂတ်တွင် ရှိသေးကြောင်း နားလည်နိုင်သည်။
သမိုင်းကို တဖန်ကြည့်သောအခါ ဆိတ်ထီး၏ ဦးချိုသည် အလက်ဇဒြီးယားကို ပုံဆောင်ပြီး သူသေပြီး
နောက် နိုင်ငံလေးနိုင်ငံကွဲပြားသွားသည်။ ၎င်းလေးနိုင်ငံသသည် ချိုလေးချောင်းဖြစ်သည်။ ယင်းနိုင်ငံများသည်
လည်း နောက်ဆုံးသောအချိန်တွင် ရောမနိုင်ငံနှင့် မဟာမိတ်အဖြစ်ပူးပေါင်းသွားခဲ့သည်။
ပရောဖက်ဒံယေလသည် အထက်ပါရူပါရုံကို မြင်ပြီးနောက် ၁၅နှစ်ကြာသောအခါ နောက်ထပ်ရူပါရုံသုံး
မျိုးကို တွေ့မြင်ရသေးသည်။ ၎င်းသည် မြောက်ရှင်ဘုရင်နှင့် တောင်ရှင်ဘုရင်နယ်ချဲ့ပြီး စစ်ခင်းသည့်အကြောင်း
အရာဖြစ်သည်။ (ဒံ ၁၁း၁-၄၅)

ဒံယေလသည် ဤရူပါရုံမှတဆင့် ချိုငယ် (အန္တိခရစ်)သည်ဤနိုင်ငံလးနိုင်ငံမှ ပေါ်ထွန်းလာရောက်မည်
ဖြစ်ကြောင်းသိခဲ့ရသည်။ ထို့ကြောင့် အနာဂတ်တွင်ပေါ်ပေါာက်လာမည့် အန္တိခရစ်သည် ဆီးရီးယားမှဖြစ်နိုင်
ကြောင်းသိရသည်။ (ဒံ ၈း၉၊ ၁၁း၁၄၊ ၄၁)
တောင်ပိုင်းနှင့် မြောက်ပိုင်းသည် သာယာသည့်ဒေသ(ပါလက်စတိုင်း) မှဗဟိုပြုပြီး တဆင့်ဆိုလိုခြင်းဖြစ်
သည်။ (ဒံ ၁၁း၂၁-၃၁) မြောက်ပိုင်းသည် ဆီးရီးယားဖြစ်၍ တောင်ပိုင်းသည် အီဂျစ်ဖြစ်ပေသည်။ ထာဝရဘုရား
သခင်ယေရှုက ယေရုဆလင်မြို့သည် ဤကမ္ဘာမြေပုံ၏ အလယ်ဗဟိုသတ်မှတ်ထားလေသည်။ မြောက်ရှင်
ဘုရင်သည် အာရှုရိကိုဆိုလိုသော်လည်း ၎င်းထဲတွင် ရှုရိနိုင်ငံလည်းပါဝင်ပေသည်။ ထို့ကြောင့် အန္တိခရစ်ပေါ်
ပေါက်လာမည့် ဒေသကိုလည်း ခန့်မှန်း၍ ရရှိနိုင်လေသည်။ ( ဟေ ၁၀း၁၂) ၌ –
“သို့သော်လည်း ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ယေရုဆလင်မြို့အမှုတော်ကို လက်စသတ်တော်
မူပြီးမှ၊ အာရှုရိဘု၇င် မာနထောင်လွားခြင်း၊ မော်သောမျက်နှာနှင့် စော်ကားခြင်းများကို ငါကြည့်ရှုစီရင်
မည်” ဟုရေးသားထားသည်။ ၎င်းအပြင် (ဟေ ၁၄း၂၅) ၌လည်း –
“ငါ၏မြေပေါ်မှာ အာရှုရိမင်း (အန္တိခရစ်) ကိုငါနှိပ်စက်မည်။ ငါ၏တောင်ရိုးပေါ်မှာခြေဖြင့်ကျော်နင်းမည်
ဟု ငါကြံစည်သည်အတိုင်း ဖြစ်၍ငါစီရင်ချက်သည် တည်လိမ့်မည်။ ထိုအခါသူ၏ထမ်းပိုးကို သူတပါးအ
ပေါ်က ရွေ့၍ သူတို့ပခုံးပေါ်မှာတင်သောဝန်ကို ချရသောအခွင့်ရှိရလိမ့်မည်။”ဟူ၍လည်းမိန့်မှာထား
သည်။
ဤပရောဖက်ပြုချက်သည် ဂျူးလူမျိုးများမိမိတိုင်းပြည်သို့ပြန်လာပြီးနောက် စာတန်တည်းဟူသော အန္တိ
ခရစ်ရှေ့မှောက်၌ ပျက်စီးလုနီးပါးအချိန်တွင် ကလဲစားချေသည့် အနေဖြင့်မိန့်ဆိုသောစကားဖြစ်ပေသည်။
ဒံယေလမြင်တွေ့သည့် တတိယမြောက်ရူပါရုံနှင့် စပ်လျဉ်း၍ အောက်ပါသုံးချက်ပါဝင်ကြောင်းသိရလေသည်။
(က) စတုတ္ထသားရဲမှ ချိုငယ်သည် နောက်ဆံုးသောကာလ၌ပေါ်ပေါက်လာမည့် ကြောက်ရွံ့စရာကောင်းသော၊
အံ့သြဘွယ်ရာဖြစ်သည့် ထိုပုဂ္ဂိုလ်ကိုဆိုလိုပေသည်။
(ခ) ဆိတ်ထီး၏ဦးချိုလေးကျိုးပဲ့သည့်နေရာမှ ထွက်လာသည့် ချိုကြီးသည် ဂရိအင်ပါယာရှင်ဘုရင်ဖြစ်သည်။
အာလက်ဇဒြီးယား ကွယ်လွန်ပြီးနောက် နိုင်ငံလေးနိုင်ငံ ထွက်ပေါ်လာရလိမ့်မည်။
(ဂ) မြောက်ရှင်ဘုရင်ကို တွေ့မြင်သည့် ရူပါရုံမှာ ကြောက်မက်ဖွယ်ရာကောင်းသည့် ပုဂ္ဂိုလ်သည် အလက်ဇဒြီး
ယား၏ ပြည်နယ်ဖြစ်သော ဆီးရီးယားမှထွပ်ပေါ်လာလိမ့်မည်။
အန္တိခရစ်သည် အများအားဖြင့် ဆီးရီးယားဂျူးမှပေါ်ပေါက်လာလိမ့်မည်ဟု ခန့်မှန်းနိုင်ပေသည်။ အဘယ့်
ကြောင့်ဆိုသော် ပေါ်လာမည့် အန္တိခ၇စ်သည် ဂျူးအနွယ်မဟုတ်ပါက မေရှိယသခင်အဖြစ်သူ့ကိုလက်ခံလိမ့်မ
ဟုတ်ပေ။ သို့သော် အန္တိခရစ်သည် ရောမအ်ပါယာ ပြန်လည်ရှင်သန်လာပြီးနောက် ထိုအင်ပါယာထဲမှပေါ်လာ
မည်မဟုတ်ဟူ၍ မည်သူမျှမပြောနိုင်ချေ။ ဥပမာအားဖြင့် တာရှုမြို့မှာ ရှောလုသည် ဂျူးနွယ်ဝင်ဖြစ်ပြီး ရောမနိုင်ငံ
သားလည်းဖြစ်ပေသည်။

(၃) ရှင်ပေါလုတွေ့မြင်သော ရူပါရုံ

ရှင်ပေါလုသည် သက်သာလောနိတ်အသင်းတော်သို့ရေးသားသည့် အခါဤသို့ရေးခဲ့လေသည်။ သူက –
“ “အဘယ်သူမျှ သင်တို့ကိုအဘယ်သို့သောအားဖြင့် မလှည့်ဖြားစေနှင့်။ ထိုနေ့ရက် (သခင်ဘု၇ားနေ့ရက်) မ
ရောက်မှီဖောက်ပြန်ခြင်း၏သားတို့သည် ပေါ်လာရလိမ့်မည်။ ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊
ခေါ်ဝေါ်သမျှသောအရာတို့ကို ရန်ဘက်ပြု၍ ကိုယ်ကိုကိုယ် ချီးမြောက်သောအားဖြင့် ဘု၇ားသခင်၏ဗိမ္မာန်တော်
၌(ယေရုရှလင်မြို့၌ ပြန်လည်ဆောက်လုပ်မည့် ဗိမ္မာန်တော်) ဘု၇ားသခင်ကဲ့သို့ထိုင်၍ ဘုရားသခင်ဖြစ်ယောင်
ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သတည်း။ ၀ှက်ထားလျက်ရှိသော ထိုအဓမ္မအရာသည်ယခု(ပေါလုအချိန်
အခါ) ပင်ပြုပြင်ဆဲရှိ၏။ သို့သော်လည်း ဆီးတားသောအရာ (သန့်ရှင်းသော ၀ိညာဉ်တော်) သည်ပယ်ရှင်းခြင်း
သို့ရောက်သောအခါ အဓမ္မလူသည် ထင်ရှားလိမ့်မည်။ ထိုအဓမ္မလူကို ဘုရားသခင်ယေရှုသည် နှုတ်ထွက်
ဝိညာဉ်တော်အားဖြင့်ဖျက်ဆီး၍ ကြွလာတော်မူခြင်း၏ေ၇ာက်ခြည်အားဖြင့် ပယ်ရှားတော်မူလိမ့်မည်။ ထိုအဓမ္မ
လူ၏ လာခြင်းအကြောင်းကား၊ စာတန်ပြုပြင်သောအားဖြင့် မုသာနှင့် ဆိုင်သောထူးဆန်းသော တန်ခိုး၊ နိမိတ်
လက္ခဏာအံ့ဘွယ်သော အမှုအမျိုးမျိုးနှင့်၊ ပျက်စီးခြင်းသို့ရောက်သော သူတို့တွင် မတရားသောလှည့်ဖြားခြင်း
အမျိုးမျိုးနှင့် ၎င်းလာလိမ့်မည်။ အကြောင်းမူကား၊ ထိုသူတို့သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ သမ္မာတ
ရား၌ မွေ့လျော်သော မိတ်ဆွေကို မခံမယူကြ” ”ဟုရေးသားထားသည်။

အမေရိကန်သမ္မာကျမ်းစာ (American Standard Version)၌ အဓမ္မလူ
(Mystery of Law- lessness or Lawless One) ဟူ၍ ရေးသားထာသည်။ သမ္မာကျမ်းစာ၌
ဤဝေါဟာရကို နှစ်ကြိမ်သုံးစွဲထားသည်။ ပထမ
တစ်ကြိမ်မှာ ယုဒရှကာရုတ်ကို သုံးနှုန်းထားပြီး နောက်တစ်ကြိမ်မှာ အန္တိခ၇စ်ကို သုံးစွဲထားလေသည်။
ခ၇စ်တော်ကိုကား မှန်သောနက်နဲသည့် အရာဟူ၍ သုံးနှုံးထားလေသည်။ (၁တိ ၃း၁၆) မှန်ကန်သော
နက်နဲသည့်အရာဆိုသည်မှာ ဘု၇ားသခင်သည်လူ့ဇာတိခံယူပြီး လူခန္ဓာကိုယ်အားဖြင့် ဖေါ်ပြခြင်းကိုဆိုလိုသည်။
သန့်ရှင်းသောဝိညာဉ်တော်က အပျိုကညာမာရိကို လွမ်းမိုးစေပြီးနောက် ယေရှုကိုဖွားမြင်စေလေသည်။ (လု ၁း၃၅)
ထိုနည်းတူ အန္တိခ၇စ်လည်း လူ့ဇာတိခန္ဓာကိုယ်ဖြင့် ဖေါ်ပြအုံးမည်။ သို့သော်လည်း သူသည် အပျိုကညာ
အားဖြင့် မွေးဖွားခြင်းမခံယူသဖြင့် အဓမ္မလူ၊ ပျက်စီးခြင်းသားဟူ၍ သမုတ်ထားလေသည်။ ဤအနက်ဖွင့်ခြင်း
သည် အသစ်သောအနက်အဓိပ္ပါယ်ဖွင့်ဆိုခြင်းမဟုတ်ဘဲ ရှင်ယောဟန်လက်ထက်မှစ၍ ယခုအထိ ယုံကြည်သူ
အများက ဖွင့်ဆိုထားခြင်းပင်ဖြစ်သည်။
က ၃း၁၅ ၌သင်နှင့် မိန်းမကို၎င်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကို၎င်း၊ ငါသည်ရန်ငြိုးဖွဲ့
စေမည်။ သူသည် သင်၏ဦးခေါင်းကိုကြိတ်လိမ့်မည်။ သင်သည် သူ၏ဖနောင့်ကို ကြိတ်လိမ့်မည်ဟု မိန့်ဆိုထား
သည်။ မိန်းမ၏အမျိုးအနွယ်သည် ခ၇စ်တော်ယေရှုကိုရည်ညွန်းပြီး မြွေ၏အမျိုးအနွယ်သည် အန္တိခရစ်ကို ဆိုလို
သည်။ ခရစ်တော်ယေရှုက ယုဒလူများကို ဤကဲ့သို့ မိန့်မှာထားလေသည်။
“သင်တို့သည် သင်တို့၏အဘတည်းဟူသော မာရ်နတ်မှဆင်းသက်ကြ၏။ သင်တို့အဘ၏အလိုသို့
လည်းလိုက်တတ်ကြ၏။ သူ၌သစ္စာမရှိသောကြောင့် သစ္စာတရား၌မတည်မနေ။ သူသည်မုသားစ
ကားကိုပြောသောအခါ မိမိပကတိအတိုင်းပြော၏။ မုသားစကား၌ကျင်လည်သူဖြစ်၏။ မုသာ၏အဘ
လည်းဖြစ်၏”ဟု မိန့်မှာခဲ့သည်။ (ယော ၈း၄၄)
တဖန်ဆက်လက်၍ ၂သက် ၂း၁၁၊ ၁၂ ၌လည်း –
“သမ္မာတရားကိုမယုံဘဲ မတရားသောအမှု၌ မွေ့လျော်သောသူအပေါင်းတို့သည် တရားရှုံးခြင်းသို့
ရောက်မည့်အကြောင်း၊ မုသာစကားကို ယုံစိမ့်သောငှါ၊ မိစ္ဆာဒိဌိပြုပြင်အားထုတ်ခြင်းအခွင့်ကိုသူတို့
၌ ဘု၇ားသခင်လွှတ်တော်မူလိမ့်မည်”ဟုရေးသားထားသည်။
မုသာစကား၌ ကျင်လည်၍ပြောသောသူသည် ပျက်စီးခြင်း၏ သားကိုဆိုလိုခြင်းဖြစ်ပေသည်။ သို့ဖြစ်
လျှင် ယုဒရှကာရုတ်ကိုအဘယ့်ကြောင့် ပျက်စီးခြင်း၏သားဟူ၍ခေါ်ခဲ့သနည်း။ ယေရှုဘု၇ားက သင်တို့သည်
ငါ့ကိုရွေးသည်မဟုတ်။ သို့သော်သင်တို့အထဲတွင် ရန်သူတစ်ဦးပါသည်ဟု ဆိုခဲ့လေသည်။ (ရန်သူဆိုသည်
မှာ မာရ်နတ်ကိုဆိုလိုခြင်းဖြစ်သည်။) သမ္မာကျမ်းစာတစ်အုပ်လုံး၌ လူကိုနတ်ပူး၍ ခေါ်ဝေါ်သမုတ်ခြင်းသည်
ဤနေရာတစ်နေရာ၌သာတွေ့ရသည်။ (ယော ၆း၇၀-၇၁) ထို့ကြောင့် ယုဒရှကာရုတ်သည်လည်း အဓမ္မလူ၊ ပျက်
စီးခြင်း၏သားဖြစ်ပေသည်။ ကျမ်းစာထဲ၌ ကျဆုံးခြင်းနှင့် ပျောက်ဆုံးသွားခြင်းသည် တစ်ခုတည်းကိုသာဆိုလို
သည်။ (၁တိ ၆း၉၊ ဟေဗြဲ ၁၀း၃၉) ကျဆုံးရခြင်းသည် ကျသည့်နေ၇ာရှိသည်။ (ဗျာ ၁၇း၈၊ ၁၁) ပျက်စီးခြင်း၏
သားဟုဆိုရာတွင် လူတစ်ဦးသည် ကြီးမားသောအပြစ်ပြုသည့်အခါ သူ့အတွက် ကယ်တင်ခြင်းနှင့် အပြစ်ခွင့်
လွှတ်ခြင်း ကျေးဇူးတော်မရှိဘဲ ပျောက်ဆုံးသွားသောကြောင့် ပျက်စီးခြင်းသားဟု ခေါ်ခြင်းဖြစ်သည်။ ထို့အတွက်
ကြောင့် ယုဒရှကာရုတ်နှင့် အန္တိခရစ်ကိုလည်း ပျက်စီးခြင်း၏ သားဟုခေါ်ဝေါ်သမုတ်ခြင်းဖြစ်သည်။ စာတန်သည်
စာတန်သည် ပျက်စီးခြင်းသို့သွားရာလမ်းကို ဖန်ဆင်းသူဖြစ်သဖြင့် သူ၏သားသမီးအမျိုးအနွယ်သည်လည်း
ဒီလမ်းကို လျှောက်နေကြသည်။ ၎င်းအပြင် စာတန်သည် သူတို့၏ စိတ်နှလုံးထဲ၌ လည်းရှိသဖြင့်သူတို့သည်
စာတန်၏ကိုယ်စားအစေခံများဖြစ်ကြရသည်။ (ယော ၁၇း၁၂)
ယုဒရှကာရုတ်နှင့် အန္တိခ၇စ်ကို ပျက်စီးခြင်း၏သားဟုခေါ်ဆို၇ာတွင် ၎င်းတို့နှစ်ဦးသည် ပျက်စီးခြင်းသား
တစ်ဦးတည်းဖြစ်သလော။ သို့မဟုတ် နှစ်ဦးကိုဆိုသလောဟူ၍ မေးစရာရှိသည်။ ဗျာ ၁၁း၇၌ အနက်ဆုံးသော
တွင်းထဲမှတက်လာသည့် သားရဲကသက်သေခံနှစ်ဦးကိုကွပ်မျက်သည်ဟုဆိုထားသည်။ သားရဲသည် ဤတွင်း
ထဲသို့မည်သို့ဝင်ေ၇ာက်ပြီး မည်သို့ထွက်လာကာ ကွပ်မျက်သနည်း။ ပျက်စီးခြင်း၏သားတစ်ဦးတည်းသာဖြစ်
လျှင် ယုဒရှကာရုတ်နှင့် အန္တိခရစ်သည် ၀ိညာဉ်တစ်ဦးတည်းသာဖြစ်လိမ့်မည်။ တ ၁း၂၅ ၌လည်း “ယုဒရှကာ
ရုတ်သည် မိမိနေ၇ာအရပ် (သေခြင်း၊ တွင်းနက်) သို့သွားအံ့သောငှါ ”ဟူ၍ ဆိုထားပြန်သည်။ ထို့ကြောင့်ဤ
တွင်းသို့ဝင်ရောက်ပြီင်္း ပြန်တက်လာသောသူကိုကြည့်လျှင် တစ်ဦးတည်းဖြစ်နိုင်ကြောင်းနာလည်ရလေသည်။
ယုဒရှကာရုတ်မှ တပါး အဘယ်သူမျှ“မိမိနေရာအရပ်သို့ သွားသည်” ဟုကျမ်းစား၌မရေးသားမဖေါ်ပြထာချေ။
ဗျာ ၁၇း၈ ၌လည်း“ယခုမြင်သောသားရဲသည် ဖြစ်ဘူးပြီး၊ ဖြစ်ဆဲမရှိ၊ အနက်ဆုံးသောတွင်းထဲကတက်၍ ဖျက်
ဆီးခြင်းသို့ရောက်လိမ့်မည်”ဟု ရေးသားထားပြန်သည်။ ဤသားရဲသည် သက်သေခံနှစ်ဦးကို ကွပ်မျက်သည့်
ထိုအန္တိခရစ်ပင်ဖြစ်သည်။ ဤသားရဲနှင့် ပတ်သက်၍ ကျွန်တော်တို့ဆင်ခြင်ဘို့ရန်လေးချက်ရှိပါသည်။ ဖြစ်ဘူး
ပြီး၊ ဖြစ်ဆဲမရှိ။ အနက်ဆုံးသောတွင်းထဲကတက်လာ၍ ပျက်ဆီးခြင်းသို့သွားသည်ဟူ၍ဖြစ်သည်။ ရှင်ယောဟန်
လက်ထက်၌ အန္တိခရစ်မပေါ်ပေါက်သေးချေ။ သို့သော်လည်းပေါ်ခဲ့ပြီးဖြစ်၍ ယခုမရှိ၊ မပေါ်ပေါက်သေးဟု ဆို
သည်။ သူသည်သေတွင်းမှ တက်လာသည်။ သည်နေရာ၌ ယုဒရှကာရုတ်နှင့် အန္တိခရစ်သည် ၀ိညာဉ်လောက
ထဲတွင်တစ်ဦးတည်းကိုသာ ရည်ညွန်းကြောင်းသိရသည်။ ယုဒရှကာရုတ် ဤကမ္ဘာပေါ်မှာအသက်ရှင်စဉ် ၎င်း
ကိုဖြစ်ခဲ့ပြီးဟုဆိုလိုခြင်းဖြစ်သည်။ အနာဂတ်ကာလအတွက် ဤအနက်ဆုံးသော တွင်းမှတက်လာ၍ ခန္ဓာကိုယ်
အနေနဲ့ အန္တိခရစ်အဖြစ်ပေါ်ထွန်းလာလိမ့်မည်။ ထို့ကြောင့် ယုဒရှကာရုတ်နှင့်သားရဲသည် နှစ်ပါးတစ်ဆူဖြစ်သည်
ဟုဆိုနိုင်သည်။ သို့သော်လည်း ၌သို့ဖြစ်ရမည်ဟု အတည်မပြောနိုင်ပါ။

(၄) ရှင်ယောဟန် တွေ့သောရူပါရုံ

ပင်လယ်မှထွက်လာသောသားရဲ အနီရောင်ရှိသောသားရဲ
(ဗျာ ၁၃း၁-၇) (ဗျာ ၁၇း၃၊ ၇း၁၇)

ရှင်ယောဟန်သည် ပတ်မုကျွန်း၌ အန္တိခရစ်ကိုရူပါရုံထဲတွင်တွေ့မြင်သောအခါ ဤသို့မိန့်မှာခဲ့လေသည်။
“ပင်လယ်နား၌ သဲပေါ်မှာ ငါရပ်၍သားရဲတစ်ကောင်သည် ခေါင်းခုနှစ်လုံး၊ ချိုဆယ်ချောင်းနှင့်တကွ
ချိုပေါ်၌ သရဖူဆယ်ဆူကိုဆောင်းလျက်ခေါင်းပေါ်၌လည်း ဘု၇ားသခင်၏အသရေကို ရှုတ်ချသောနာ
မရှိလျှက်၊ ပင်လယ်ထဲကတက်လာသည်ကိုငါမြင်၏။ ထိုသို့ငါမြင်သောသားရဲသည်ကျားသစ်နှင့် တူ၏။
သူ၏ခြေသည်ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည်လည်းခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုးနှင့်
မိမိပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာစက်ကိုသားရဲ၌ အပ်ပေး၏ ၊ သားရဲ၏ခေါင်းတစ်လုံးသည်သေ
အောင် ကွပ်မျက်ပြီးသကဲ့သို့ ဖြစ်၍ သေစေသောဒဏ်ချက်သည်ပျောက်လျက်ရှိ၏။ မြေကြီးသားအ
ပေါင်းတို့သည် သားရဲနောက်လိုက်၍ အံ့သြကြ၏။ ထိုသားရဲ၌အာဏာစက်ကိုပေးအပ်သောနဂါးကိုကိုး
ကွယ်ကြ၏။ သားရဲကိုကိုးကွယ်၍ အဘယ်သူသည် သားရဲနှင့် တူသနည်း။ အဘယ်သူ့ကိုစစ်ပြိုင်နိုင်
သနည်းဟု ပြောဆိုကြ၏။ ထိုသားရဲသည်လည်း ကြီးစွာသောစကားကို၎င်း၊ ဘုရားသခင်ကိုပြစ်မှား
သောစကားကို၎င်း၊ ပြောတတ်သောနှုတ်နှင့် ပြည့်စုံ၍ လလေးဆယ်နှစ်ပတ်လုံး စီရင်ရသအခွင့်ကိုရ၏။
ဘုရားသခင်ကိုပြစ်မှားသော အားဖြင့်နာမတော်နှင့်တဲတော်ကို၎င်း၊ ကောင်းကင်သားတို့ကို၎င်း၊ ပြစ်မှား
ခြင်းငှာနှုတ်ကိုဖွင့်ထား၏။ သန့်ရှင်းသောသူတို့ကို စစ်တိုက်၍နိုင်ရသောအခွင့်ကိုရ၏။ အသီးသီးဘာ
သာစကားပြောသောလူ အမျိုးအနွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏။ ကွပ်မျက်သော
သိုးသူငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင်စာရင်းမ၀င်သော မြေကြီးသားအပေါင်းတို့သည် သားရဲ
ကိုကိုးကွယ်ကြ၏”ဟုမိန့်ဆိုထားသည်။ (ဗျာ ၁၃း၁-၈)
ဒံယေလတွေ့သောချိုငယ်နှင့် ပေါလုမိန့်ဆိုထားသည် ဒုစရိုက်လူနှင့် ယောဟန်တွေ့မြင်သည့်သားရဲ
သည် ပုဂ္ဂိုလ်တစ်ဦးတည်းကိုသာပြောဆိုနေခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်သည်လည်း အချိန်လေးဆယ်နှစ်လ(သုံး
နှစ်ခွဲ)အုပ်စိုးရေသောအခွင့်ရှိသည်။ သို့သော်လည်း ခရစ်တော်ကြွလာသောအခါ ပျက်စီးသွားရလိမ့်မည်။ ထို
ပုဂ္ဂိုလ်သည် (၁ယော ၂း၁၈) ၌ရှိသော အန္တိခ၇စ်ပင်ဖြစ်သည်။
တနည်းအားဖြင့်ဆိုသော် ပုဂ္ဂိုလ်တစ်ဦးကို သင်္ကေတသုံးမျိုးဖြင့် နှိုင်းယှဉ်ဖေါ်ပြခြင်းဖြစ်၍ ထိုသုံးမျိုး
သည် တစ်ချိန်တည်း၊ တစ်နေရာတည်း၊ အင်္ဂါရပ်လက္ခဏာတစ်ခုတည်းနှင့် အလုပ်တစ်ခုတည်းလုပ်ပြီး အချိန်
အတိုင်းအတာလည်းတစ်ခုတည်းဖြစ်၍၊ သူ၏ပျက်ဆီးခြင်းကံကြမ္မာလည်းတစ်ခုတည်း ဖြစ်သောကြောင့် ၎င်း
သည် ပုဂ္ဂိုလ်တည်းကိုသာ ဖေါ်ပြပြေဆိုခြင်းဖြစ်ကြောင်းနားလည်ရသည်။
တမန်တော်ယောဟန်တွေ့ရသည့် သားရဲအကြောင်းအသေးစိတ်မသွားမှီ ဒံယေလတွေ့ရသော စတုတ္ထ
သားရဲအားဖြင့်နှိုင်းယှဉ်နိုင်သည်။
ဤသားရဲနှစ်ကောင်စလုံးသည် ပင်လယ် (နိုင်ငံအများ)မှပေါ်ထွက်လာမည်။ ဒံယေလ၏သားရဲသည်
ကြောက်မက်ဖွယ်ရာအဆင်းရှိပြီး ခွန်အားကြီးမားလျှက်ရှိ၍ သူ၌သံသွားရှိသည်။ ယောဟန်၏ သားရဲသည် ကျား
သစ်ကဲ့သို့ဖြစ်ပြီး၊ ၀ံခြေရှိလျက် ခြင်္သေ့နှုတ်ပါးစပ်ရှိသည်။ ဒံယေလတွေ့သောသားရဲသည် ရှေးခေတ်ေ၇ာမအင်ပါ
ယာကို ပုံဆောင်ပြီး ယောဟန်တွေ့သော သားရဲသည်နောင်ပြန်လည်ပေါ်ပေါက်လာမည့် ရောမအင်ပါယာကို ပုံ
ဆောင်လေသည်။ ယခင်ရောမအင်ပါယာသည် အင်အားအလွန်ကြီးမားသဖြင့် ဒံယေလ၏သားရဲ၌သံ သွားပါ
သော်လည်း ယောဟန်တွေ့သောသားရဲသည် နောင်ပေါ်ထွန်းမည့်ရောမနိုင်ငံကိုပုံဆောင်သောကြောင့် မတူရ
ခြင်းဖြစ်သည်။ ဒုတိယအင်ပါယာနိုင်ငံသည် ခေတ်အခြေအနေအရ ဖြစ်ပေါ်လာမည်ဖြစ်သောကြောင့် ကျား
သစ်ကဲ့သို့၊ ၀ံခြေကဲ့သို့ရှိရခြင်းဖြစ်သည်။ သားရဲနှစ်ကောင်စလုံး၌ ချိုဆယ်ချောင်းပေါက်ခြင်းသည် နိုင်ငံ(၁၀)
နိုင်ငံကိုဆိုလိုပြီး အချိန်ကာလလည်းတစ်ချိန်တည်း၌ပေါ်ပေါက်လာလိမ့်မည်။ (ဗျာ ၁၇း၁၂) နောင်ပေါ်ပေါ်ပေါက်
လာမည့်ရောမအင်ပါယာသည် (၁၀)နိုင်ငံအဖြစ်ပေါ်ပေါက်လာလိမ့်မည်။
တမန်တော်ယောဟန်တွေ့သည့် ပင်လယ်မှတက်လာသောသာရဲကို နှစ်မျိုးဖြင့် နားလည်ရသည်။
ဒံယေလတွေ့သော စတုတ္ထသားရဲသည် ရှေးရောမအင်ပါယာနိုင်ငံပေါ်ပေါက်လာမည်ကိုဆိုလိုပြီး၊ နောက်ပိုင်း
အသင်းတော်ကြီးသည်လည်း အေဒီ ၃၆၄ တွင်အရှေ့နှင့် အနောက်နှစ်ခြမ်းကွဲသွားရလေသည်။ ရောမအင်ပါ
ယာ ဒီနေ့မတွေ့ရသော်လည်း အသင်းတော်သည်ယနေ့အထိ ပုပ်ရဟန်းမင်းအသင်းတော်အဖြစ် တည်ရှိနေ
သည်။ ရောမအင်ပါယာစည်းမျဉ်းဥပဒေသည် လည်းယနေ့အထိရောနှောပါဝင်နေသေးသကဲ့သို့ဖြစ်နေသည်။
ယောဟန်တွေ့ရသည့် သားရဲသည် နောင်ရှင်သန်လာမည့် ရောမအင်ပါယာ(သို့) အန္တိခရစ်ဖြစ်ပြီးရောမ
နိုင်ငံသည်နိုင်ငံအများစုစည်းပြီးပေါ်ပေါက်လာသကဲ့သို့၊ အန္တိခရစ်သည်လည်း သေတွင်းမှတက်လာမည်ဖြစ်
သည်။
သားရဲသည် ကျားသစ်ကဲ့သို့၊ ခြင်္သေ့ကဲ့သို့ဖြစ်ရခြင်းသည် နောင်ပေါ်ပေါက်လာမည့် ရောမနိုင်ငံသည်
ဗာဗုလုန် (အီရတ်)၊ ပါး၇ှား (တူရကီ) နှင့် ဂရိ (ပြင်သစ်၊ စပိန်၊ ဂျာမနီ)စသည့် နိုင်ငံများ၏ယဉ်ကျေးမှုကြီးကျယ်
ခန်းနား၍ အင်အားကြီးမားသကဲ့သို့ ဖြစ်လာလိမ့်မည်။ကျားသစ်ကဲ့သို့ဖြစ်ခြင်းသည် ကြီးမားခြင်းကိုပုံဆောင်သ
ဖြင့် နောင်ပေါ်ပေါက်လာမည့် ရောမနိုင်ငံကဲ့သို့ကြီးကျယ်လိမ့်မည်။
ဗျာ ၁၃၌ပင်လယ်မှတက်လာသောသားရဲတွင် ခေါင်းခုနှစ်လုံး၊ ချိုဆယ်ချောင်းနှင့် သရဖူဆယ်ခုဆောင်း
ထားသည်ကိုတွေ့ရသည်။ အနာဂတ်၌ ရောမနိုင်ငံသည် အင်အားကြီးမားလာပြီး၊ ချိုဆယ်ချောင်းသည် နိုင်ငံကို
ကိုယ်စားပြုပုံဆောင်ထားသည်။ အနက်ဆုံးတွင်းမှ ထွက်လာသောသားရဲ၌ ချိုမရှိချေ။ ချိုဆယ်ချောင်းဖြင့် ပုံ
ဆောင်ခြင်းခံရသော ဘုရင်ဆယ်ပါးသည် နိုင်ငံမရရှိသေးပေ (ဗျာ ၁၇း၁၂)။ ထို့ကြောင့် (ဗျာ ၁၇)၌ဖော်ပြထား
သောသားရဲသည် ဘေးဒဏ်ကြီးကာလ၌ပေါ်ပေါက်လာသော အန္တိခရစ်ကိုဆိုခြင်းဖြစ်သည်။ သားရဲပေါ်မှစီးနေ
သော နီမောင်းသောအ၀တ်ကို ၀တ်ဆင်ထားသော မိန်းမသည် ပုပ်ရဟန်းမင်းအသင်းတော်ကို ပုံဆောင်ထား
သည်။ စစ်မှန်သောအသင်းတော်သည် ချီဆောင်၌ကျန်ရစ်သည့် အသင်းတော် အန္တိခရစ်မပေါ်မှီ တိုးပွားလာပြီး
နိုင်ငံအသီးသီးသည်လည်း အချင်းချင်းနိုင်ထက်စီးနင်းပြုလုပ်လာကြလိမ့်မည်။ ယခင်ပေါ်ထွန်းခဲ့သော ရောမနိုင်
ငံသည် သားရဲ၏ချိုဆယ်ချောင်းဖြစ်သည်။ သားရဲပေါ်မှာ မိန်းမစီးနေရခြင်းသည် ကျန်ရစ်သည့် အသင်�20000000000000000000000000001 1 0000000C 0
��ည် လောကီဆိုင်ရာနိုင်ငံအုပ်ချုပ်ရေး၌ ရောနှောပူးပေါင်းသွားပြီး တန်ခိုးအခွင့်အာဏာကြီးထွားဘို့ အစဉ်တ
စိုက်ကြိုးစားအားထုတ်လိမ့်မည်။ ထို့နောက် ဆယ်နိုင်ငံသည် သရဖူအခွင့်အာဏာရရှိပြီး မိန်းမတည်းဟူသော
ပြည်တန်ဆာမကို မုန်းတီးလာပြီး သူ့ကို အ၀တ်အချည်းနှီးဖြစ်အောင် ကျင့်ကြံပြုလုပ်၍ အသားကိုလည်း စား
ကာ မီးရှို့ကြလိမ့်မည်။
ဗျာ ၁၇း၉ ၌သားရဲဦးခေါင်းခုနှစ်လုံးသည် တောင်ခုနှစ်လုံးကိုဆိုလိုသည်ဟုဆို၏။ ၎င်းသည် ဘုရင်ခုနှစ်
ပါးကိုဆိုလိုသည်။ ငါးပါးသည် ပြိုလဲပြီးပြီ၊ တစ်ပါးသည် ထိုအချိန်အခါ၌ရှိသည်။ တစ်ပါးသည် မပေါ်ပေါက်သေး။
သူ့အချိန်ကာလသည် အလွန်တိုတောင်းသည်ဟုဆိုသည်။ ရှင်ယောဟန်အသက်ရှင်စဉ်အခါ ရှင်ဘုရင်ငါးပါးပြို
လဲပြီးဖြစ်၍ တစ်ပါးသည် ဆက်လက်ကြီးစိုးနေခဲ့သည်။ တစ်ပါးသည် မပေါ်ပေါက်သေး။ အနာဂတ်တစ်ချိန်ချိန်
တွင် ပေါ်ပေါက်လာလိမ့်မည်။ လွန်လေပြီးပြိုလဲခဲ့သည့် ဘုရင်များကား အဘယ်သူတွေဖြစ်သနည်း။ ရှင်ယော
ဟန် အချိန်တွင် ဘုရင်ဒေါမီရှင် (Domicion)ဖြစ်၍ ရှင်ယောဟန်အားပတ်မုကျွန်းသို့ပြည်နှင်းဒဏ်ပေးခဲ့သည့်
ဘုရင်ဖြစ်သည်။ နောက်နောင်ပေါ်ထွန်းလာမည့် ဘုရင်တစ်ပါးသည် အန္တိခ၇စ်ပင်ဖြစ်ကြောင်းတစ်ထစ်ချပြော
ဆိုနိုင်သည်။ ဗျာ ၁၃း၃ ၌ခေါင်းနှစ်လုံးသို့မဟုတ် ဘုရင်ခုနှစ်ပါးထဲမှ တစ်ပါးသည် သေလုမျောပါးဖြစ်သကဲ့သို့
ရှိနေသည်ဟုဆိုသည်။ ဘယ်ဘုရင်ကထိခိုက်နာခဲ့သည်ကိုမဖော်ပြပေ။

သို့သော်လည်း ဗျာ ၁၇း၁၁ကိုဆင်ခြင်
သောအခါ၊ ထိုဘုရင်သည် ပေါ်ခဲ့ပြီးယခုမပေါ်မထွန်းသေး။ ထိုဘုရင်သည် ရှစ်ပါးမြောက်ဘုရင်ဖြစ်၍ ထိုဘုရင်
သည်ဘုရင်ခုနှစ်ပါး၌ တစ်ပါးအပါအ၀င်ဖြစ်ပြီး နောက်ပျက်စီးခြင်းသို့ ဦးတည်သွားနေသည်ဆိုသည့် အချက်ကို
ပြန်ဆင်ခြင်ကြည့်သောအခါ ထိုသားရဲဟူသော ဘုရင်သည် အန္တိခရစ်ပင်ဖြစ်ကြောင်း သိသာထင်ရှားပေသည်။
ဗျာ ၁၄း၁၃၌လည်း ထားနှင့်ခုတ်သောဒဏ်ချက်ကိုခံရ၍ အသက်ရှင်သေးသောသားရဲ……. ဟု ဆိုသည်။ ထို့
ကြောင့်သူ့ကို အဌမမြောက်သောသားရဲဟုဆိုရမည်။ ထို့နောက် မြေကြီးသားအပေါင်းတို့သည် သူ့နောက်သို့
လိုက်၍အံ့သြကြလိမ့်မည်။ (ဗျာ ၁၃း၃) သူ၏အာဏာစက်သည်လည်း ပိုမိုကြီးထွားလာမည်။ အကယ်၍ ဤအ
ဖြစ်အပျက်သည် ဘေးဒဏ်ကာလ၌ ဖြစ်ခဲ့လျှင် ကောင်းကင်၌ဖြစ်ပျက်လိမ့်မည်။ ဤအချင်းအရာများကို ဆင်ခြင်
သောအခါ အန္တိခရစ်သည် မူလတစ်ဦးနှင့် တစ်ဦးပေါ်လာသကဲ့သို့ဖြစ်နေပေသည်။ အစပိုင်းတွင် သူ့ကိုအံ့သြ၍
ရှိခိုးကိုးကွယ်သည်။ နောက်ပိုင်းတွင် သူသည် သေလုမျောပါးနာ၍ နာလန်ထဲပြီးကောင်းကင်မှနှင်ချလိုက်သော
စာတန်မြွေဟောင်းသည် သူ့နှလုံးထဲသို့ ၀င်ရောက်ကာသူသည် ကြောက်မက်ဘွယ်ကောင်းသော၊ ဆိုးညစ်သော
စာတန်မာရ်နတ်စစ်စစ်ဖြစ်နေကြောင်း ထင်ရှားစွာပေါ်လာလိမ့်မည်။ ထိုအခါ ထိုသူသည်ဂျူးလူမျိုးနှင့် ချုပ်ဆို
ထားသည့် မဟာမိတ်စာချုပ်ကို ချိုးဖောက်ပြီးသန့်ရှင်းသော ဗိမ္မာန်တော်ကိုလည်း ရှုတ်ချကာ မိမိရုပ်တုကိုလည်း
သန့်ရှင်းသောဗိမ္မာန်တော်ပေါ်မှာ စိုက်ထူ၍လူသားအားလုံးကိုအမိန့်တော်ဖြင့် ကိုးကွယ်ရှိခိုးစေလေသည်။ ဒံယေ
လကို ဖေါ်ပြသကဲ့သို့ ချိုငယ်ဆယ်ချောင်းမှ…. သုံးချောင်းကိုချိုးဖဲ့စေကာ မိမိကိုယ်ကိုပင်ခိုင်မြဲစေလိမ့်မည်။ သို့
သော်လည်း အန္တိခရစ်သည် ချိုဆယ်ချောင်းပေါ်ထွက်ပြီးနောက်မှ ပေါ်ထွန်းလာသောကြောင့် စည်းလုံးညီညွှတ်
သောဆယ်နိုင်ငံပါဝင်သည့် ပြည်ထောင်စုပုံစံမဟုတ်ပဲ ထူးထူးဆန်းဆန်းပေါ်လာလိမ့်မည်။

၃။ အန္တိခရစ်ပြည့်စုံလာခြင်း

အန္တိခရစ်သည် ဗာဗုလုန်ရှင်ဘုရင်နေဗုခပ်နေဇာ၊ အလက်န္ဒြီးယားဘုရင်နှင့် သြဂတ်စတာ့စ်ဆီဇာဘုရင်
တို့ထက်သာမက ဘုန်းတန်ခိုးအင်အားကြီးမားလေသည်။ သူသည် စွမ်းအားရှင်၊ လိမ္မာပါးနပ်မှု၊ ဖြတ်လတ်ပြီး
ဥာဏ်နီဥာဏ်နက်နှင့် ပရိယာယ်ကြွယ်ဝခြင်း၊ အချုပ်အချအာဏာရှိခြင်း၊ နှင့် လူထက်သာ၍ အရာရာတတ်စွမ်း၍
နိုင်ငံရေး၊ လူမှုရေးအရာမှာလည်း တဖက်ကမ်းခပ်အောင်နှံ့စပ်သူဖြစ်သည်။ သံတမန်ရေးရာ၌လည်းသူတပါးအံ့
သြလောက်အောင် စွမ်းဆောင်နိုင်သူဖြစ်သည်။ ထို့ကြောင့်သူ့ကို ကမ္ဘာ့အတော်ဆုံးထူးချွန်သော နံပါတ် (၁)
ပုဂ္ဂိုလ်အဖြစ်ချီးမွမ်းထားလိမ့်မည်။
လူမှုရေးထူးချွန်သူတစ်ဦးဖြစ်သဖြင့် သူ့နောက်သို့လူအများလိုက်သွားလိမ့်မည်။ အများအားဖြင့် ဣသ
ရေလလူများအား ငါသည် သင်တို့ကို ရွှေရောင်လွှမ်းသော ခေတ်တစ်ခေတ်ဖန်တီးပေးမည်ဟု ဂတိပေးပြောဆို
လိမ့်မည်။ ဂျူးလူမျိုးများသည် ဤအရာမှာဘိုးဘွားများအား ထာဝရဘုရားကတိပေးသည့်အတိုင်ဖြစ်သော
ကြောင့် သူ၏ပရိယာယ်ကျော့ကွင်းထဲသို့ မသိမသာဝင်လာကာ သူ့အားကြွလာမည့် မေရှိယသခင်ဖြစ်လိမ့်မည်
ဟု ၀န်ခံလာကြလိမ့်မည်။ အန္တိခရစ်သည် အရာခပ်သိမ်းလုပ်နိုင်စွမ်းရှိသဖြင့် လောကလူသားများသည် သူ၏
လှည့်ဖြားသွေးဆောင်မှုထဲ၌ ယစ်မူးနေကြလိမ့်မည်။ သူသည် သေလုမျောပါးနာခဲ့ပြီး ပြန်လည်ကျန်းမာသန်စွမ်း
လာကာ ပိုမိုခွန်အားကြီးမားလာသဖြင့် မိမိစိတ်ထင်တိုင်း အဓမ္မအမှုအပြစ်များကို စတင်ပြုမူလာပေသည်။
ဒံယေလ ၇း၂၅ ၌လည်း –
“အမြင့်ဆုံးသောဘုရားကို ဆန့်ကျင်ဘက်ပြု၍ ကြီးစွာသောစကားကို ပြောလိမ့်မည်။ အမြင့်ဆုံးသာ
ဘုရား၏ သန့်ရှင်းသူတို့ကို ညှင်းဆဲနှိပ်စက်လိမ့်မည်။ ကာလအချိန်နှင့် ပညတ်တရားကို ပြောင်းလဲစေ
ခြင်းငှာ ကြံစည်လိမ့်မည်”ဟု ရေးသားထားလေသည်။
ဒံယေလ ၈း၂၅၌လည်း –
“……. သင်တို့၏သခင်ကိုဆန့်ကျင်ဘက်ပြုလိမ့်မည်”ဟုဆိုထားလေသည်။
ဒံယေလ ၁၁း၃၆ ၌လည်း –
“ရှင်ဘုရင်တစ်ပါးသည် မိမိအလိုအလျောက်ပြု၍ ဘုရားအပေါင်းတို့ထက် ကိုယ့်ကိုကိုယ်ချီးပင့်မြောက်
စားလျက်၊ ဘုရားတို့၏ ဘုရားကိုဆန့်ကျင်ဘက်ပြု၍ အံ့သြဘွယ်သောစကားကို ပြောလိမ့်မည်”ဟု ရေး
သားထားသည်။
ထိုသူသည် ဘုရားသခင်ဟူ၍၎င်း၊ ဘုရားဟူ၍၎င်း၊ ခေါ်ဝေါ်သမျှသော အရာတို့ကို ရန်ဘက်ပြု၍ ကိုယ့်
ကိုကိုယ်ချီးမြှောက်သောအားဖြင့် ဘုရားသခင်၏ဗိမ္မာန်တော်(ယေရုဆလင်) ၌ ဘုရားသခင်ကဲ့သို့ ထိုင်၍ ဘုရား
သခင်ဖြစ်ယောင်ဆောင်လျက် ကိုယ်ကိုပြသောသူဖြစ်သည်ဟု၍ သက်သာလောနိတ်သြ၀ါဒ ဒုတိယစာစောင်
၂း၎ ၌လည်း ရေးသားထားလေသည်။ (၂သက် ၂း၃-၉)
ဒုစရိုက်လူ (သို့) အဓမ္မလူလာခြင်းသည် အခွင့်အာဏာနှင့် လိမ်လည်လှည့်ဖြားသော ပရိယာယ်မျိုးစုံကို
သုံးလျက် စာတန်၏ အဖျက်လုပ်ငန်းကို လုပ်လျက်ပေါ်ပေါက်လာလိမ့်မည်။ (၂သက် ၂း၃-၉)
အထက်ပါကျမ်းချက်များကို လေ့လာကြည့်သောအခါ ဤမျှလောက်ကြီးကျယ်၍ စွမ်းဆောင်နိုင်သူ ဤ
ကမ္ဘာပေါ်၌ မပေါ်ပေါက်သေးချေ။ ကမ္ဘာ့သမိုင်းတစ်လျှောက်လုံး၌လည်း ပေါ်ပေါက်ခြင်းမရှိသေးပေ။ ထို့ကြောင့်
ဤကဲ့သို့ အင်္ဂါလက္ခဏာရပ်ရှိသောသူသည် အန္တိခရစ်ကိုဆိုလိုခြင်းဖြစ်သည်။

၎။ အန္တိခရစ်အုပ်စိုးခြင်း

အန္တိခရစ်သည် ဒံယေလပရောဖက်ပြုသည့်အတိုင်း အချိန်ကာလကို ဆင်ခြင်သောအခါ ခုနှစ်ဆယ်
မြောက်သောသိတင်းပတ်၌ ကြီးစိုးလိမ့်မည်။
ဒံယေလ ၉း၂၇တွင် “တစ်သိတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသိတင်းတ၀က်တွင် ယဇ်
ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်”ဟု မိန့်ဆိုထားလေသည်။
အသင်းတော်ချီဆောင်ခြင်းခံပြီးမှ ဂျုးလူမျိုးများမိမိတိုင်းပြည်သို့ အပြီးသတ်ပြန်လာခြင်းသည် ဘုရား
သခင်ပို့ဆောင်ပေးခြင်းကြောင့်မဟုတ်ပေ။ ထိုအချိန်တွင် ရောမကို အခြေပြုသည့်ဆယ်နိုင်ငံသည် မဟာမိတ်ဖွဲ့
ခြင်းအကြီးအကျယ်ပြုလိမ့်မည်။ ထိုဆယ်နိုင်ငံပြည်ထောင်စုမှ အန္တိခရစ်ပေါ်ထွက်လာပြီး နိုင်ငံတကာပေါ်အနိုင်
ကျင့်အုပ်ချုပ်ကာ မိမိ၏၀ါဒကိုလည်း ဘုရင်အားလုံးအပေါ်မှာတင်ထား၍ အုပ်စိုးလိမ့်မည်။
ထိုအခါ အန္တိခရစ်သည် ဂျုး(အစ္စရေးလ်) လူမျိုးနှင့် မဟာမိတ်ဖွဲ့မည်။ ဤမဟာမိတ်ဖွဲ့ခြင်းသည် ဂျူးလူ
မျိုးအားလုံး မိမိတိုင်းပြည်သို့ပြန်လာပြီးမှ ဖြစ်လိမ့်မည်ဟု ယူဆနိုင်သည်။
“သင်တို့က၊ ငါတို့သည် သေမင်းနှင့် မိဿဟာယဖွဲ့ကြပြီ။ မရဏာနိုင်ငံနှင့်အကျွမ်းဝင်ကြပြီ။ လွှမ်းမိုး
သောဘေးသည် ချဉ်းနင်းဝင်ရောက်သောအခါ၊ ငါတို့သည် မုသာကို ကိုးစားကြ၏။ လှည့်စားခြင်း
အောက်၌ ပုန်းကွယ်၍ နေကြ၏”ဟု ဟေ ၂၈း၁၅၌ရေးသားထားသည့်အတိုင်း သူတို့သည် အန္တိခရစ်
အားဖြင့် အုပ်စိုးခြင်းခံရလိမ့်မည်။
ဣသရေလလူများ၏ ပဋိညာဉ်စာချုပ်ကို သုံးနှစ်ခွဲအထိသာ လိုက်နာပြီး သုံးနှစ်ခွဲကျော်လျှင်၎င်းမဟာ
မိတ်ကိုချိုးဖောက်ကာ ညှဉ်းပန်းနှိပ်စက်မှုစတင်ပြုလိမ့်မည်။ ဤနောက်ပိုင်းအချိန်ကာလကို ဘေးဒဏ်ကြီးကာ
လကို ခေါ်သည်။ ဤမျှသာမက ဗျာ ၁၃း၇၊၈ ၌ ဤကဲ့သို့ ဗျာဒိတ်ပေးပရောဖက်ပြုထားလေသည်။
“သန့်ရှင်းသူတို့ကို စစ်တိုက်၍ နိုင်ရသောအခွင့်ကိုရ၏။ အသီးသီးဘာသာစကားကို ပြောသောလူမျိုးအ
နွယ်ခပ်သိမ်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်းရ၏။ ကွပ်မျက်သောသိုးသူငယ်ကိုလည်းရ၏။ ကွပ်
မျက်သောသိုးသူငယ်၏ အသက်စာစောင်၌ ကမ္ဘာဦးကပင် စာရင်းမ၀င်သောမြေကြီးသားအပေါင်းတို့
သည် သားရဲကို ကိုးကွယ်ကြ၏”ဟူသတည်း။ (အသေးစိတ်ကို ဘေးဒဏ်ကြီးကာလပုံ၌ ဆက်လက်
လေ့လာရန်)

၅။ အန္တိခရစ်၏ နိဂုံး

ဘေးဒဏ်ကြီးကာလ လွန်သောအချိန်တွင် စုစည်းထားသော ဆယ်နိုင်ငံပြည်ထောင်စုကြီးမှ စစ်ဗိုလ်
ချုပ်ကြီးများသည် ယေရုရှလင်မြို့၏အရှေ့ဘက်နေထွက်ရာအရပ်၌ စုစည်းပြီး ယေရုဆလင်မြို့ကို စစ်တိုက်ဘို့
ရန်ပြင်ဆင်ပြီး ချီတက်လာကြလိမ့်မည်။ ထိုအခါလူအပေါင်းတို့သည် ယေရုရှလင်နှင့်ဆန့်ကျင်တိုက်ခိုက်ပြီး မြို့
ကိုလည်းဖျက်ကာအိမ်များကိုလည်း လုယူဖျက်ဆီးကြလိမ့်မည် (ဇာ ၁၄း၂)။
ထိုအခါ ကျေးဇူးတော်ကိုခံသောသဘော၊ ဆုတောင်းပဌာနာပြုသောသဘောသည် ဒါဝိဒ်မင်းမျိုး၊ ယေရု
ဆလင်မြို့သားအပေါ်သို့ သွန်းလောင်းလိမ့်မည်ဟုဆိုသည် (ဇာ ၁၂း၁၀)။ ထိုအခါ ကောင်းကင်မှ အနန္တတန်ခိုး
ရှင်ဘုရားသခင်သည် ဗိုလ်ခြေအပေါင်းတို့ကို စုဝေးလျက် ယုဒ(ဂျူး)လူမျိုးတို့ကို ကယ်တင်ခြင်းငှာ အန္တိခရစ်ကို
ဒဏ်ခတ်တော်မူလိမ့်မည် (ဗျာ ၁၉း၁၁-၁၆)။ ဣသေ၇လလူမျိုးများသည် ခရစ်တော်ယေရှုဘုရား သံလွင်တောင်
ပေါ်မှ မြင်းဖြူစီးလျှက် ကြွဆင်းလာသည်ကို မျက်ဝါးထင်ထင်တွေ့မြင် အံ့သြကြလိမ့်မည် (ဇာ ၁၄း၎)။
မြွေဟောင်းနဂါးနှင့် အန္တိခရစ်ဟူသောသားရဲတို့သည် ကောင်းကင်ဗိုလ်ခြေတို့နှင်းစစ်ပြိုင်ကြလိမ့်မည်။
ထိုအခါသားရဲနှင့် မိစ္ဆာပရောဖက်ကို အရှင်လတ်လတ်ဖမ်းဆီးပြီး ထာဝရမီးအိုင်ထဲသို့ချပစ်လိမ့်မည် (ဗျာ ၁၉း
၂၀)။ ကျန်ကြွင်းသောနောက်လိုက်သူများကိုလည်း မြင်းစီးတော်မူသောသူ၏ခံတွင်းထဲက ထွက်သောသန်လျက်
နှင့် ကွပ်မျက်ခြင်းကို မရှုမလှခံကြရပေလိမ့်မည်။ ၎င်းနောက် မိုကောင်းကင်မှာ ပျံဝဲသောငှက်အပေါင်းတို့သည်
သူတို့စစ်ဗိုလ်ကြီ်းအသား၊ သူရဲသား၊ အစေခံကျွန်သား၊ အကြီးအငယ်အမျိုးမျိုးသောသူ၏ အသားကိုစားသောက်
ဘို့ရန်စုဝေး၍ရောက်လာကြလိမ့်မည်။ (၁၉း၁၇-၂၁)။

Be the first to comment

Leave a Reply

Your email address will not be published.


*