ဘေးဒဏ်ကြီးကာလ – အခန်း (၂၃)
(THE TRIBULATION)
အနာဂတ်ကာလတချိန်တွင်ချိန် မြေကြီးပေါ်၌ဘေးဒဏ်ကြီးတစ်ခုဆိုက်ရောက်လာလိမ့်မည်ဟု သမ္မာ
ကျမ်းစာ၌ရေးသားထားသည်။ အဤကြောင်းအရာနှင့်ပတ်သက်၍ ခရစ်တောယေရှုဘုရားလက်ဝါးကပ်တိုင်
ပေါ်၌ အသေမခံမှီ နှစ်ရက်အလို တပည့်တော်များးကသံလွင်တောင်ပေါ်၌ မေးမြန်းရာ ဤကဲ့သို့မိန့်ဆိုခဲ့လေ
သည်။ သခင်ယေရှုက –
“အကြောင်းမူကား ကမ္ဘာဦးမှစ၍ ယခုတိုင်အောင်မဖြစ်စဖူး၊ နောက်၌လည်းမဖြစ်လတံ့သော ကြီးစွာ
သောဒုက္ခသည် ထိုကာလ၌ဖြစ်လိမ့်မည်။ ထိုကာလတာရှည်လျှင် ဘယ်သူမျှမလွတ်နိုင်ရာ။ ရွေးချယ်သောသူ
တို့အဘို့အလို့ငှါ ထိုကာလသည် တိုလိမ့်မည်”ဟုမိန့်ဆိုထားလေသည်။ (မ ၂၄း၂၁-၂၂)
ယုဒလူမျိုးများ အေဒီ ၇၀၌ ယေရုရှလင်မြို့တွင် ဒုက္ခဆင်းရဲရောက်ရခြင်းသည် ဘေးဒဏ်ကြီးကာလ
မဟုတ်သေးချေ။ ဤဒုက္ခ၏အစနှင့် အဆုံးကိုနှိုင်းယှဉ်ကြည့်သောအခါဘေးဒဏ်ကြီးကာလနှင့်မနှိုင်းယှဉ်နိုင်ချေ။
၁။ ဘေးဒဏ်ကြီးကာလအနာဂတ်၌ အမှန်တကယ်ဖြစ်လာခြင်း။
ခရစ်တော်၏ပရောဖက်ပြုချက်သည် အထီးကျန်မဆံချေ။ အမြဲတမ်းသမ္မာကျမ်းဟောင်းနှင့် သမ္မာသစ်
ကျမ်းထဲမှထောက်ခံမှုသက်သေအပြည့်အ၀ပေးလေ့ရှိသည်။ သမ္မာဟောင်းကျမ်း၌ ဣသရေလလူမျိုးများအတိ
ဒုက္ခရောက်ရမည်ဟု ပရောဖက်ပြုချက်များစွာရှိသည်။ ပရောဖက်ယေရမိကျမ်း၌ ဘေးဒဏ်ကြီးကာလကို ယာကုပ်အမျိုးအမှုရောက်သောအချိန်ကာလဟူ၍သုံးနှုံးထားသည်။ (ယေ ၃၀း၎-၇) သူတို့သည်မြို့တွင်း၌ အ
ရည်ကျိုခြင်းခံရလိမ့်မည်။ေ(ယဇ ၂၂း၁၉း၂၂) သူတို့သည် နှင်တံအောက်မှာ လျှောက်သွားရလိမ့်မည်ဟုလည်း
ဆိုပြန်သည်။ (ယေဇ ၂၀း၃၄-၃၈) မာလခိ ၃း၁-၃၊ ဇာခရိ ၁၃း၉ ၌လည်းဖတ်ရှုကြည့်ပါ။ ဒံယေလကလည်း မိမိ
အမျိုးသားအမှုရောက်သည့်ကာလဖြစ်လိမ့်မည်ဟု ဆိုသည်။ (ဒံ ၁၂း၁)
အထက်ပါကျမ်းချက်များကို လေ့လာဆင်ခြင်ကြည့်လျှင် ဘေးဒဏ်ကာလသည် အနာဂတ်ကာလ၌ ဂျုး
လူမျိုးများအပေါ်၌သာကျရောက်မည့်တရားစီရင်ခြင်းကဲ့သို့ဖြစ်၍ ၎င်းမှတဆင့်သူတို့သည် ဘုရားသခင်၏ရွေး
ကောက်ထားသောလူမျိုးများအဖြစ်သို့ပြန်လည်ရောက်ရှိစေရန် စစ်ဆေးခြင်းအစမ်းသပ်ခံသည့် ဖြစ်ရပ်တစ်ခုဖြစ်
ပေသည်။ သို့သော်သွယ်ဝိုက်သောအားဖြင့် တစ်ပါးအမျိုးသားများအပေါ်၌လည်းကျရောက်လာ၍ အသင်းတော်
သည်ဤအချိန်မရောက်မှီချီဆောင်ခြင်းခံရမည်။ သခင်ဘုရား၏ကြီးမားသောနေ့ကြီးမရောက်မှီစစ်မှန်သော ယုံ
ကြည်သူများချီဆောင်ခြင်းခံရလိမ့်မည်။
သမ္မာကျမ်း၌ဘေးဒဏ်ကာလနှင့် ပတ်သက်၍ နှစ်နေရာ၌ ရေးသားထားကြောင်းတွေ့ရှိရသည်။ မဿဲ
၂၄း၉-၂၂ နှင့် ဗျာဒိတ်ကျမ်း ၆း၁-၁၉း၂၁ အထိဖြစ်သည်။ ရှင်ယောဟန်သည် ဘေးဒဏ်ကာလတွင် ဘုရား
သခင်ထံမှ တံဆိပ်ကိုဖွင့်ခြင်း၊ တံပိုးမှုတ်ခြင်း၊ အမျက်တော်ခွက်ဖလားလောင်းခြင်း စသည့်အရာများကို ရှင်း
လင်းစွာတွေ့ရသည်။
၂။ ဘေးဒဏ်ကာလ၏အချိန်
သမ္မာဟောင်းကျမ်းတွင် ဤအချိန်ကို “ထိုနေ့ရက်” နှင့် “နောက်ဆုံးသောကာလ” ဟူ၍၎င်းအပြင်
ပရောဖက်ယောလသည် “သခင်ဘုရား၏နေ့ရက်” ဟူ၍ရေးသားထားလေသည်။ (ယောလ ၁း၁၅၊ ၂း၁၊ ၃း၁၄)
သမ္မာကျမ်းစွာတွင် နေ့ရက်လေးမျိုးတွေ့ရသည်။ ၎င်းမှာ –
၁။ လူသား၏နေ့ရက်။ ။ ဤနေ့ရက်သည် ပစ္စုပ္ပန်အချိန်ကျွန်ုပ်တို့အသက်ရှင်နေသော ခေတ်
ကာလကိုဆိုလိုသည်။
၂။ ခရစ်တော်၏နေ့ရက်။ ။ ဤနေ့ရက်သည် ခရစ်တော်သည် သူ၏သတို့သမီးအားဤကမ္ဘာ
မြေမှခေါ်ဆောင်သည့် နေ့ရက်ဖြစ်သည်။ ချီဆောင်ခြင်းနှင့် ဖေါ်ပြချိန်ကြားကာလဖြစ်သည်။
မြေကြီးပေါ်တွင် အန္တိခရစ်ကြီးစိုးသည့် အချိန်ဖြစ်သည်။
နေ့များတွင် ဘေးဒဏ်ကြီးကာလနှင့် ၎င်းမှတဆက်တည်းဖြစ်သော မိလေနှစ်ကာလလည်း
ပါဝင်လေသည်။
၎။ ဘုရားသခင်၏နေ့ရက်။ ။ ၎င်းသည် ကမ္ဘာမြေကြီးကို မီးရှို့၍သန့်စင်သည့်အချိန်မှစ၍ ထာဝရ
ကာလအထိဖြစ်သည်။ (အပိုင်း (၁) ရှိသမ္မာကျမ်း၏နေ့ရက်များပုံ၍ဆက်လက်လေ့လာပါ)
ဘေးဒဏ်ကြီးကာလအချိန်သည် ကမ္ဘာမြေပေါ်မှ အသင်းတော်ချီဆောင်သွားပြီးနောက် အန္တိခရစ်ကြီးစိုး
သည့်ကာလတစ်ခုဖြစ်ပေါ်လာလိမ့်မည်။
ပရောဖက်ဒံယေလရူပါရုံ၌ တွေ့မြင်ရသည်မှာ “ “ခုနှစ်ဆယ်မြောက်သောသိတင်းပတ်” ” (ဒံ ၉း၂၀-၂၇)
ကြည့်ဘို့ရန်“ “ယေရုရှလင်မြို့ရိုးအားအသစ်ပြုပြင်ရန်အတွက် အမိန့်စာထုတ်ပြန်သည့်နေ့မှစ၍ မေရှိယသည် ယေရုရှလင်မြို့သို့ဝင်ရောက်လာသည့်နေ့ရက်အထိခုနှစ်သိတင်းနှင့်ခြောက်ဆယ်နှစ်သိတင်းဖြစ်လိမ့်မည်” ”ဟု
သတ်မှတ်ထားကြောင်းရေးသားထားလေသည်။ တစ်ရက်သည်အနှစ်တစ်ထောင်ဖြစ်ခဲ့လျှင် နှစ်ပေါင်းလေးရာ
ရှစ်ဆယ်သုံးနှစ်ဖြစ်လေသည်။
ယေရုရှလင်ကိုအသစ်ပြုစုရန်ခရစ်တော်သည် အမိန့်ကိုဘီစီ ၄၄၅ခုနှစ်၌ ထုတ်ပြန်ခဲ့လေသည်။ ၎င်းနေ့
ရက်မှစ၍ ၄၈၃နှစ်သို့ရောက်သောအခါ ခရစ်တော်သည်လက်ဝါးကပ်တိုင်ပေါ်မှာအသေခံခဲ့လေသည်။ ထိုနေ့
ရက်မှစ၍ ဘုရားသခင်၏အချိန်နာရီသည် မရွေးလျှားတော့ချေ။ ခြောက်ဆယ်ကိုးသီတင်းနှင့် ခုနှစ်ဆယ်မြောက်
သောသိတင်းကြားတွင် သန့်ရှင်းသောဝိညာဉ်တော်သည် အသင်းတော်ကို တည်ထောင်၍ သူကိုယ်တိုင်သိမ်း
ဆည်းသွားရလိမ့်မည်။ ၎င်းအချိန်မှစ၍နောက်ဆုံးသီတင်းပတ်စတင်လိမ့်မည်။ ဘေးဒဏ်ကာလစတင်လိမ့်မည်။
ပြည့်ခဲ့သောခြောက်ဆယ်ကိုးသီတင်းလျှင် ၇-နှစ်စီရှိပြီး၊ နောက်ဆုံးခုနှစ်ဆယ်သီတင်းလည်း ၇-နှစ်ကြာညောင်း
လိမ့်မည်။ သို့သော်လည်းဘုရားသခင်ကရွေးကောက်ထားသူများတွင်ထိုနေ့ရက်သည်တိုတောင်းလိမ့်မည်ဟု ဆို
သည်။ (မ ၂၄း၂၂) ရွေးကောက်ထားသောသူများသည် အသင်းတော်ကိုဆိုလိုခြင်းမဟုတ်ပေ။အဘယ့်ကြောင့်
ဆိုသော်အသင်းတော်သည်ဘေးဒဏ်ကာလမရောက်မှီချီဆောင်သွားပြီးဖြစ်သည်။ ၎င်းသည် ဣသရေလလူမျိုး
တံဆိပ်ခတ်ထားသောတစ်သိန်းလေးသောင်းလေးထောင်ကိုဆိုလိုခြင်းဖြစ်သည်။ အပိုင်း(၁) ရှိခုနှစ်ဆယ်သိ
တင်းပုံကားချပ်ကိုလေ့လာရန်)
၃။ ဘေးဒဏ်ကာလ၏အင်္ဂါရပ်များ
ဘေးဒဏ်ကြီးကာလသည် ၇-နှစ်ကြာမည်ဖြစ်ပြီး နှစ်ပိုင်းတွေ့ရှိရသည်။ ဒုတိယအပိုင်းသည်သာ၍ ဆိုး
ဝါးကြောင်းတွေ့ရသည်။ နောက်ဆုံးတစ်ပတ်အတွင်းဖြစ်လာလိမ့်မည်အကြောင်းကိုဒံယေလအားအသေးစိတ်မ
ပြောခဲ့ပေ။ ဒံယေလအားနောက်ဆုံးတိုင်အောင်စာစောင်ကိုပိတ်ထား၍ တံဆိပ်ခတ်ထားလော့ဟုမိန့်မှာထားခဲ့
သည်။ (ဒံ ၁၂း၎၊ ၈း၉) ဒံယေလသည် နောက်ဆုံးသောကာလတွင် ဣသရေလလူမျိုးများဘေးဒဏ်ခံစားရလိမ့်
မည်ဟူ၍သာသိရှိထားသည်။ တမန်တော်ရှင်ယောဟန်က ဤဗျာဒိတ်ကျမ်းကိုရေးပြီးသည့်အခါဒံယေလတွေ့ရှိ
သည့်တံဆိတ်ခတ်၍ပိတ်ထားသည့်စာစောင်မရှိတော့ချေ။ ဒံယေလအားဖေါ်ပြသည့်တံဆိပ်သည်ရှင်ယောဟန်
အားဖေါ်ပြသည့်တံဆိတ်ခုနှစ်ချက်ပင်ဖြစ်သည်။
ဘေးဒဏ်ကာလ၌ ဖြစ်လာမည့်လက္ခဏာသည် ဗျာဒိတ်ကျမ်း ၆း၁-၁၉း၂၀ အတွင်းတွေ့ရသည်။ အခန်း
၁၂ထဲတွင် ရှေးမြွေဟောင်းဖြစ်သော နဂါး(စာတန်)ကိုမြေပေါ်သို့နှင်ချ၍ ဘေးဒဏ်ကြီးကာလသုံးနှစ်ခွဲစတင်လိမ့်
မည်။
(၁) ဘေးဒဏ်ကာလပထမပိုင်း (ဗျာ ၆-၁၁)
ဘေးဒဏ်ကာလအစပိုင်းသည် တံဆိပ်ခုနှစ်ချက်၌ ပထမတစ်ချက်ဖွင့်သည့်အချိန်မှစတင်လေသည်။
ပထမတံဆိပ် (ဗျာ ၆း၁၊၂)
ရှင်ယောဟန်သည် မြင်းဖြူတစ်စီးကိုတွေ့သည်။ မြင်းစီးသူသည် လေးကိုကိုင်ထားသည်။ အစပိုင်းတွင်
သရဖူမတွေ့သော်လည်း နောက်ပိုင်းတွင် သရဖူတစ်ဆူကိုရရှိလေသည်။ အောင်မြင်လျက်ဆက်လက်ပြီးအောင်
မြင်ဘို့ရန်ထွက်သွားသည်ဟုဆိုသည်။ ဤနေရာ၌မြင်းစီးသူသည် ခရစ်တော်မဟုတ်ချေ။ ခရစ်တော်သည် သိုး
သူငယ်ဖြစ်ပြီး စာစောင်ကိုဖွင့်သူဖြစ်သည်။
ဗျာ ၁၉ ၌ခရစ်တော်သည် မြင်းဖြူစီး၍ကြွလာမည်။ ဗျာ ၆၌မြင်းဖြူစီးသူသည်အန္တိခရစ်ဖြစ်ပြီး နောက်
ပိုင်းတွင်အခွင့်အာဏာတန်ခိုးကြီးထွားလာကာ ညီညွတ်၍ပေါင်းစည်းထားသောမဟာမိတ်နိုင်ငံများဖြစ်သည့်
ရောမပြည်ထောင်စုနိုင်ငံကြီးကိုဦးဆောင်မှုပြုမည့်သူလည်းဖြစ်သည်။ (ဒံ ၉း၂၆၊ ၂၇) သူသည်လူများ(ဂျူးလူ
မျိုးများ) နှင့်ပဋိညာဉ်စာချုပ်ချုပ်ဆိုပြီး မဟာမိတ်ဖွဲ့လိမ့်မည်။ လူအများယုံကြည်သည့်ဤအဖြစ်အပျက်သည်
ဘေးဒဏ်ကာလ၏အလယ်မဟုတ်ဘဲ အစပိုင်း၌သာဖြစ်လိမ့်မည်။
ဒုတိယတံဆိပ် (ဗျာ ၆း၃၊ ၄)
ဒုတိယတံဆိပ်ကိုဖွင့်သောအချိန်မြင်းနီတစ်စီးထွက်လာပြီး၊ မြေကြီးပေါ်မှငြိမ်ဝပ်ခြင်းကိုယူဆောင်သွား
လေသည်။ ဤရူပါရုံ၏အဓိပ္ပါယ်မှာရှင်းလင်းစွာသိနိုင်သည်။ နီသောမြင်းသည် စစ်ဖြစ်ခြင်းနှင့် သွေးထွက်ခြင်း
အဌါရုံဖြစ်သည်။ အချိန်ကာလကိုခ၇စ်တော်က ကြိုတင်ဟောကိန်းထုတ်ပြီးဖြစ်သည်။ (မ ၂၄း၆၊၇) စစ်ပွဲကာလ
နောက်ပိုင်းတွင် အန္တိခရစ်သည် ညီညွတ်ပေါင်းစည်းထားသောဆယ်နိုင်ငံပြည်ထောင်စုကိုဦးဆောင်လိမ့်မည်။
တတိယတံဆိပ် (ဗျာ ၆း၅၊ ၆)
တတိယတံဆိပ်ကိုဖွင့်သောအခါ မြင်းနက်တစ်စီးထွက်လာ၍ မြင်းပေါ်၌စီးသူသည် ချိန်ခွင်တစ်ခုကိုကိုင်
ထားလျှက်၊ ဒေနာရိတစ်ပြားနှင့် ဂျုံဆန်တစ်ခွက်၊ မုယောဆန်သုံးခွက်ကိုရကြောင်း၊ ဆီနှင့်စပျစ်ရည်ကိုမပျက်စေ
ရဟုပြောဆိုလေသည်။ အဓိပ္ပါယ်မှာရှင်းလင်းပါသည်။ စစ်ပွဲများတွင်ခွန်အားရှိသောလူများသေဆုံးကုန်သဖြင့် အလုပ်လုပ်သူနဲပါးလာပြီး ငတ်မွတ်ခေါင်းပါးခြင်းကာလသည် ချက်ခြင်းဆိုက်ရောက်လာလိမ့်မည်။ ဤအ
ကြောင်းကို မ ၂၄း၇၌ ခ၇စ်တော်အတိအလင်းပြောနှင့်ပြီးသားဖြစ်သည်။ ဆီနှင့် စပျစ်ရည်သည်လည်းထိုအချိန်
ကာလတွင်တားမြစ်ပိတ်ပင်ခြင်းခံရလိမ့်မည်။
စတုတ္ထတံဆိပ် (ဗျာ ၆း၇၊ ၈)
စတုတ္ထတံဆိပ်ကိုဖွင့်သောအခါ မြင်းမွဲတစ်စီးရှိသည်။ မြင်းစီးသူကို မရဏာဟူသောနာမည်ရ၏။ ပထမ
ပိုင်းမြင်းသုံးစီး၌ သူ့ကိုနာမည်မမှည့်ထားသော်လည်း ဤမြင်းစီးသူကိုနာမည်ပေးထားသည်။ သေခြင်းတည်းဟူ
သော မရဏာနိုင်ငံလဘည်း သူ့နောက်မှာလိုက်လာလေသည်။ မရဏာနိုင်ငံသည် စစ်ပွဲနှင့် ငတ်မွတ်ခြင်းဘေး
အားဖြင့် လူကိုသေကြေပျက်စီးစေလေသည်။
ပဉ္စမတံဆိပ် (ဗျာ ၆း၉ – ၁၀)
ပဉ္စမတံဆိပ်ကိုဖွင့်သောအခါ တမန်တော်ရှင်ယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်ကြောင့်
၎င်း၊ မိမိတို့သက်သေခံချက်ကြောင့်၎င်း၊ အသေသတ်ခြင်းကိုခံရသော သူတို့၏၀ိညာဉ်များကိုယဇ်ပလ္လင်အောက်
၌နေသည်ကိုမြင်ရလေသည်။ ဤသူများသည် ယခင်သတ်ခြင်းခံရသောသန့်ရှင်းသူများမဟုတ်ချေ။ သူတို့သည်
သေသည့်တိုင်အောင်မိမိအသက်ကိုမနှမြောကြ။ (ဗျာ ၁၂း၁၁)အသင်းတော်ချီဆောင်ခြင်းခံပြီင်္းနောက်နိုင်ငံတော်
နှင့်ယှဉ်သော ဧ၀ံဂေလိတရားကို အသစ်တဖန်ဟောပြောဖို့ရန်ထိုသူတို့သည် ကမ္ဘာအရပ်ရပ်သို့ထွက်သွားကြ
လိမ့်မည်။ (မ ၂၄း၁၄) သို့သော်ကယ်တင်ခြင်းပေးသောတရားမဟုတ်ချေ။ မြေကြီးပေါ်မှာ နိုင်ငံတော်တည်
ထောင်ဖို့ရန်ဟောပြောသည့်သိတင်းကောင်းဖြစ်သဖြင့် အန္တိခရစ်နှင့်နောက်လိုက်များက သူတို့ကိုဖမ်းဆီးနှိပ်စက်
သတ်ဖြတ်မည်ဖြစ်သည်။ (မ ၂၄း၉-၁၃) ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် ခံရသူများ၏၀ိညာဉ်များသည်
သူတို့အားဂလဲ့စားချေရန် တောင်းဆိုနေလေသည်။ ဤသို့တောင်းဆိုနေသော်လည်း သူတို့အားခေတ္တမျှစောင့်
ဆိုင်းရန်နှင့် သူတို့၏နောက်လိုက်များညီအစ်ကိုများကိုလည်း အသေသတ်ခြင်းဖြင့် အရေအတွက်ပြည့်မှီလာစေ
ရန်ဖြစ်ကြောင်းပြောဆိုလျက် ဗျာ ၂၀း၎တွင် အရေအတွက်ပြည့်ခဲ့ကြောင်းတွေ့ရှိခဲ့ရသည်။
ဆဌမတံဆိပ် (ဗျာ ၆း၁၂-၁၇)
ဆဌမတံဆိပ်ကိုဖွင့်သောအခါ မိုးကောင်းကင်သည် ပုံသဏ္ဍာန်ပြောင်းလဲသွားသည်ကိုတွေ့ရသည်။ (ယောလ ၂း၃၀-၃၁၊ မ ၂၄း၂၉၊ ဟေ ၁၃း၉-၁၁) ကြောက်လန့်စရာကောင်းသော ဤဖြစ်ရပ်ကြောင့် လူအများ
တို့သည် တောင်ပေါ်ရှိကျောက်တွင်း၌၎င်း၊ တော၌၎င်းပုန်းရှောင်ခိုအောင်းနေကြလိမ့်မည်။ ထိုတောင်နှင့်
ကျောက်များကိုခေါ်ပြီး ငါတို့အပေါ်မှကျစေပါဟုအော်လိမ့်မည်။ မဿဲ ၂၄တစ်ခန်းလုံးနှင့် ဗျာ ၆း၁၂-၁၇ကို နှိုင်း
ယှဉ်ကြည့်လျှင် ဤဒုက္ခဘေးကို အသေးစိတ်သိရလိမ့်မည်။
ဆဌမတံဆိပ်နှင့် သတ္တမတံဆိပ်ကြားကာလတွင် တခြားအဖြစ်အပျက်တစ်ခုကိုတွေ့ရသည်။ ၎င်းမှာ
ဣသရေလလူမျိုးတစ်သိန်းလေးသောင်းလေးထောင်ယောက်ကို တံဆိပ်ခတ်သည့်အကြောင်းဖြစ်သည်။ ဘုရင်
အာဟဒ်မင်းလက်ထက်၌ ဗာလဘုရားရှေ့တွင်ဒူးမထောက်၊ ၀တ်မပြုဦးမချသူ ဣသရေလလူမျိုးခုနှစ်သောင်း
လေးထောင်သည် အန္တိခရစ်ကို ဒူးမထောက်၊ ဦးမချသောသူများဖြစ်ပြီး၊ ဘုရားသခင်ကတံဆိပ်ခတ်ထားသူများ
ဖြစ်ပေသည်။ (ဗျာ ၁၄း၁၊ ၂၂း၎)
အသွေးတော်အားဖြင့် ဖြူစင်သောသူများ
ဤသူများသည် ဘေးဒဏ်ကာလ၌ မရှိတော့ချေ။ ဤသူများသည် အသင်းတော်မှမဟုတ်ချေ။ အသင်း တော်သည် ဤဘေးဒဏ်ကြီးကာလ၌မရှိတော့ချေ။ ဘေးဒဏ်ကာလတစ်လျှောက်အသင်းတော်ဖြတ်သန်းစရာ
မလိုပေ။ အသွေးတော်အားဖြင့် သူတို့အပြစ်များကိုဖြူစင်သောသူအပေါင်းတို့သည်အသင်းတော်ချီဆောင်သွား
ပြီးနောက် ယေရှုသည် ကယ်တင်ရှင်ခရစ်တော်ဖြစ်သည်ဟုဝန်ခံလာသောမယုံကြည်သူတစ်ပါးအမျိုးးသားများ
ဖြစ်သည်။ သူတို့သည် ကောင်းကင်၌ ခရစ်တော်၏ပလ္လင်တော်ရှေ့ရှိဗိမ္မာန်တော်၌ နေ့ညဥ့်မပြတ်ဘုရားဝတ်ပြု၍
ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ထာဝရကင်းလွတ်ကြလိမ့်မည်။ သို့သော်လည်းမြေကြီးပေါ်မှာ တည်ထောင်လာ
မည့် သာယာဝပြောသောအနှစ်တစ်ထောင်မိလေနစ်နိုင်ငံတော်သည် သူတို့အတွက်မဟုတ်ချေ။
သတ္တမတံဆိပ် (ဗျာ ၈း၁)
သိုးသူငယ်က သတ္တမတံဆိပ်ကိုကောင်းကင်မှ ဖွင့်လိုက်သောအခါ ကောင်းကင်တခွင်တွင် နာရီဝက်မျှ
တိတ်ဆိတ်သွားလေသည်ဟုဆိုသည်။ ၎င်းနောက်တွင်သာ၍ ကြောက်မက်ဖွယ်ရာများဖြစ်ပျက်လာလိမ့်မည်။
တိတ်ဆိတ်ချိန်ကုန်လွန်သွားသောအခါ ကောင်းကင်တမန်ခုနှစ်ပါးသည် တံပိုးခုနှစ်လုံးကို တစ်လုံးပြီးတစ်လုံး
မှုတ်လာလိမ့်မည်။
ပထမတံပိုးခရာ (ဗျာ ၈း၇)
ကောင်းကင်တမန်တစ်ပါးက ပထမတံပိုးကိုမှုတ်သောအခါ၊ မိုးသီးနှင့်အသွေးရောနှောသော မီးမြေပေါ်
သို့ကျလာသည်။ ထိုအခါ မြေကြီးသုံးပုံတစ်ပုံနှင့် တောတောင်သုံးပုံတစ်ပုံလောင်ကျွမ်းသွားလေသည်။ ဤအဖြစ်
အပျက်သည် ယောလကျမ်း၌ ပရောဖက်ပြုချက်ပြည့်စုံလာခြင်းဖြစ်သည်။ (ယောလ ၂း၃၀-၃၁) ၎င်းအပြင်
အီဂျစ်ပြည်၌ဖြစ်ခဲ့ဘူးသော ဘေးဒဏ်ခုနှစ်ခုမြောက်သောဘေးလည်း ကျရောက်လိမ့်မည်။ (ထွ ၉း၂၂-၂၆) အီဂျစ်ပြည်၌ဖြစ်ခဲ့ဘူးသဖြင့် အနာဂတ်ကာလဘေးဒဏ်ချိန်၌လည်း တဖန်ဖြစ်ပေါ်လာလိမ့်မည်။
ဒုတိယတံပိုးခရာ (ဗျာ ၈း၈-၉)
ဒုတိယကောင်းကင်တမန်က ဒုတိယတံပိုးကိုမှုတ်သောအခါ မီးလောင်သောတောင်ကြီးကိုပင်လယ်
ထဲသို့ချလိုက်သကဲ့သို့ဖြစ်ပြီး ပင်လယ်ရှိသမျှသုံးပုံတစ်ပုံသည် သွေးဖြစ်လာကာပင်လယ်ရှိသတ္တ၀ါသုံးပုံတစ်ပုံ
သေဆုံးသွားလိမ့်မည်။ သင်္ဘောများမှာလည်းသုံးစုတစ်စုပျက်စီးသွားလိမ့်မည်။ ထို့ကြောင့်မီးလောင်သော
တောင်ကြီးဆိုသည်မှာ လောင်နေသောဂြိုလ်တစ်လုံးသည် ပင်လယ်သို့ကျလာပြီးစစ်တိုက်ဘို့ရန်ပြင်ဆင်နေ
သော စစ်သင်္ဘောသုံပုံတစ်ပုံပေါ်ကျရောက်၍ ၎င်းသင်္ဘောများပျက်စီးသွားကာ သွေးများပင်လယ်သုံးပုံတစ်ပုံထိ
ပြန့်နှံ့သွားသည်ကိုဆိုလိုသည်ဟု ယူဆနိုင်သည်။
တတိယတံပိုးခရာ (ဗျာ ၈း၁၀-၁၁)
တတိယကောင်းကင်တမန်က တံပိုးကိုမှုတ်သောအခါ မီးကဲ့သို့ထွန်းတောက်သောကြယ်ကြီးသည် မြစ်
ချောင်းသုံးပုံတစ်ပုံပေါ်သို့၎င်း၊ စမ်းရေတွင်းသို့၎င်းကျရောက်ပြီး မြစ်ရေ စမ်းရေများခါးသောကြောင့်ရေမသောက်
ရ၍သေဆုံးသူမျာပြားလိမ့်မည်။ တနည်းအားဖြင့်ကြယ်များသည် ကြွေကျလာပြီးမြစ်ရေသို့ရောက်သောအခါ ဓါတ်တစ်မျိုးထွက်လာကာ ရေများကိုအဆိပ်အတောက်ဖြစ်စေပြီး သောက်သူများသေဆုံးသွားကြရလိမ့်မည်။
ဒေါနရွက်ဟူသောကြယ်လည်း ဒီနေ့ရှိနိုင်သည်။ ခါးသောဓါတ်သဘာဝမှ ယနေ့လူများဖျော်ယမကာ ထုတ်လုပ်
နေကြသည်။ Absinthe ဟူသောဓါတ်စာတစ်မျိုးသည် အခါးဓါတ်ရှိပြီး၊ ၎င်းမှတဆင့်ယနေ့လူများအရက်ထုတ်
လုပ်နေကြသည်။ ယေရမိ ၉း၁၃-၁၅ ၌ရေးသားချက်သည် ထိုခေတ်ကာလကိုရည်ညွှန်း၍ရေးသားခြင်းဖြစ်
သည်။
စတုတ္ထတံပိုးခရာ (ဗျာ ၈း၁၂)
စတုတ္ထကောင်းကင်တမန်တစ်ပါးက စတုတ္ထတံပိုးကိုမှုတ်သောအခါ နေ၊လ၊ကြယ်သုံးစုတစ်စုသည်
မှောင်မိုက်ဖြစ်လာသည်။ ဤအဖြစ်အပျက်သည် ခရစ်တော်ယေရှုကိုယ်တိုင်မိန့်မှာချက်ပြည့်စုံလာခြင်းဖြစ်
သည်။ (လု ၂၁း၂၅-၂၆) ထို့နောက်ကောင်းကင်တမန်တစ်ပါးက ကောင်းကင်မှပျံဝဲလျက် နောက်ထပ်မှုတ်
လာမည့် တံပိုးခရာသုံးလုံးပြင်ဆင်နေသောအခါ ၎င်းအသံများကြောင့်မြေကြီးသားတို့သည် အမင်္ဂလာ၊
အမင်္ဂလာ၊ အမင်္ဂလာ၊ ရှိကြသည်ဟုကြီးသောအသံနှင့် ဆိုသည်ဟုဆိုလေသည်။ (ဗျာ ၈း၁၃)
ပဉ္စမတံပိုးခရာ (ဗျာ ၉း၁-၁၂)
ပထမဘေးဒုက္ခ၊ (ကျိုင်းကောင်၏ညှင်းဆဲခြင်း)
ပဉ္စမတံပိုးခရာကိုမှုတ်သောအခါ ကြယ်တစ်လုံးသည် ကောင်းကင်မှမြေကြီးပေါ်သို့ကျလာသည်။ သူ
သည်အနက်ဆုံးသောတွင်း၏သော့ကို အပ်ပေးသည်ဖြစ်၍ သူသည်အနက်ဆုံးတွင်းကိုဖွင့်သောအခါ မီးခိုးကဲ့သို့
သောအခိုးသည်တွင်းထဲက ထွက်လာသည်ဟုဆိုသည်။ ဤနေရာ၌ကြယ်သည်တကယ့်ကြယ်မဟုတ်ပေ။ ကောင်းကင်တမန်တစ်ပါးဖြစ်နိုင်သည်။ စာတန်ကိုအနက်ဆုံးသောတွင်း၏သော့ကို မအပ်ပေးခဲ့ပေ။ ထိုကောင်း
ကင်တမန်သည် စာတန်ကိုချည်နှောင်၍တွင်းထဲ၌ အနှစ်တစ်ထောင်လှောင်ပိတ်ထားမည့် ကောင်းကင်တမန်ဖြစ်
သည်။ (ဗျာ ၂၀း၁-၃)
ထိုကောင်းကင်တမန်ကဖွင့်လိုက်၌ တွင်းနက်မှ ထွက်လာကောကျိုင်းကောင်သည် မြေကြီးကိုပြန့်နှံ့
လွှမ်းမိုးသွားလိမ့်မည်။ ဤကျိုင်းကောင်၌အံ့သြစရာကောင်းသည်မှာ မျက်နှာသည် လူမျက်နှာ၊ ဆံပင်သည် မိန်း
မဆံပင်၊ သွားသည်ခြင်္သေ့သွား၊ အမြီးသည် ကင်းမြီးကောက်အမြီးနှင့် ရင်အုပ်တန်ဆာသည် သံရင်အုပ်တန်ဆာ၊
အတောင်ခတ်သောအသံသည် စစ်တိုက်၍ပြေးလာသောမြင်းရထားများ၏အသံကဲ့သို့ဖြစ်လေသည်။
ဤကျိုင်းကောင်မည်မျှကြီးမားသည်ကိုမဖေါ်ပြထားသော်လည်း ယခုကျွန်ုပ်တို့တွေ့မြင်ရသောကျိုင်း
ကောင်ထက်ပို၍ ကြီးမားလာလိမ့်မည်။ ၎င်းအပြင်ကျိုင်းကောင်အစစ်ဖြစ်မည်မထင်ပါ။ အဘယ့်ကြောင့်ဆိုသော်
မြက်ပင်နှင့် စိမ်းသောအရာကို မစားဘဲချန်လှပ်ထာသောကြောင့်၎င်း၊ တံဆိပ်ခတ်ခြင်းမခံယူသူကိုညှင်းဆဲကိုက်
ရန်အခွင့်ရသောကြောင့်၎င်း၊ သာမန်သတ္တ၀ါဖြစ်သည့် ကျိုင်းကောင်မဖြစ်နိုင်ကြောင်းထင်ရှားသည်။ လူကိုအ
သေမခံစေဘဲ ငါးလတိုင်အောင် ဝေဒနာခံစားဘို့ရန် အခွင့်ရသည်ဟုဆိုသည်။
ဤသို့ဆိုသောကြောင့် ကျိုင်းကောင်သည် အဘယ်သို့သောသတ္တ၀ါဖြစ်သနည်း။ တွင်းနက်ကြီးထဲမှ ထွက်လာသောကြောင့်၎င်းတို့သည် နတ်ဆိုးဝိညာဉ်ဆိုးများဖြစ်နိုင်စရာရှိသည်။ ထိုနေ့ရက်တွင်လူများသည် သေချင်သော်လည်း သေခြင်းအား ရှာမတွေ့နိုင်ချေ။ ဝေဒနာသက်သာချင်သော်လည်းအခွင့်မရချေ။ ဤမျှ
လောက်ထိခိုက်နာကျင်စေသော ကျိုင်းကောင်ယနေ့မတွေ့နိုင်သေးချေ။ သူတို့ခေါင်းဆောင်ဘုရင်ကို ဟေဗြဲ
အားဖြင့် (Abadom) အဗဒ္ဒုန် ဟူ၍၎င်း၊ ဂရိအားဖြင့် အာပေါလှူန်(Apollyom)ဟူ၍၎င်းခေါ်ကြောင်းသိရသည်။
ယနေ့ရှိသောကျိုင်းကောင်၌ဘုရင်မရှိချေ။ ဘုရင်၏နာမည်အဓိပ္ပါယ်မှာလည်း “ပျက်စီးစေသော”ဟူ၍အနက်
ရသည်။ (သု ၃၀း၂၇) ကျိုင်းကောင်၏ဘုရင်သည်လည်း စာတန်မဟုတ်ချေ။ စာတန်သည် တွင်းနက်ထဲ၌ချည်
နှောင်မထားသေးဘဲ လွတ်လွတ်လပ်လပ်သွားလာလှုပ်ရှားနိုင်သည်။
ဆဌမတံပိုးခရာ (ဗျာ ၉း၁၃-၂၁)
(ဒုတိယဘေးဒုက္ခ၊ မြင်းစီးသူရဲ၏ညှင်းဆဲခြင်း)
ဆဌမတံပိုးကိုမှုတ်သောအခါ ဘုရားသခင်၏ရွှေပလ္လင်တော်မှ အသံထွက်လာ၍ ဥဖ၇တ်မြစ်နားမှာ ချည်
နှောင်ထားသော ကောင်းကင်တမန်လေးပါးကို လွှတ်လော့ဟုဆို၏။ ဤကောင်းကင်တမန်များသည် အပြစ်ပြု၍
ကျဆင်းသွားသော သိန်းနှစ်ဆယ်အေ၇အတွက်ရှိသော ကောင်းကင်တမန်တပ်၏ ခေါင်းဆောင်များဖြစ်သည်။
ဤတပ်သည် ယနေ့ရှိနေသော မြင်းတပ်များမဟုတ်ချေ။ မြင်းဦးခေါင်းသည် ခြင်္သေ့ကဲ့သို့ဖြစ်ပြီး အမြီးသည်ကင်း
မြီးကောက်၏အမြီးနှင့်တူသည်။ လူကိုသေစေသည့်အဆိပ်အမြီး၌ရှိသည်။ မြင်းစီးသူ၏ ရင်အုပ်တန်ဆာသည် သံဖြစ်သည်။
ဤမြင်းစီးသူရဲသည် ကျမ်းစာ၌ တစ်ခါမှမဖော်ပြဘူးသောသူများဖြစ်သည်။ (၄ရာ ၆း၁၃-၁၇) အဘယ့်
ကြောင့်ဆိုသော် သခင်ယေရှုခရစ်တော်သည် ကောင်းကင်ဗိုလ်ခြေများရှိသကဲ့သို့ စာတန်၌လည်း မြင်းစီးသူရဲ
တို့ရှိကြလိမ့်မည်။ ထိုအချိန်က လူများသည် ဤမျှလောက်သောဘေးအန္တရာယ်တွေ့ကြုံနေရသော်လည်း နောင်
တရခြင်းအလျှဉ်းမတွေ့ရချေ။ ပို၌ဆိုးဝါးလာသည်။
လွတ်ခြင်းခံရသော ကောင်းကင်တမန်လေးပါးသည် ချိန်းချက်သောအချိန်နာရီအတွင်းလူများသုံးပုံတစ်
ပုံကိုသတ်ဖြတ်လေသည်။ ဥဖရတ်မြစ်နားမှာချည်နှောင်ထားသော ကောင်းကင်တမန်လေးပါးကို လွတ်ခြင်း
သည် ထာဝရဘုရားသခင်၏ စီမံချက်တစ်ခုလည်းဖြစ်သည်။ သူတို့သည် စာတန်၏စေတမန်များဖြစ်ကြသည်။
မြင်းစီးသူရဲကောင်းများသည် အသင်းတော်ချီဆောင်ခြင်းခံပြီးနောက် စာတန်အခွင့်အာဏာဖြင့် လူကိုဖျက်စီးစေ
ခြင်းဖြစ်သည်။
ဆဌမတံပိုးနှင့် သတ္တမတံပိုးမှုသည့်ကြားတွင် သက်သေခံနှစ်ဦးပေါ်လာသည့် ဖြစ်ရပ်လည်းပါဝင်သည်။ ဒီအချိန်တွင် ခွန်အားကြီင်္းသောကောင်းကင်တမန်တစ်ပါးသည် ပေါ်လာ၍ လက်ထဲ၌ ဖွင့်ထားသောစာလိပ်ကို
ကိုင်လျက်၊ ကောင်းကင်မှ ဆင်းသက်လာသည်။ ထိုသူသည် သခင်ယေရှုခရစ်တော်ကိုယ်တိုင်ဖြစ်သည်။ ဗျာ
၁း၁၂-၁၅ နှင့်လည်း တူညီမှုရှိသည်။ အသံတော်သည် ခြင်္သေ့အသံကဲ့သို့ဖြစ်သည်။ ထို့ကြောင့် သူသည်ယုဒ
အမျိုးမှ ခြင်္သေ့ဖြစ်ကြောင်းသိရှိရသည်။ (ဗျာ ၅း၅)
ဗျာ ၁၁း၃ ၌“ငါသည်ငါ၏သက်သေခံနှစ်ဦးကို အခွင့်ပေးမည်”ဟုဆိုသည်။ ဤကဲ့သို့မိန့်မှာသည့်အတွက်
ကြောင့် ခရစ်တော်ဖြစ်ကြောင်းသိရသည်။ ခွန်အားကြီးသောကောင်းကင်တမန်၏လက်ယာခြေသည် ပင်လယ်၌
၎င်း၊ လက်ဝဲခြေသည် မြေပေါ်၌၎င်းနင်းလျက် “ကာလမနှေးဘဲ၊……. နေ့ရက်ကာလပြည့်စုံခြင်းသို့ရောက်မည်”
ဟုဆိုသည်။ ဤသို့ဆိုခြင်းသည် ဤကမ္ဘာမြေသည် ငါအဘို့ဖြစ်သဖြင့် အစိုးရလိမ့်မည်ဟုဆိုလိုခြင်းဖြစ်သည်။
စာလိပ်၌ ပါသည့်အတိုင်းမြွက်ဆိုခြင်းဖြစ်၍ ပြည့်စုံခြင်းမရှိသေးသော်လည်း သခင်ယေရှုသံလွင်တော်ပေါ်၌ ခြေ
ချသည့်အချိန်ကာလတွင် ကာလသည် လုံးဝပြည့်စုံသွားလိမ့်မည်။
သက်သေခံနှစ်ဦးပေါ်ပေါက်လာခြင်း (ဗျာ ၁၁း၁-၁၄)
ဤနှစ်ဦးသည် ဘေးဒဏ်ကာလတစ်ဝက်ဖြင့်သော သုံးနှစ်ခွဲအချိန်မှစ၍ သက်သေခံလိမ့်မည်။ ဤသူ
နှစ်ဦးသည် မည်သူဖြစ်သည်ကိုလည်းသိရှိနိုင်သည်။ ဧလိယသည် မိုးမရွာစေရန်လပေါင်းလေးဆယ်လတားမြစ်
နိုင်သည်။ (မာလခိ ၄း၅၊ ၆) မောရှေ၌လည်း ရေကိုသွေးဖြစ်စေနိုင်သည့် တန်ခိုးပိုင်ဆိုင်ထားလေသည်။ သူသေ
သည့်အခါ၌လည်း ရုပ်အလောင်းနှင့် ပါတ်သက်၍စာတန်လာပြီး ကောင်းကင်တမန်မင်း မိက္ခေလနှင့် အချင်းဖြစ်
ပွားခဲ့ရသည်။ (ယု ၆) ဧလိယနှင့်မောရှေသည် သခင်ယေရှုခရစ်တော်တောင်ပေါ်၌ ကိုယ်ရောင်ပြောင်းလဲခြင်း
ဖြစ်သောအခါ၌၎င်း၊ မိုးကောင်းကင်သို့တက်ကြွသည့်အခါ၌၎င်း အ၀တ်ဖြူဝတ်၍ ပေါ်လာခဲ့ဘူးသည်။ (တ ၁း၁၀-၁၁) ထို့ကြောင့်ဤအကြောင်းအရာများကိုဆင်ခြင်ကြည့်လျှင် အနာဂတ်ဘုရားသခင်နိုင်ငံတော် ဤ
လောက၌တည်ထောင်လာသောအခါ၌လည်း သူတို့နှစ်ဦးပေါ်လာသောအခါသူတို့အား တိုက်ခိုက်လာသူများ
ကိုသူတို့ခံတွင်းထဲမှ မီးလျှံအားဖြင့်လောင်ကျွမ်းစေ၍ အဆုံးစီရင်နိုင်လေသည်။ သို့သော်လည်းရက်ပေါင်းတစ်
ထောင်နှစ်ရာခြောက်ဆယ်ရက်သို့ရောက်လျှင် အသေသတ်ခြင်းခံရ၍ အလောင်းကိုမြို့လယ်ခေါင်တွင် သုံးရက်
ခွဲထားသောအခါ အသက်ပြန်ဝင်လာပြီး ရှင်ပြန်ထမြောက်လာကာ အရှင်လတ်လတ်ကောင်းကင်သို့တက်သွား
သည်ကို လူအများအံ့သြစရာတွေ့ရလိမ့်မည်။ သူတို့နှစ်ဦးကောင်းကင်သို့ တက်ကြွနေစဉ် မြေငလျင်ပြင်းထန်
စွာလှုပ်လိမ့်မည်။ ငလျင်လှုပ်ခြင်းဖြင့် ဒုတိယဘေးဒဏ်အဆုံးသတ်သွားလိမ့်မည်။
သတ္တမတံပိုးခရာ (ဗျာ ၁၁း၁၅-၁၉)
(တတိယဘေးဒုက္ခ)
သတ္တမတံပိုးမှုတ်ခြင်းဖြင့် ဖြစ်ပေါ်လာသော အဖြစ်အပျက်သည် ဗျာ ၁၁း၁၅မှ ၁၉အထိပါဝင်လေသည်။
တံဆိပ်ခုနှစ်ချက်၌ တံပိုးခုနှစ်လုံးလည်း ပါဝင်ပြီး၊ တံပိုးခုနှစ်လုံး၌ ဖလားခုနှစ်လုံးပါဝင်နေကြောင်းမမေ့အပ်ပေ။ ဤဘေးဒဏ်တစ်ခုစီပြီးစီးသောအခါ အသံကြီးစွာပြုခြင်း၊ မိုးချုန်းသံကြားရခြင်း၊ နှင့် လျပ်စီးလျက်ခြင်းစသည်တို့
ဖြင့်အဆုံးသတ်သွားကြောင်းတွေ့ရသည်။ (ဗျာ ၈း၅၊ ၁၁း၁၉၊ ၁၆း၁၈)
(၂) ဘေးဒဏ်ကာလအလယ်ပိုင်း (ဗျာ ၁၂း၁-၇)
ဤကာလအလယ်သို့ရောက်သောအခါ မိုးကောင်းကင်မှ အံ့သြဖွယ်ရာအဖြစ်အပျက်နှစ်ခုဖြစ်ပျက်သည်
ကိုတွေ့ရသည်။ ပထမအံ့သြဖွယ်ရာနိမိတ်လက္ခဏာမှာ နေကိုဝတ်ထားသည် မိန်းမတစ်ဦးပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း ဤအမျိုးသမီးသည်မယ်တော်မာရိမဟုတ်ချေ။ အသင်းတော်လည်းမဟုတ်ချေ။ ဣသရေလကိုပုံ
ဆောင်ခြင်းဖြစ်သည်။ ယောသပ်အိမ်မက်မြင်သောအခါ ကြယ်တစ်ဆယ်တစ်လုံးမြင်ရသည်ကို သတိရပါ။ (က ၃၉း၉) ယောသပ်သည် ကြယ်ဆယ်နှစ်လုံးမြောက်သည့်တစ်လုံးဖြစ်သည်။ ဤမိန်းမသည်နေကိုဝတ်ထားပြီး လ
ကိုခြေနင်းထားသည်ဟုဆိုသည်။ ဦးခေါင်း၌ကြယ်(၁၂)လုံးဖြင့်ပြီးသော သရဖူဆောင်းထားသည်ဟုဆိုသည်။ ၎င်းသည် ဣသရေလဆယ်နှစ်မျိုးကိုဆိုလိုသည်။ သမ္မာကျမ်း၌ဣသရေလကို မိန်းမဖြင့်အမြဲတမ်းခိုင်းနှိုင်း၍ အသင်းတော်ကိုကား အပျိုကညာနှင့် နှိုင်းယှဉ်ထားပါသည်။ (၂ကော ၁၁း၂)
နေကိုဝတ်ထားသောမိန်းမသည် ကိုယ်ဝန်ဆောင်သဖြင့် ဖွားမြင်အံ့သောငှါ ဝေဒနာပြင်းထန်စွာခံစားနေ
သည်ဟုဆိုသည်။ အသင်းတော်ခေတ်ကာလတလျှောက်လုံး၌ ဤကဲ့သို့သောအချင်းအရာမရှိခဲ့ဘူးပေ။ ရှင်
ပေါလုကဇာတိသဘောအားဖြင့်ဆိုသော် ခရစ်တော်သည်ယုဒလူမျိုးဖြစ်သည်ဟုဆိုသည်။ (ရော ၉း၎၊ ၅)
ဣသရေလသည် “သင်တို့အတွက် သူငယ်ကိုဖွားမြင်တော်မူလိမ့်မည်”ဟူသည့်ဂတိတော်ကိုစောင့်မျှော်နေ
သည်။ (ဟေ ၉း၆-၇) သို့သော်သူငယ်မမွေးဖွားမှီ ဝေဒနာများစွာခံစားရအုံးမည်ဖြစ်ကြောင်း၊ နှိုင်းယှဉ်ထား
လေသည်။
ဝေဒနာခံစားခြင်းဖြင့် သူငယ်ကိုဖွားမြင်လေသည်။ သူသည်သံလှံတံတော်ဖြင့် နိုင်ငံများကို အုပ်စိုး
လိမ့်မည်။ ထို့ကြောင့်ဤသူငယ်သည် အဘယ်သူနည်း။ ဆာလံကျမ်းအခန်း ၂၌ ရေးထားသကဲ့သို့ထိုသူသည်
ကောင်းကင်သို့တက်ကြွပြီး ယနေ့ခမည်းတော်ဘုရားလကျာင်္ဖက်၌ ထိုင်နေလေသည်။
ထိုမိန်းမသည် သားယောက်ျားကိုဖွားမြင်ပြီးနောက် နဂါးကညှင်းပန်းနှိပ်စက်သဖြင့် တော၌ ထွက်ပြေး
ပုန်းရှောင်နေလေသည်။ ထိုတော၌ ဘုရားသခင်သည် ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်ပြုစုကျွေးမွေး
ထားလေသည်။ လူအများအနက်ဖွင့်မှားသည့်အချက်မှာ ဗျာ ၁၂း၅နှင့် ၆ဖြစ်သည်။ သခင်ယေရှုခရစ်တော်သည်
သံလှံတံဖြင့်စိုးစံရန်ကောင်းကင်ဘုံရှိခမည်းတော်၏ရာဇပလ္လင်သို့တက်ကြွသွားသည်။ ယခုဝေဒနာခံနေသော
မိန်းမကိုတော၌ထွက်ပြေးပုန်းရှောင်စေပြီး ဘုရားသခင်က ရက်ပေါင်း (၁၂၆၀)ကျွေးမွေးမည်ဟုဆိုသည်။ ဤ
အဖြစ်အပျက်နှစ်ခုကြားတွင် အသင်းတော်ခေတ်ကာလတစ်ခုရှိနေပြီး၊ ဒံယေလ၏ ခြောက်ဆယ်ကိုးသီတင်းနှင့်
ခုနှစ်ဆယ်ပြည့်သီတင်းကြားကာလ၌ အသင်းတော်ခေတ်ကာလတစ်ခုရှိနေပြီး၊ ဒံယေလ၏ခြောက်ဆယ်ကိုးသီ
တင်းနှင့် ခုနှစ်ဆယ်ပြည့်သီတင်းကြာကာလ၌ အသင်းတော်ခေတ်ကာလကို ရှင်ယောဟန်က ကျော်လွန်ပြီးတစ်
ဆက်တည်းကဲ့သို့ရေးသားထားသောကြောင့် နားလည်ရန်ခက်ခဲပြီး အနက်ဖွင့်ရန်လည်း လွှဲမှားစေသည်။ ဤ
မိန်းမသည် မယ်တော်မာရိမဟုတ်ချေ။ သူသည်ယေရှုကို မွေးဖွားပြီး ကလေးနှင့် အတူအီဂျစ်ပြည်သို့ကလေး
လုံခြုံရေးအတွက် ပုန်းရှောင်ခဲ့သည်။ ယခုဗျာဒိတ်ကျန်းရှိမိန်းမသည် သူငယ်ကိုကောင်းကင်သို့ချီဆောင်ပြီးမှ
မိမိလုံခြုံရေးအတွက် တော၌ပုန်းရှောင်ရခြင်းဖြစ်သည်။
အံ့သြဘွယ်ရာနောက်တစ်ခုမှာ နဂါးဖြစ်သည်။ ကောင်းကင်မှ နဂါးကိုတွေ့မြင်ရကြောင်းဆိုထားသည်။
၎င်းသည် မည်သူနည်း၊ ၎င်းသည်ရှေးမြွေဟောင်း၊ စာတန်နှင့် မာရ်နတ်ပင်ဖြစ်သည်။ (ဗျာ ၁၂း၉) နဂါး၏အ
ရောင်မှာအနီရောင်ဖြစ်သည်။ ၎င်းအရောင်မှာလူသားများ၏အသွေးကိုဖေါ်သည့်အမှတ်တံဆိပ်လက္ခဏာဖြစ်
သည်။ သူသည်ရှေးကာလမှစ၍ လူများစွာကိုကွပ်မျက်ပြီးသားဖြစ်သည်။ (ယော ၈း၂၂) နဂါး၏အမြီး၌ကြယ်
သုံးစုတစ်စုလိုက်လာနေသည်ဟုဆိုသည်။ ဤအရာသည် စာတန်၏လှည့်ဖြားခြင်းဖြင့် ကောင်းကင်တမန်သုံး
ပုံတစ်ပုံ၎င်းနောက်သို့လိုက်ပါသွားပြီး အပြစ်ထဲသို့ကျရောက်ခြင်းကိုဆိုလိုသည်။ သမ္မာဟောင်းကျမ်း၌ ကောင်း
ကင်တမန်များကိုကြယ်များအားဖြင့် ဥပမာပေးနှိုင်းယှဉ်ထားသည်။ (ယောဘ ၃၈း၇) ထိုကောင်းကင်တမန်များ
သည် လူစီဖါဖြစ်သော စာတန်မာရ်နောက်သို့လိုက်ပါသွားခြင်းကြောင့်မှောင်မိုက်ထဲသို့ထဲသို့ကျဆင်းသွားခဲ့ရ
သည်။
စာတန်(ရှေးမြွေဟောင်း၊ နဂါး)သည်ဘီစီ ၂၀၀၀ခန့်ယောဘအချိန်မှစ၍ ယခုအချိန်အထိ မိုးကောင်း
ကင်၌ကျင်လည်ကျက်စားလေ့ရှိသည်။ သူသည်ကောင်းကင်ဘုံဘုရားသခင်အထံတော်သို့လည်းတက်ရောက်
နိုင်သည်။ (ယောဘ ၁း၁-၂၈)ခရစ်တော်ယေရ့မွေးဖွားပြီးနောက်၎င်းစာတန်သည် ဟေရုဒ်စိတ်ထဲဝင်ရောက်
ပြီး ယေရှုကိုသတ်ခိုင်းလေသည်။ (မ ၂း၁၆-၁၈) စာတန်သည် နေရာအနှံ့မိမိစိတ်ထင်သည့်အတိုင်း လွတ်လပ်
စွာလှုပ်ရှားသည့်အတွက် သခင်ယေရှုကိုလည်း တောထဲ၌ စုံစမ်းမှုပြုခဲ့သည်။ တမန်တော်ပေတရုကိုလည်းစိတ်
ယိုင်လဲအောင်စုံစမ်းခဲ့သည်။ ယခုအချိန်အခါတွင် မိုးကောင်းကင်၌ အစိုးတရပြုနေသောအင်းအဖြစ်၊ ဘုရား
အဖြစ်ကျက်စားနေသည်။ (ဧ ၂း၂၊ ၂ကော ၄း၁၄)
ရှေးမြွေဟောင်းကိုအောက်သို့နှင်ချသောအခါ ကောင်းကင်တခွင်လုံးသည် သာယာချမ်းမြေ့သောနေရာ
ဖြစ်လာလိမ့်မည်။ မိမိ၏ညီအစ်ကို(ဂျုး)လူမျိုးကိုစွပ်စွဲသောသူအားမြေပေါ်သို့ချလိုက်ပြီဖြစ်သည်။ သို့သော်လည်း
ထိုအချိန်၌ မြေပေါ်တွင်ရှိသောသူများသည် ကြီးစွာသောဒုက္ခဆင်းရဲဘေးရောက်ကြရလိမ့်မည်။ ရှေးမြွေဟောင်း
နဂါးသည် သူ့အချိန်(၃နှစ်ခွဲ)တိုတောင်းသည်ကိုသိသောကြောင့် ပြင်းထန်စွာအမျက်ဒေါသထွက်လိမ့်မည်။ သို့
သော်လည်းနောက်ပိုင်းတွင်သူ့ကိုချည်နှောင်၍တွင်းနက်ကြီးထဲသို့ချပစ်ခြင်းခံရလိမ့်မည်။
နဂါးကိုအောက်သို့နှင်ချပြီးနောက် သူငယ်ကိုကောင်းကင်တမန်ချီပိုက်၍ ကောင်းကင်သို့ယူဆောင်သွား
သည်ကိုတွေ့သောအခါ နဂါးသည် မိန်းမကိုအမျက်ဒေါသထွက်ပြီး ရန်မူလာသည့်အတွက် မိန်းမ(ဣသရေလ)
သည်အတောင်နှစ်ဖက်ကိုကောင်းကင်မှခံရ၍ ပျံသန်းပြီးတော၌ ပုန်းရှောင်သွားခဲ့သည်။ ထိုနေရာ၌ဘုရားသခင်
သည်တကာလ၊ နှစ်ကာလ၊ ကာလ၀က်(သုံးနှစ်ခွဲ)အထိကျွေးမွေးခြင်းကိုပြုလေသည်။
ထာဝရဘုရားသည် ဣသရေလအား ငါသည် အဲဂုတ္တုလူတို့အားပြမူသည်ကိုတွေ့မြင်ရလိမ့်မည်။ ငါသည်ရွှေလင်ယုန်ပျံသန်းသကဲ့သို့ အတောင်ပေါ်မှာစီးနင်းလျက် သင်တို့နေရပ်သို့ ပြန်လာသည်ကိုတွေ့
ရလိမ့်မည်ဟုဆိုသည်။ မိန်းမနှင့် နဂါးသည် ပုံဆောင်ချက်ဖြစ်သကဲ့သို့ ရွှေလင်းယုန်အတောင်သည်လည်းပုံ
ဆောင်ချက်သာဖြစ်သည်။
သမ္မာဟောင်းခေတ်အချိန်၌ ပုန်းရှောင်သည့်နေရာသည် သမ္မာသစ်ခေတ်အချိန်၌ ဣသရေလလူမျိုးများ
ထွက်ပြေးပုန်းရှောင်ရမည့် ဒေသဖြစ်သည်။ ဂျော်ဒန်မြစ်တဖက်တချက်တွင် ဤသို့ပုန်းရှောင်ရသည့်ဒေသသုံး
နေရာရှိသည်။ လူသတ်မှုဖြစ်ပွားသည့်အခါ တရားခံသည် ဤဒေသသို့ပုန်းရှောင်ခြင်းဖြင့် တရားလို၏ချက်ချင်း
ဂလဲ့စားချေခြင်းမှ ရှောင်လွှဲနိုင်မည်။ မကြာမှီအမှန်တရားပေါ်လာပြီး မတော်တဆမှုဖြစ်လျှင် အသက်ချမ်းသာရ
ပြီး ကြိုတင်ကြံစည်မှုဖြင့် သတ်လျှင်အပြစ်ပေးခံရန်ဖြစ်သည်။ သို့သော်လည်းယဇ်ပုရောဟိတ်မသေမချင်း ၎င်း
ပုန်းရှောင်ခိုလှုံနေသည့်မြို့မှမထွက်ရချေ။
အနာဂတ်ကာလတွင် ဤမြို့သို့ယုဒလူများပုန်းရှောင်ခိုလှုံနေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော်သူတို့
သည် လူသတ်မှုကျုးလွန်သောကြောင့်ဖြစ်သည်။ ယေရှုခရစ်တော်ကို ရောမစစ်သားများက သတ်ဘို့ပြင်ဆင်စဉ်
ယုဒလူများသည် “ “ဤသူ၏အသွေးသည် ငါတို့ခေါင်းပေါ်သို့၎င်း၊ သားမြေးတို့၏ခေါင်းသို့၎င်းတည်ပါစေ” ”ဟူ၍
ကျိန်ဆိုထားသောကြောင့်ဖြစ်သည်။ (မ ၂၇း၂၅) သို့သော်လည်း သခင်ယေရှုက လက်ဝါးကပ်တိုင်ပေါ်၌သူတို့အ
ပြစ်ကိုခွင့်လွှတ်ပေးခဲ့ခြင်းကိုဆင်ခြင်ခဲ့လျှင် အပြစ်လွှတ်ပြီဖြစ်ပြီး ကြိုတင်ကြံစည်မှုဖြင့် ကျုးလွန်ခြင်းမဟုတ်သ
ကဲ့သို့ယူဆနိုင်လေသည်။ ရှင်ပေါလုကလည်း ဤကိစ္စနှင့်ပတ်သက်၍ “ “ သိလျှင်ဘုန်းကြီးတော်မူသော သခင်
ကိုလက်ဝါးကပ်တိုင်မှာမကွပ်မျက်ကြပြီ” ”ဟုမိန့်မှာခဲ့လေသည်။ (၁ကော ၂း၈)
ယုဒလူမျိုးများသည် လူသတ်သမားဖြစ်သဖြင့် ခရစ်သက္ကရာဇ် ၁၉၀၀တိုင်အောင်နိုင်ငံတကာ၌ ခိုလှုံခွင့်
တောင်းနေရသူများဖြစ်သည်။ သို့သော်လည်းယနေ့ထိ ရှာမတွေ့နိုင်သေးချေ။ သူတို့သည်နိုင်ငံအနှံ့ပြန့်နှံ့သွား
လာနေသဖြင့် “ “လှည့်လည်နေသောလူ” ”ဟူ၍ခေါ်ခဲ့သည်။ ယုဒလူမျိုးများဤသို့ဖြစ်ရခြင်းသည် မောရှေအား
ဖြင့် “ “သင်၏ခြေများသည် အနားယူရန်နေရာမရှိ” ”ဟုဆိုသည့်အချက်ပြည့်စုံလာခြင်းဖြစ်သည်။ (တရားဟော
၂၈း၆၄၊ ၆၇)
ယုဒလူများသည် လူသတ်သမားဖြစ်သဖြင့် ဂလဲ့စားချေမည့်သူမှာ အန္တိခ၇စ်ဖြစ်ပေသည်။ ဂလဲ့စားချေ
မည့်သူသည် အသတ်ခံရသည့်ဆွေမျိုးသားချင်းတို့မှ ဖြစ်ရလိမ့်မည်။ မာရိသည်ယောသပ်နှင့် အိမ်ထောင်ပြုပြီး
ယာကုပ်၊ ယုဒ၊ ဆီမွန်နှင့် ယောသပ်စသည့် သားလေးဦးမွေးဖွားခဲ့သည်။ ယာကုပ်သည် အေဒီ-၁၀၀ အတွင်း၌
အသင်းတော်တွင် ခေါင်းဆောင်ဖြစ်ခဲ့သည်။ ယုဒသည် ယုဒသြ၀ါဒစာစောင်ရေးသားခဲ့သူဖြစ်သည်။ ယေရှု၏
ဆွေစဉ်မျိုးဆက်သည် အေဒီ ၃၂၄အထိသူတို့နေရာဒေသကို ရှာဖွေတွေ့ရှိနိုင်သည်။ သူ၏ဆွေစဉ်မျိုးဆက်သည်
ယနေ့ဤလောက၌ပင်ရှိသည်။ သို့သော်ယုဒလူမျိုးများသည် ယေရှုသခင်၏ဆွေစဉ်မျိုးဆက်များရှိနေသည်ကို
သတိမေ့နေဟန်တူသည်။ ဘုရားသခင်သည်ရှာဖွေတွေ့ရှိနိုင်သည့်အချိန်ကာလရောက်လာသည့်အခါတွင်ထိုအ
မျိုးမှပေါ်ပေါက်လာလိမ့်မည်။ ထိုသူများသည် ခရစ်တော်ယေရှုဘုရား၏ဆွေစဉ်မျိုးဆက်များဖြစ်သဖြင့် ယေရှု
ကိုသတ်သူအားဂလဲ့စားချေမည်ဖြစ်သည်။ ဘုရားသခင်သည် ဤပုန်းရှောင်ရမည့်မြို့တည်ဆောက်ပြီးလျှင်
အန္တိခရစ်ပေါ်ပေါက်စေပြီး လူသတ်သမားများအား ဂလဲ့စားချေစေမည်ဖြစ်သည်။ ပရောဖက်ဟေရှာယ၌ –
“ငါ၏လူတို့လာကြ။ အတွင်းခန်းထဲသို့ဝင်၍ သင်တို့ကိုကွယ်ကာသောတံခါးများကိုပိတ်ထားကြ။ အမျက်
ကာလလွန်သည့်တိုင်အောင်ခဏတာပုန်းရှောင်နေကြလော့”ဟုရေးသားထားသည်။ (ဟေ ၂၆း၁၀)
ထို့ကြောင့် ဂလဲ့စားချေသူသည် ဂျူးလူမျိုးကိုအမြဲတမ်းချောင်းမြောင်းနေလေ့ရှိသည်။ ခရစ်တော်ယေရှု
လည်း ဤကိစ္စနှင့်ပတ်သက်၍ပြောကြားခဲ့သည်။
ထာဝရဘုရားသခင်သည် ဣသရေလလူမျိုးကို ကျွန်ဘာဝအီဂျစ်ပြည်မှခေါ်ထုတ်လာ၍ ပင်လယ်နီကို
လည်းဖြတ်သန်းစေကာ သိနတောင်ခြေ၌ စုဝေးလျက်ပညတ်တော်ကိုလည်းပေးပြီး၊ တဲတော်ကိုလည်းတည်
ဆောက်ခိုင်းလေသည်။ တစ်နှစ်ကြာသော် ကာဒေရှဒေသရှိနေဗောတောင်သို့ရောက်လာကာ ခါနန်ပြည်သို့မ၀င်
ချင်သောကြောင့်တော၌ နှစ်ပေါင်းလေးဆယ်လှည့်လည်စေရန် ဘုရားရှင်ဒဏ်ခတ်လေသည်။ သို့သော်လည်း
ဘုရားသခင်သည်သူတို့ကို ကာကွယ်စောင့်ရှောက်ကျွေးမွေးထားလေသည်။ အနာဂတ်ကာလ၌လည်းဘုရား
သခင်ကွယ်ကာမစ၍ ပုန်းရှောင်ရာနေရာလည်းပြင်ဆင်ပေးလိမ့်မည်။ ဒံယေလလည်း အန္တိခ၇စ်နှင့်ပါတ်သက်၍
ဤသို့မိန့်မှာလေသည်။
“သာယာသောပြည်ကိုလည်း ၀င်၍ အများသောသူတို့သည် ဆုံးရှုံးကြလိမ့်မည်။ သို့ရာတွင် သူ၏လက်
မှလွတ်သောသူမူကား၊ ဧဒုံပြည်သား၊ မောဘပြည်သား၊ အမ္မုန်ပြည်သားတို့သည် လွတ်ကြလိမ့်မည်”ဟု
ရေးသားထားလေသည်။ (ဒံ ၁၁း၄၁)
ဣသရေလမျိုးတော၌ အနှစ်လေးဆယ်လှည့်လည်နေသည့် ဒေသသည် ဧဒုံပြည်၌သာဖြစ်သည်။ ထို
နေရာ၌ဘုရားသခင်သည် ဣသရေလအတွက် ပုန်းရှောင်ဒေသအဖြစ်ပြင်ဆင်ပေးလိမ့်မည်။ ယနေ့ထိဤဒေသ
ကို ဗက်ထရာ (Petra)အဖြစ်လူသိများသည်။ ယင်းဒေသကိုရောမအင်ပါယာက အေဒီ ၁၀၅၌သိမ်းပိုက်ပြီး အာ
ရေဗျဗက်ထရာအဖြစ်နာမည်တွင်လာခဲ့ရသည်။ ရောမအင်ပါယာအင်အားကျဆင်းပြီးနောက် ၎င်းဒေသသည်
အာရပ်လူမျိုးအပိုင်ဖြစ်လာခဲ့သည်။ ၁၈၁၂ခုနှစ်၌ ဗတ်ဂန့်ဒ် (Burck hardt)က ၎င်းဒေသကိုပြန်လည်ရှာဖွေတွေ့
ရှိခဲ့သည်။
စစ်ပြေးဒုက္ခသည်များခိုလှုံရန်၎င်းဒေသရှိ လှိုဏ်ဂူများသည် တောင်ကြိုတောင်ကြား၌မီးတောင်ပေါက်ကွဲ
ရာမှ ဖြစ်ပေါ်လာသကဲ့သို့တည်ရှိပြီးဝင်ပေါက်တစ်ပေါက်တည်းသာရှိသည်။ ၀င်ပေါက်နံဘေးတွင် အလွန်မြင့်
သောကျောက်ဆောင်နှင့် ကာရံထားသဖြင့် အပေါ်သို့မမြင်နိုင်ချေ။ ၀င်ပေါက်အရှည်မှာ၇-မိုင်ခန့်ရှည်ပြီး လှိုဏ်
ဂူအမြင့်မှာ ပေနှစ်ရာခန့်မြင့်မားသည်။ ဤကမ္ဘာပေါ်၌ ၀င်ပေါက်တစ်ခုတည်းရှိသောမြို့မရှိဘူးချေ။ သို့သော်
ဤဒေသအတွင်းထဲတွင် အိမ်ယာတိုက်တာများ၊ ဂူများ၊ ကျောက်စာများဖြင့်ပြည့်လျှံပြီး မြို့ကဲ့သို့တည်ဆောက်
ထားလေသည်။ ၎င်းအပြင် ၃၀၀ပေအမြင့်၌ ဖောက်လုပ်ထားသောလမ်းတစ်လမ်းရှိသေးသည်။ ထွင်းထားသည့်
ဂူ၊ ကျောက်များနှင့်လမ်းများသည် တစ်ခုနှင့်တစ်ခုလုံးဝမတူပေ။ ကျောက်မှာလည်း အနီရောင်၊ အပြာရောင်၊ အ
နက်ရောင်၊ အဖြူရောင်စသည့်ဖြင့် ရောင်စုံရှိပြီး အရောက်တောက်ပနေသည်။ လမ်းနံဘေးတွင် အမှတ်အသား
များပြုလုပ်ထားသည် အထိမ်းအမှတဂူများ၊ သင်္ကေတများစွာရှိသည်။
အနာဂတ်ကာလ၌ အန္တိခရစ်သည် ယုဒ(ဂျုး)လူမျိုးများကို ညှင်းပန်းနှိပ်စက်လာသောအခါ ဤနေရာသို့
ပုန်းရှောင်ခိုလှုံလာကြလိမ့်မည်။ ဗျာဒိတ်ကျမ်း၌မြွေနဂါးသည် မိန်းမနောက်သို့မိမိခံတွင်းထဲမှ ရေအဟုန်ကိုလွတ်
ထုတ်လိုက်၏ဟုဆိုသည်။ သို့သော်မြေကြီးသည် မိန်းမကိုမစ၍ ခံတွင်းဖွင့်စေပြီး ရေကိုမျိုလေ၏ဟူ၍လည်းဆို
သည်။ ရေစီးသည် အန္တိခရစ်၏နောက်လိုက်(အန္တိခရစ်စစ်တပ်)ကိုဆိုလိုသည်။ ထိုအချိန်လေသည် သဲမုန်တိုင်း
ဖြစ်ပေါ်လာကာ အန္တိခရစ်စစ်တပ်ကိုချေမုန်းလိမ့်မည်။ ဂျုးလူမျိုးများသည် လည်းအန္တရာယ်ကင်းရှင်းစွာဗက်ထ
ရာဒေသသို့ခိုလှုံရန်နေရာ၌ လုံခြုံစွာမေရှိယကြွလာသည်အထိပုန်းရှောင်နေလိမ့်မည်။
၃။ ဘေးဒဏ်ကြီးကာလနောက်ဆုံးပိုင်း (ဗျာ ၁၃-၂၁)
မြွေနဂါးသည် နေကိုဝတ်ထားသောမိန်းမတောသို့ထွက်ပြေးတိမ်းရှောင်သွားသည်ကို သိသောအခါ
လှည့်၍ကျန်ကြွင်းသော မိန်းမအမျိုးတို့ကိုတိုက်ခိုက်လေသည်။ ထိုအခါနဂါးသည်သူ၏အခွင့်အာဏာ၊ စွမ်းအား
နှင့်လုပ်ပိုင်ခွင့်များကိုသားရဲ(အန္တိခရစ်)ကိုအပ်နှင်းပေးလိမ့်မည်။ (ဗျာ ၁၃း၂) အန္တိခရစ်သည်တစ်ပတ်၏ပထမ
ပိုင်း၌ လူအများနှင့်မဟာမိတ်ပြုခဲ့သော်လည်း နောက်ဆုံးပိုင်းတွင် မဟာမိတ်စာချုပ်ကိုချိုးဖောက်ကာဆိုးဝါး
သောဒုစရိုက်မျိုးစုံပြုလာလိမ့်မည်။ (ဒံ ၉း၂၇) ဤသို့ဖြစ်ရခြင်းသည် သူ့ထဲ၌ နဂါးဝင်ရောက်သောကြောင့်
ဖြစ်သည်။ ဗျာ ၁၃ တခန်းလုံးသည် အန္တိခရစ်၏တန်ခိုးနှင့် အခွင့်အာဏာအားဖြင့် မတရားသောဒုစရိုက်အ
ကြောင်းရေးသားထားသည်။
ရှင်ယောဟန်သည် သူဗျာဒိတ်ကျမ်း၌သားရဲတစ်ကောင်သည် ပင်လယ်ထဲမှ ထွက်လာပြီးနောက်သား
ရဲတစ်ကောင်သည် မြေကြီးထဲမှ ထွက်လာသည်ဟု မိန့်မှာထားခဲ့သည်။ ပင်လယ်မှထွက်လာသောသားရဲသည်
ခရစ်တော်ကိုပုန်ကန်တိုက်ခိုက်သော အန္တိခရစ်ဖြစ်ပြီး၊ မြေကြီးထဲမှထွက်လာသောသားရဲသည် သန့်ရှင်းသော
ဝိညာဉ်တော်ကိုဆန့်ကျင်တိုက်ခိုက်သည့် မိစ္ဆာပရောဖက်ဖြစ်သည်။ (သားရဲနှစ်ကောင်အကြောင်းကို အန္တိခရစ်
တော်နှင့် စာတန်သုံးပါးတစ်ဆူအခန်း၌ဆက်လက်လေ့လာပါ။)
၎င်းနောက်ကောင်းကင်တမန်သုံးပါးကို သတင်းဟောပြောဘို့ရန်စေလွတ်လေသည်။ (ဗျာ ၁၄း၆-၁၂)
ပထမကောင်းကင်တမန်သည် ထာဝရဘုရားသခင်အားကြောက်ရွံ့ရိုသေရန်သိတင်းဟောပြောသည်။ ကျေးဇူး
တော်ဧ၀ံဂေလိနှင့် နိုင်ငံတော်ဧ၀ံဂေလိတရားမဟုတ်ပေ။ (တ ၂၀း၂၄၊မ ၂၄း၁၄) အသစ်သောတရားတစ်မျိုးဖြစ်
၍မီးအားဖြင့်စုံစမ်းခြင်းမှ လွတ်မြောက်လာသူများအတွက် ဟောသောသိတင်းကောင်းဖြစ်သည်။ မတရားသော
သူ၊ ဆိုးသောသူများအတွက်တရားစီရင်သောအချိန်ကျရောက်မည့်အကြောင်းဟောသောတရားဖြစ်သည်။
ဒုတိယကောင်းကင်တမန်သည် ဗာဗုလုန်မြို့ပြိုလဲလိမ့်မည်ဟုကြွေးကြော်လေသည်။ ဤအရာသည်
ဗာဗုလုန်အတွက်ကြိုတင်ဟောပြောခြင်းဖြစ်သည်။ ဘုရားသခင်၏အမျက်တော်ခွက်ဖလားခုနှစ်လုံးလောင်း
သည့် အခါ ဗာဗုလုန်မြို့လုံးဝပျက်စီးသွားရလိမ့်မည်။
တတိယကောင်းကင်တမန်သည် သားရဲ၏ရုပ်တုရှေ့မှာဦးချဝတ်ပြုခိုးသူတိုင်းသည် ဘုရားသခင်၏အ
မျက်ဒေါသခွက်ဖလား၌ ယစ်မူးစေပြီးထာဝရမီးအိုင်ထဲသို့ချကာစေဒနာပြင်းထန်စွာထာဝရခံစားရမည့်အကြောင်း
ဟောပြောလေသည်။
ဤအချိန်တွင် ကောင်းကင်နှင့်မြေကြီးပေါ်မှာ ရိတ်သိမ်းခြင်းအမှုစတင်လိမ့်မည်။ ဤနေရာ၌ ရိတ်သိမ်း
ခြင်းသည် အသင်းတော်ကိုဆိုလိုခြင်းမဟုတ်ချေ။ တပါးအမျိုးသားများ၏နိုင်ငံများကိုဆိုလိုခြင်းဖြစ်သည်။ ရိတ်
သိမ်းခြင်းအမှုမှာ ဘုရားသခင်၏အမျက်တော်ခွက်ဖလားသွန်းလောင်းခြင်းမှ စတင်ပြီးအာမေဂဒုန်စစ်ပွဲကြီး၌
အဆုံးသတ်လိမ့်မည်။
ပထမခွက်ဖလား၊ (ဗျာ ၁၆း၁-၂)
ကောင်းကင်တမန်တစ်ပါးက ဤခွက်ကိုသွန်းလောင်းသောအခါ သားရဲ၏ရုပ်တုကိုကိုးကွယ်သူနှင့် သူ၏
အမှတ်တံဆိပ်ရိုက်ခြင်းကိုခံသောသူတို့၌ အလွန်ဆိုးသောအနာစိမ်းပေါက်လိမ့်မည်။ အနာစိမ်းဝေဒနကြောင့် ကျယ်လောင်သောအသံဖြင့် အော်ကြာလိမ့်မည်။ အီဂျစ်ပြည်၌ဖြစ်ခဲ့ဘူးသော ဘေးဒဏ်ထိုအချိန်၌ ပြန်လည်
ပေါ်ပေါက်လိမ့်မည်။ (ထွ ၉း၈-၁၂) သမိုင်း၌ဖြစ်ခဲ့ဘူးသောကြောင့် နောက်ထပ်တဖန်မုချဖြစ်ပေါ်လာလိမ့်မည်။
ဒုတိယခွက်ဖလား၊ (ဗျာ ၁၆း၃)
ဒုတိယကောင်းကင်တမန်က မိမိ၏ခွက်ဖလားကို မြေပေါ်သို့သွန်းလောင်းသောအခါ ပင်လယ်ပေါ်သို့ကျ
ရောက်၍ ရေသည် လူသေ၏အသွေးကဲ့သို့သော အသွေးဖြစ်လာသည်။ပင်လယ်၌ အသက်ရှင်သောရေသတ္တ၀ါ
အားလုံးသေကြေပျက်စီးကုန်သည်။
တတိယခွက်ဖလား၊ (ဗျာ ၁၆း၎-၇)
တတိယကောင်းကင်တမန်က မိမိ၏ခွက်ဖလားကိုမြစ်ရေ၊ ချောင်းအင်းအိုင်ပေါ်သို့သွန်းလောင်းလိုက်
သောအခါ ၎င်းစမ်းရေမှန်သမျှသည် သွေးဖြစ်လာလေသည်။ ဤအရာသည်အီဂျစ်ပြည်၌ဖြစ်ခဲ့ဘူးသောကပ်
ဘေးမျိုးဖြစ်သည်။ (ထွ ၇း၁၉-၂၄) လူများအဘယ်သို့အသက်ရှင်နိုင်မည်နည်း။ သောက်သုံးရေအားလုံးသွေး
ဖြစ်လာ၍ သောက်စရာလုံးဝမရှိချေ။
စတုတ္ထခွက်ဖလား၊ (ဗျာ ၁၆း၈-၉)
ဤခွက်ဖလားကိုကောင်းကင်တမန်က နေပေါ်သို့လောင်းချလိုက်သောအခါ နေသည်လူများကိုလောင်
ရသောအခွင့်ရသည်။ ဤကဲ့သို့လူများကိုလောင်စေသောနေသည် အီဂျစ်ပြည်၌လည်းမဖြစ်ခဲ့ဘူးသောဘေးတစ်
မျိုးဖြစ်သည်။ သို့သော်လည်း ဘေးဒဏ်ကာလ၌ဧကန်အမှန်ဖြစ်လာလိမ့်မည်။ (မာလခိ ၄း၁) ဤကဲ့သို့သော
ပြင်းထန်သည့်ဘေးဒဏ်တွေ့ကြုံသော်လည်း အပြစ်ကိုနောင်တရကြောင်းဝန်ခံသူတစ်ဦးမျှမရှိ။ ပို၍ဘုရားသခင်
၏နာမကိုကဲ့ရဲ့ရှုတ်ချလာကြသည်။
ပဉ္စမခွက်ဖလား၊ (ဗျာ ၁၆း၁၀၊ ၁၁)
ဤခွက်ဖလားကို ကောင်းကင်တမန်က သွန်းလောင်းသောအခါ သားရဲနောက်လိုက်များ၏နိုင်ငံအားလုံး
သည်မှောင်မိုက်အတိဖြစ်လာသည်။ ၎င်းအပြင်အနာစိမ်းကြောင့်လူများသည် ပင်ပန်းအားကြီး၍ မိမိလျှာကိုကိုက်
ဖြတ်ကြလိမ့်မည်။ ဤဘေးဒဏ်သည် အီဂျစ်ပြည်၌ဖြစ်ခဲ့ဘူးသည်။ (ထွ ၁၀း၂၁-၂၃) လူများသည် နေပူလောင်
ခြင်းခံရပြီးနောက်ချက်ချင်းမှောင်အတိဖြစ်သွားရသည်။ ဤဒုက္ခဘေးဒဏ်ကြောင့် ကောင်းကင်ဘုံရှင်ကိုကျိန်ဆဲ
ကြသည်။ မိမိအကျင့်၌ နောင်တရခြင်း လုံးဝမတွေ့ရချေ။
ဆဌမခွက်ဖလား၊ (ဗျာ ၁၆း၁၂)
ဤခွက်ဖလားကို ဥဖရတ်မြစ်ခေါ် ယူဖရေးတီးစ်(Euphrates) မြစ်ပေါ်သို့လောင်းချသောအခါ ၎င်းမြစ်
သည် ခန်းခြောက်သွားသဖြင့် အရှေ့ဘက်ဘုရင်များ(အန္ဒိယ၊ တရုတ်နှင့် ဂျပန်)နှင့် သူတို့စစ်တပ်သည် အာ
မေဂဒုန်ချိုင့်ဝှမ်းစစ်ပွဲကြီး (The great battle of Armageddom) သို့ချီတက်လာရန် အတားအဆီးမရှိဘဲ လာရောက်တိုက်ခိုက်နိုင်သည်။ ဤအချင်းအရာသည် ရှေးကာလ၌ ပင်လယ်နီနှင့်ဂျော်ဒန်မြစ်များကို ခန်း
ခြောက်စေပြီး ဣသရေလလူမျိုးများ လွယ်ကူစွာကူးဖြတ်သွားနိုင်သကဲ့သို့ အနာဂတ်ကာလဘေးဒဏ်ချိန်၌
လည်း ဤသို့ခန်းခြောက်သွားလိမ့်မည်။ ဟေရှာယ ပရောဖက်ကလည်း –
“ထာဝရဘုရားသည်လည်း အဲဂုတ္တုပင်လယ်၏ လျှာကိုဖျောက်ဖျက်တော်မူမည်။ ပြင်းစွာသော လေ
တော်နှင့်တကွ လက်တော်ကိုမြစ်ပေါ်မှာလှုပ်၍၊ ချောင်းခုနှစ်သွယ်ဖြစ်စေခြင်းငှာ၊ ရိုက်ခတ်တော်မူ
သဖြင့် လူတို့သည် ခြေနင်းစီးလျက်ကျော်သွားကြလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တု
ပြည်မှ ထွက်သွားသောအခါ၌ဖြစ်သကဲ့သို့၊ အာရှုရိပြည်၌ ကျန်ကြွင်းသောကိုယ်တော်၏ လူတို့သွားရာ
လမ်းကြီးဖြစ်ရလိမ့်မည်”ဟုရေးသားထားသည်။
လောကီနိုင်ငံများကိုလည်း ညစ်ညမ်းသောဖါးသုံးကောင်က စည်းရုံးပြီး တစ်နေရာတည်း၌ စုစည်းစေ
လိမ့်မည်။ ဤညစ်ညမ်းသောဖါးသုံးကောင်သည် မြွေပါးစပ်မှ၎င်း၊ သားရဲပါးစပ်မှ၎င်း၊ မိစ္ဆာပရောဖက်ပါးစပ်မှ၎င်း
အသီးသီးထွက်လာသောဖါးများဖြစ်သည်။ (ဗျာ ၁၆း၁၃-၁၆) သူတို့သည် ထိုအချိန်၌ နတ်ဆိုး၏၀ိညာဉ်နှင့်လှည့်
ဖြားတတ်သော စိတ်ဝိညာဉ်(၁တိ ၄း၁) များဖြစ်ပြီး ဘုရင်အာဟဒ်မင်းအား လိမ်ညာပြောဆိုသော ၀ိညာဉ်များ
လည်းဖြစ်သည်။ (၃ရာ ၂၂း၂၀-၃၈)
သတ္တမခွက်ဖလား၊ (ဗျာ ၁၆း၇-၂၁)
သတ္တမ ခွက်ဖလားကို သွန်းလောင်းသောအခါ ကောင်းကင်မှ ကြီးစွာသောအသံသည် လက်ဝါးကပ်
တိုင်ပေါ်မှာအသံကြီးဖြစ်သော “အမှုပြီးပြီ”ဟူသောအသံကဲ့သို့ပလ္လင်တော်မှထွက်လာလေသည်။ ၎င်းနောက်
ပြင်းထန်သောမြေငလျင်လှုပ်ခြင်း၊ မိုးချုန်းခြင်း၊ လျှပ်စစ်လျှပ်ခြင်းတို့ဖြစ်ပေါ်လာသည်။ ဆယ်နိုင်ငံပြည်ထောင်
စုအတွင်းရှိမြို့ကြီးများသည် ငလျင်ဒဏ်ကြောင့် လွန်စွာပျက်စီးသွားရလိမ့်မည်။ ဤငလျင်ဘေးဒဏ်ကြီးအ
ကြောင်းကို ယေဇကျေလကျမ်း၌လည်း ပရောဖက်ပြုထားသည်။ (ယေဇ ၁၄း၎-၅)
သည် အီဂျစ်ပြည်၌ဖြစ်ခဲ့သောဘေးပင်ဖြစ်သည်။ (ထွ ၉း၁၃-၃၅) ဤမိုးသီးသည် ဘုရားသခင်၏လက်နက်
လည်းဖြစ်သည်။ ဓမ္မဟောင်းအချိန်၌ ဘုရားသခင်သည် ဗေဟောရုန်တောင်(Bethhoron)ပေါ်၌ဣသရေလ
ဘက်မှနေ၍ မိုးသီးများအားဖြင့် ရန်သူများကို တိုက်ခိုက်ချေမှုန်းပေးခဲ့သည်။ (ယောရှု ၁၀း၁၁) ဘေးဒဏ်ကြီး
ကာလ၌လည်း ဣသရေလကိုသတ်သောရန်သူကို မိုးသီးအားဖြင့် ဘုရားသခင်ကဂလဲစားချေမည်ဖြစ်သည်။
ပညတ်တရားခေတ်၌ မတရားသော ကျိန်ဆဲသူများကို ခဲဖြင့် ပစ်၍အဆုံးစီရင်လေသည်။ (တရား ၂၄း၁၆)
ထို့နောက်နောက်ဆုံးသောကာလတွင်လည်း မတရားကဲ့ရဲ့ရှုတ်ချပြီး ကျိန်ဆဲသောသူများကို ခဲကဲ့သို့သောမိုး
သီးများအားဖြင့် အဆုံးစီရင်လိမ့်မည်။
၎င်းအပြင်ဘေးဒဏ်ခုနှစ်မျိုးသည် ခွက်ဖလားခုနှစ်ခုမှစပြီး အာမေဂဒုန်စစ်ပွဲအထိဖြစ်သည်။ (ဗျာ ၁၇-
၁၈) ဤဘာသာရေးအဖွဲ့ချုပ်ပျက်စီးသွားရခြင်းအကြောင်းကို ရေးသာထားလေသည်။ ၎င်းကို“လျှို့ဝှက်သော
ဗာဗုလုန်မြို့ကြီး”ဟုခေါ်ဝေါ်လေသည်။ သမ္မာကျမ်း၌သမုတ်ခြင်းခံရသောအရာအားလုံးသည် ရှေးယခင်၌ပေါ်
ပေါက်ခဲ့ဘူးသော တရားများသာဖြစ်သည်။ (ဤအကြောင်းအသေးစိတ်ကို ဗာဗုလုန်မြို့တော်ကြီးအခန်း၌ ဖတ်
ရှုပါ။)
အာမေဂဒုန်စစ်ပွဲ (ဗျာ ၁၉း၁၁-၂၁)
ဘေးဒဏ်ကြီးကာလ၏ နောက်ဆုံးသောအချိန်တွင် အလွန်ကြီးမားသောပြင်းထန်သောစစ်ပွဲမှာ အာမေဂဒုန်စစ်ပွဲဖြစ်လိမ့်မည်။ မသန့်ရှင်းသောညစ်ညမ်းသောဝိညာဉ်သုံးပါးသည် အရှေ့နှင့်အနောက်နိုင်ငံများ
မှ စစ်ဗိုလ်ချုပ်ကြီးများကို စည်းရုံးစုစည်းလိမ့်မည်။ အာမေဂဒုန်ချိုင့်ဝှမ်းသည် ပါလက်စတိုင်းပြည်အလယ်ပိုင်း
၌ရှိသည်။ ၎င်းချိုင့်ဝှမ်းဒေသတွင် စစ်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့ဘူးသောဒေသဖြစ်သည်။ အနာဂတ်ကာလ၌ ဖြစ်ပွား
မည့်စစ်ပွဲကြီးသည် အန္တိခ၇စ်နောက်လိုက်သောစစ်ဗိုလ်ချုပ်၏တပ်များနှင့် ခရစ်တော်နှင့် ကောင်းကင်ဗိုလ်ခြေ
တို့ဆင်နွဲမည့်အလွန်ကြောက်မက်ဘွယ်ရာကြီးကျယ်သောစစ်ပွဲကြီးဖြစ်လေသည်။ စစ်ပွဲကာလသည် ရိတ်သိမ်း
သည့်ကာလဖြစ်သည်။ (ဗျာ ၁၄း၁၅) အချိန်ကာလဖြစ်သည် အန္တိခရစ်စစ်တပ်သည် ယေရုရှလင်မြို့ကိုသိမ်းပိုက်
ခါနီးအချိန်တွင် ဖြစ်ပွားလိမ့်မည်။ ပရောဖက်ဇာခရိကလည်း –
“ထာဝရဘုရားနေ့ရက်ရောက်သောအခါ…. ယေရှုရှလင်မြို့ကိုတိုက်စေခြင်းငှာ၊ လူမျိုးအပေါင်းတို့ကိုငါစု
ဝေးမည်။….. စစ်တိုက်ရာကာလ၌ တိုက်သကဲ့သို့ထိုလူမျိုးတို့ကိုတိုက်သွားတော်မူမည်”
ဟုကြိုတင်ပရောဖက်ပြုထားလေသည်။ (ဇာ ၁၄း၁-၃)
ဤစစ်ပွဲအကြောင်းကို ဗျာ ၁၉း၁၁-၂၁တွင်အသေးစိတ်ရှင်းလင်းစွာရေးသားထားသည်။ သခင်ယေရှု
ဘုရားပထမအကြိမ်ဘုရင်အနေဖြင့် ယေရုရှလင်မြို့သို့ကြွလာသောအခါ မြည်းကလေးကိုစီးလျက်ကြွလာခဲ့
သည်။ (မ ၂၁း၁-၁၁) သို့သော်လည်း ဤဒုတိယအကြိမ်ဘုရင်အဖြစ်အုပ်စိုးရန်မြင်းဖြူစီးလျက်ကြွလာလိမ့်မည်။
သူ၏မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်သည်။ ခေါင်းပေါ်၌သရဖူများကိုဆောင်းထားသည်။ အသွေး၌နှစ်ပြီးသော
အ၀တ်ကိုဝတ်ထားသည်။ ၎င်းအသွေးသည် ရန်သူများ၏အသွေးဖြစ်သည်။ ပရောဖက်ဟေရှာယကလည်း –
“တင့်တယ်သောအ၀တ်တန်ဆာဆင်ခြင်း၊ ကြီးသောတန်ခိုးကြောင့် ၀ါကြွားခြင်းရှိ၍၊ ပန်းဆိုးသောအ
ဝတ်ကိုဝတ်လျက်၊ ဧဒုံပြည်ဗောဇရမြို့မှလာသောဤသူကားအဘယ်သူနည်း၊ ဖြောင့်မတ်ခြင်းတရားကို
ဟော၍ ကယ်တင်ခြင်းငှါတန်ဖိုးကြီးသောငါပေတည်း” ကိုယ်တော်သည် အဘယ့်ကြောင့်နီသောအ၀တ်
ကိုဝတ်သနည်း။ အ၀တ်တော်သည် စပျစ်သီးကိုနင်းနယ်သော သူ၏အ၀တ်နှင့် အဘယ့်ကြောင့်တူပါသ
နည်း။
စပျစ်သီးကို ငါတစ်ယောက်တည်းနင်းနယ်ရပြီ၊ လူများအထဲကတစ်ယောက်မျှမပါ၊ သူတို့ကိုငါအမျက်
ထွက်၍ ကျော်နင်းပြီး၊ ပြင်းစွာအမျက်ထွက်၍ နှိမ်နင်းပြီ။ သူတို့သည်အသွေးသည်ငါ့အ၀တ်ပေါ်မှာဖျန်း
လျက်ရှိပြီ၊ ငါအ၀တ်တန်ဆာရှိသမျှကိုငါဆိုးပြီ။ အပြစ်ပေးသောနေ့ရက်ကိုငါအောင့်မေ့ပြီ။ ငါရွေးနှုတ်
သောသူတို့၏ နှစ်သည်ေ၇ာက်လာပြီ။ ငါကြည့်ရှု၍မစသောသူမရှိ။ မှိုင်တွေသော်လည်း ထောက်ပင့်
သောသူမရှိ။ ထို့ကြောင့်ကိုယ့်လက်သည် ကိုယ့်အဘို့ကယ်တင်ခြင်းကိုပြပြီ။ ကိုယ်ဒေါသအမျက်သည်
ကိုယ်ကိုထောက်ပင့်ပြီ။ လူများကိုအမျက်ထွက်၍ ကျပ်ကျပ်နှိမ်နှင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်
ပြီ”ဟု ရေးသားထားသည်။ (ဟေ ၆၃း၁-၆)။
ဤအပိုဒ်သည် ခရစ်တော်ယေရှုဘုရားလက်ဝါးကပ်တိုင်ပေါ်၌ အသေခံခြင်းကိုဆိုလိုသည်မဟုတ်၊ နောက်ဆုံး
သောကာလဘေးဒဏ်ကြီးအချိန်တွင် အန္တိခ၇စ်ကို တိုက်ခိုက်ချေမှုန်းသည့်အကြောင်းအရာကို ရည်ညွှန်း၍
ပရောဖက်ပြုထားခြင်းဖြစ်သည်။
သခင်ယေရှုဘုရားလက်ဝါးကပ်တိုင်ပေါ်၌အသေခံခြင်းတွင် ဂလဲ့စားချေလိုသောစိတ်ထားလုံးဝမရှိခဲ့
ပေ။ သူကသူတို့ကိုခွင့်လွတ်ပေးပါ။ သူတို့ပြုသောအမှုကိုသူတို့မသိပါဟူ၍ မိန့်ကြားခဲ့သည်။ အန္တိခရစ်အပေါ်
၌ဂလဲ့စားချေခြင်းသည် ဣသရေလအပေါ်၌ညှင်းပန်းနှိပ်စက်သောကြောင့်သာဖြစ်သည်။
ဂလဲ့စားချေခြင်းသည် ထာဝရဘုရား၏အမျက်တော်တည်းဟူသောစပျစ်သီးမှည့်များနယ်ရာတန်ဆာ
၌စပျစ်သီးကိုဖိနင်းသည်ဟုဆိုသည်။ တမန်တော်ရှင်ယောဟန်သည် ၎င်းမှစီးထွက်လာသောသွေးကိုမြင်ခဲ့ရ
သည်။ (ဗျာ ၁၉း၁၄-၂၀) ဤအချင်းအရာသည် အမျက်တော်ခွက်ဖလားသတ္တမခွက်ဖလားမသွန်းလောင်းမှီ
ဖြစ်ပျက်သောအရာကိုမြင်သည့် ရူပါရုံဖြစ်သည်။ ဗျာဒိတ်ကျမ်း၌ –
“မီးကိုအစိုးရသော ကောင်းကင်တမန်တစ်ပါးသည် ယဇ်ပလ္လင်ထဲကထွက်၍ ထက်သောတံစဉ်ပါသော
သူကိုကြီးစွာသောကြွေးကြော်ခြင်းနှင့် ခေါ်လျက်သင်၏ထက်သောတံစဉ်ကိုလွှတ်၍ မြေကြီး၏စပျစ်သီး
ပြွတ်ကိုရိတ်သိမ်းလော့။ အသီးမှည့်ပြီဟုပြောဆို၏။ ကောင်းကင်တမန်သည် မိမိတံစဉ်ကိုမြေကြီး၌သွင်း
၍ မြေကြီး၏စပျစ်သီးကို ရိတ်သိမ်းပြီးမှဘုရားသခင်၏အမျက်တော်တည်းဟူသော နယ်ရာတန်ဆာကြီး
ထဲသို့ချလေသည်။ မြို့ပြင်၌နယ်ရာတန်ဆာကိုဖိနင်း၍ အသွေးသည်တစ်ဆယ်ခြောက်ယူဇနာခရီးတစ်
လျှောက်လုံး၌ မြင်းဇက်ကြိုးကိုမှီသည့်တိုင်အောင်နယ်ရာတန်ဆာထဲကထွက်လေ၏”
ဟုရေးသားထားလေသည်။ (ဗျာ ၁၉း၁၈-၂၀)
ဗျာဒိတ်ကျမ်း၌ ဤအရိပ်ကိုဆင်ခြင်ကြည့်သောအခါ အန္တိခရစ်၏နောက်လိုက်များသည် ပါလက်စတိုင်း
တစ်ပြည်လုံး၌ ပြည့်နေသောကြောင့် သွေးသည်လည်း ဤမျှလောက်ထွက်ပေါ်လာသည်ဟုသိရှိရသည်။ တောင်ပေါ်ချိုင့်ဝှမ်းအားလုံး၌ သွေးများဖြင့်စွန်းထင်းနေပေလိမ့်မည်။ ဟေရှာယ၌လည်း –
“အိုလူမျိုးတို့၊ သင်တို့သည်သေခံရသောသူတို့ကို အပြင်သို့ပစ်လိုက်သဖြင့် အသေကောင်တို့သည်နံ
စော်၍ သူတို့၏အသွေးဖြင့် တောင်တို့သည် အ၇ည်ဖြစ်ကြလိမ့်မည်။…… ထာဝရဘုရားဒဏ်ပေးသောနေ့…..
အပြစ်ပေးသောနှစ်ေ၇ာက်လာပြီ” ဟုရေးသားထားလေသည်။ (ဟေ ၃၄း၁-၈) ဗျာဒိတ်ကျမ်း၌လည်း –
“ကောင်းကင်တမန်တစ်ပါးသည် နေထဲမှာရပ်လျက်နေသည်ကိုငါမြင်၏။ သူသည်ကောင်းကင်၌
ပျံနေသောငှက်အပေါင်းတို့ကို ကြီးသောအသံနှင့် ခေါ်၍လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊
သူရဲအသား၊ မြင်းအသား၊ မြင်းစီးသူအသား၊ အမျိုးမျိုးသောလူတို့၏ အသားကိုစားအံ့သောငှါကြီးမြတ်သော
ဘုရားသခင်၏ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်လေ၏” ဟုရေးသားထားလေသည်။ (ဗျာ ၁၉း၁၇-၁၈)
ဤကိစ္စကြီးနှင့် ပါတ်သက်၍ ဓမ္မဟောင်းကျမ်း၌လည်း ဤသို့ရေးသားထားသည်ကိုတွေ့ရသည်။ ယေဇကျေလကျမ်း၌ –
“အချင်းလူသား၊ အရှင်ထာဝရဘုရား၏အမိန့်တော်ကို အမျိုးမျိုးတို့နှင့် မြေတိရိစ္ဆာန်ခပ်သိမ်းတို့အား ဆင့်ဆိုရမည်မှာ ၊ စည်းဝေး၍လာကြလော့။ ဣသေ၇လတောင်ပေါ်တို့အပေါ်မှာ သင်တို့အဘို့ငါစီရင်သောပွဲ
ကြီးသို့အရပ်ရပ်တို့ကစည်းဝေး၍ အသား၊ အသွေးကိုသောက်စားခြင်းငှါ လာကြလော့။ သင်တို့သည် အား
ကြီးသောသူတို့၏အသား လောကီမင်းတို့၏အသွေး၊ ဗာရှန်ပြည်၌ ဆူအောင်ကျွေးသောသိုးထီး၊ ဆိတ်ထီး၊
နွားလားဥဿဘတို့၏အသားအသွေးကို သောက်စားရကြလိမ့်မည်။ သင်တို့သည် ငါစီရင်သောယဇ်ပွဲ၌ ဆီဥ
ကိုဝစွာစားရကြလိမ့်မည်။ အသွေးနှင့် ယဇ်မူးသည့်တိုင်အောင် သောက်ရကြလိမ့်မည်။ ထိုသို့စားပွဲ၌မြင်း၊ မြင်း
စီးသူရဲ၊ ခွန်အားကြီးသောသူ၊ စစ်တိုက်သောသူအမျိုးမျိုးတို့ကို ၀စွာစားရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား
မိန့်တော်မူ၏”ဟုရေးသားထားလေသည်။ (ယေဇ ၃၉း၁-၂၂)
ဣသရေလလူမျိုးများသည် ခုနှစ်လတိုင်အောင်လူသေအလောင်းများကိုမြုပ်နှံရကြလိမ့်မည်။ လက်
နက်ကိရိယာများသည် ထင်းအဖြစ်အသုံးပြုလျက် တော၌သစ်ပင်ခုတ်၍ ထင်းအဖြစ်သုံးစရာမလိုတော့ချေ။
ဗျာ ၁၉း၂၀ ၌မိုးကောင်းကင်၌ ပျံနေသောငှက်အပေါင်းတို့ကိုခေါ်ဖိတ်လိမ့်မည်ဟုရေးသားထားလေသည်။
ယေရှုခရစ်တော်ကလည်း – “အသေကောင်ရှိရာသို့ရွှေလင်းတသည်စုဝေးကြလတံ့” ဟုမိန့်ဆိုထားသည်။ ဤ
ရေလင်းတသည်အသေကောင်ကို စားသောရေလင်းတတစ်မျိုးဖြစ်သည်။ ဟေဗြဲဘာသာ၌ ရွှေလင်းတနာ
မည် အဓိပ္ပါယ်မှာလည်း“အသေကောင်စားသောငှက်”ဟူ၍ဖြစ်သည်။
လောကီရှင်ဘုရင်နှင့်တပ်များအားလုံးကိုလည်းခရစ်တော်၏တန်ခိုးကြီးသော ဓါးအားဖြင့်ချေမုန်းခြင်းခံရ
လိမ့်မည်။ ဤဓါးသည်သန့်ရှင်းသောဝိညာဉ်တော်၏ဓါးကိုမဆိုလိုပေ။ ၀ိညာဉ်တော်၏ဓါးသည် ကယ်တင်ခြင်း
အမှုပြုသောဓါးဖြစ်သည်။ သို့သော်ခရစ်တော်၏ဓါးသည် ရန်သူများအားအံ့သြဖွယ်ရာအမှုပြုသောအားဖြင့် ဖျက်
ဆီးလိမ့်မည်။ ဓမ္မဟောင်းခေတ်ကာလ၌ ဣသရေလလူမျိုးများအား ဘုရားသခင်၏တိုက်ခိုက်ကူသောအခါ မိုး
သီးများအားဖြင့် ချေမုန်းသကဲ့သို့ ဘေးဒဏ်ကာလ၌လည်း ထိုသို့ကူညီမစတော်မူလိမ့်မည်။ (ယောရှု ၁၀း၁-၁၁)
အာမေဂဒုန်စစ်ပွဲသည် ကမ္ဘာမြေကြီးပေါ်၌ နောက်ဆုံးသောစစ်ပွဲကြီးဖြစ်လေသည်။ ဤစစ်ပွဲဖြစ်မည်ကို
သံသယစိတ်ရှိစရာမလိုပေ။ မိုးကောင်းကင်ငှက်များနှင့် တောရိုင်းတိရိစ္ဆာန်များကိုလည်း ခေါ်ဖိတ်စုဆောင်းသ
ထားသဖြင့် ပို၍ပင်သေချာကြောင်းယုံကြည်နိုင်သည်။ အန္တိခရစ်နှင့်သူ၏တပ်များမဆုံးရှုံးမှီ သားရဲနှင့် မိစ္ဆာပရော
ဖက်များကို အရှင်လတ်လတ်ဖမ်းချုပ်ပြီး ကန့်နှင့်လောင်သော ထာဝရမီးအိုင်ထဲသို့ချပစ်လိမ့်မည်။ သူတို့သည်
ကိုယ်ခန္ဓာရုပ်ဝတ္ထုမရှိသောစွမ်းအင်နှင့် စနစ်များမဟုတ်ပေ။ ကိုယ်ခန္ဓာရှိသော ဧနောက်နှင့် ဧလိယကို မိုး
ကောင်းကင်သို့ချီဆောင်သကဲ့သို့၊ ကိုယ်ခန္ဓာရှိသောသားရဲအန္တိခရစ်နှင့် မိစ္ဆာပရောဖက်နှစ်ပါးကို အရှင်ဖမ်းဆီး
ပြီးမီးအိုင်သို့ချပစ်လိမ့်မည်။ စာတန်ကိုကောင်းကင်တမန်များကသံကြိုးများနှင့် ချည်နှောင်၍ အောက်ခြေမရှိ
သောတွင်းနက်ကြီးထဲတွင် အနှစ်တစ်ထောင်ချည်နှောင်ခြင်းခံ၍ ချုပ်ထားလိမ့်မည်။
အန္တိခရစ်ကို မီးအိုင်ထဲသို့ မချမှီ စာတန်သည်လည်း ကိုယ်ခန္ဓာအဖြစ်ဖေါ်ပြလိမ့်မည်။ ဤစစ်ပွဲပြီးစီး
သောအခါ သူ့ကိုချည်နှောင်ပြီးလျှင် ဘေးဒဏ်ကြီးကာလသည်လည်းကုန်ဆုံးသွားလိမ့်မည်။
Be the first to comment
Leave a Reply
Your email address will not be published.
*